Tuesday, January 15, 2013

အဓမ္မပြုကျင့်ပြီး တိုက်ပေါ်မှ ပစ်ချခံခဲ့ရ၍ သေဆုံးသူအတွက် နစ်နာကြေး မရရှိသေး

ရိုးမ ၃

ပြီးခဲ့သည့်နှစ် သြဂုတ်လ ၄ ရက်နေ့က ထိုင်းလူမျိုးတဦး၏ အဓမ္မပြုကျင့်ပြီး ၅ ထပ်တိုက်ပေါ်မှ ပစ်ချခံခဲ့ရ၍ သေဆုံးခဲ့သူ မြန်မာအလုပ်သ မအ တွက် မြန်မာသံရုံးမှ လိုက်လံကူညီနေသည်ဆိုသော်လည်း ယနေ့အချိန်ထိ နစ်နာကြေးငွေ တစုံတရာ မရရှိသေးကြောင်း သေဆုံး သူ၏ခင် ပွန်းဖြစ်သူက ပြောသည်။

ထိုင်းနိုင်ငံ၊ နတ်ခွန်ပထုန်ပြည်နယ်၊ အမ်ဖန်းမြို့နယ်၊ စိုင်းဟကြက်သားစက်ရုံတွင် အလုပ်လုပ်ကိုင် နေသောမစန်စန်းဝင်းသည် ၂-၈-၁၂ ရက် နေ့တွင် ညဘက်အလုပ်ဆင်းရ၍ ၎င်းတို့နေထိုင်ရာ တိုက်ခန်းတွင် နေ့လည် (၂) နာရီခန့်တွင် တယောက်တည်းအိပ်စက်နေစဉ် အသက် ၂၅ နှစ်အရွယ်ရှိ ထိုင်းလူမျိုး အလှူခံတဦးက အဓမ္မပြုကျင့်၍ ၅ ထပ်တိုက်ခန်းပေါ်မှ ပစ်ချခြင်း ကို ခံခဲ့ရသည်။

အခင်းဖြစ်ပွားပြီးနောက် မစန်းစန်းဝင်းအား သက်ဆိုင်ရာက မဟာချိုင် (၂) ဆေးရုံသို့ ပို့ဆောင်ပေး ပြီး ဆေးကုသမှုခံယူနေစဉ် ၄-၈-၁၂ ရက် နေ့ ည (၇) နာရီကျော်တွင် သေဆုံးသွားခဲ့ပါသည်။ သေဆုံးချိန်တွင် ခင်ပွန်းသည် ကိုအောင် ခင်ဦးနှင့် သမီးဖြစ်သူ မသဲစုအောင်တို့ ကျန်ရစ် ခဲ့ သည်။

မစန်းစန်းဝင်း သေဆုံးပြီးနောက် ဘန်ကောက်ရှိ အလုပ်သမားအဖွဲ့အစည်များနှင့် မြန်မာသံရုံးတို့၏ ကူညီမှုဖြင့် သင်္ဂြိုဟ်ခဲ့ရကြောင်း ခင် ပွန်း ဖြစ်သူ ကိုအောင်ခင်ဦးက ပြောပြသည်။


သေဆုံးမှုနှင့်ပတ်သက်၍ ထိုင်းအစိုးရဌာနများဘက်မှ သေဆုံးမှုနှင့် နစ်နာကြေး လျော်ကြေးငွေပေးရန်ကိစ္စကို မြန်မာသံရုံးမှ အလုပ်သ မား ရေး ရာတာဝန်ခံဖြစ်သူ ဦးကျော်ကျော်လွင်မှတစ်ဆင့် စီစဉ်ပေးဆောင်မည်ဟု သိရှိရကြောင်း သူက ဆက်ပြောသည်။

“အမှုဖြစ်စကတော့ ဦးကျော်ကျော်လွင်က လျော်ကြေးငွေရအောင် သူကူညီမယ်တဲ့၊ သူ့ကို အဆက် အသွယ်လုပ်ဖို့လည်းပြောတယ်။အခု ဆက် သွယ်စုံစမ်းကြည့်တော့ ဖုန်းမကိုင်တော့ဘူး” ဟု ကိုအောင်ခင်ဦးက ပြောသည်။

ယခုအချိန်တွင် လျော်ကြေး နစ်နာကြေးငွေ ရရှိရေးအတွက် လိုက်လံဆောင်ရွက်ပေးနေသူ မြန်မာသံရုံးမှ ဦးကျော်ကျော်လွင်က ဆက် သွယ် စုံစမ်းမှုကို ရှောင်တိမ်းနေသဖြင့် ထိုနစ်နာကြေးငွေ ရမရကို သေသေချာချာ မသိရသေးကြောင်း၊ ဆက်သွယ်စုံစမ်းမှုကို ဦးကျော် ကျော်လွင် က ရှောင်တိမ်းနေခြင်းသည် သံသယဖြစ်ဖွယ်ဖြစ်ကြောင်းနှင့် အဆိုပါအမှုကိစ္စအား သက်ဆိုင်ရာ တာဝန်ရှိသူများမှ အရေးယူ ဆောင်ရွက် ပေး စေလိုကြောင်း ကိုအောင်ခင်ဦးက ဆက်လက်ပြောဆိုခဲ့သည်။

No comments: