အယ်ဒီတာ
ဒီပေးစာကို ရခိုင်သတင်းဌာနက နိုင်ငံတော် လူကြီးများ သိစေရန် ဓါတ်ပုံတွေနဲ့ တကွ ဖေါ်ပြပေးစေလိုပါတယ်။
ကျွန်တော်တို့ ရခိုင်ပြည်နယ် ကျောက်တော်မြို့ ဂစ္ဆပ နဒီမြစ်ကမ်းခြေဟာ အလွန်သာယာလှတဲ့ အပန်းဖြေရာ နေရာတစ်ခု ဖြစ်ပါတယ်။ အခု အခါ မြစ်ကမ်း နဘေးမှာ ဈေးဆိုင်ခန်းများ အပါအ၀င် အမိုက်တွေနဲ့ ရှုပ်ပွနေတဲ့ အတွက် မြစ်ကမ်းနဘေးတွင် အပန်းဖြေသူ၊ ခရီး သွားလာ သူများ အတွက် အထူး ထိခိုက် နေပါတယ်။ မြစ်ကမ်း နဘေးသို့ သွားရာလမ်း မရှိတော့ပါ။ မြို့သူ မြို့သားများဟာ မြစ်ရေကို အ သုံးပြုနေကြ ရ ပါသဖြင့် အခုလို ဆိုင်ခန်းတွေမှ အညစ်အကြေးများဟာ မြစ်သို့ တိုက်ရိုက် ရောက်နေတဲ့ အတွက် မြို့သူ သားများရဲ့ ကျန်း မာရေးနဲ့ သဘာဝ ပတ်ဝန်းကျင်ကိုလည်း ထိခိုက်နေပါတယ်။ ကျောက်တော်မြို့ စည်ပင်သာယာရေး ရုံးသို့ ငွေပေးသွင်းရုံမျှနဲ့ မြစ် ကမ်း နဘေး မည်သည့် နေ ရာမှာ မဆို ဆိုင်ခန်းတွေ ဆောက်လုပ်နိုင်ပါတယ်။ သို့သော် ထိုငွေတွေဟာ နိုင်ငံတော် ဘဏ္ဍာငွေတွေ အ ဖြစ်သို့မရောက်ရှိဘဲစည်ပင်ဝန်ထမ်း များသာ ကိုယ်ကျိုး အတွက် ခံစားခွင့် ရှိနေကြပါတယ်။ သို့ဖြစ်ပါ၍ ဂစ္ဆပ နဒီ မြစ်ကမ်း အလှနဲ့ ဘ ဘာဝ ပတ်ဝန်းကျင်ကို ထိမ်းသိမ်းပေးပါရန် အထက် လူကြီးများကို လေးစားစွာဖြင့် တင်ပြအပ်ပါတယ်။
တာဝန်သိကျောက်တော်သားတစ်ဦး။

No comments:
Post a Comment