သာလွန်ဇောင်းထက်
အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) က နေ့စဉ်ထုတ် သတင်းစာ ထုတ်ဝေရန်ပြင်ဆင်နေပြီဖြစ်ကြောင်း အ ဆိုပါ ပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးက ပြောသည်။
နေပြည်တော်ရှိ ကြံ့ခိုင်ရေးပါတီ ဌာနချုပ်ရုံးတွင် ဇန်န၀ါရီလ ၁၇ ရက်နေ့က ဧရာဝတီသတင်းဌာနနှင့် သီးသန့်တွေ့ဆုံစဉ် ဦးဌေးဦးက ယင်း သို့ ထုတ်ဖော်ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ပြန်ကြားရေးဝန်ကြီးဌာနက ၁၉၆၂ ခုနှစ် ပုံနှိပ်အက်ဥပဒေဖြင့် ပုဂ္ဂလိကသတင်းစာများ ထုတ်ဝေခွင့်ပြုမည်ဖြစ်ပြီး ဧပြီလ ၁ ရက်နေ့မှ စ တင် ခွင့်ပြုသွားမည်ဟု ထုတ်ပြန်ကြေညာပြီးနောက်ပိုင်း ကြံ့ခိုင်ရေးပါတီ အနေနှင့်လည်း သတင်းစာ ထုတ်ဝေနိုင်ရေး ပြင်ဆင်လျက်ရှိ ကြောင်း ဦး ဌေးဦးက ပြောသည်။
“ပြင်ဆင်နေပါတယ်။ ကျနော်တို့မှာ ဌာနရှိတယ်။ ပညာရေးဌာနကဦးစီးပြီးလုပ်နေကြတယ်။ သတင်း စာထုတ်ဖို့ နဂိုကတည်းက ရည်မှန်း ချက် ရှိတယ်။ ပါတီရဲ့အာဘော်ကို လူထုကြားမှာ ပျံ့နှံ့အောင် သတင်းစာ ထုတ်မယ်ဆိုပြီးတော့ ရည်းမှန်းချက်ရှိတယ်။ ပါတီအာဘော်ချည်းပဲ သ တင်းစာထုတ်ရင်ရော အောင်မြင်ပါ့မလား၊ လူထုလက်ခံပါ့မလား၊ ဒါလည်းရှိပါတယ်။ သတင်းစာဆိုတာ သိပ်ကျယ်ပြန့်တယ်။ဂျာနယ်တို့ မဂ္ဂ ဇင်းတို့နဲ့တောင် မတူဘူး” ဟု ဦးဌေးဦးက ဆိုသည်။
အတိုက်အခံ နိုင်ငံရေးပါတီကြီးတခုဖြစ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း အပတ်စဉ်ထုတ်ဝေနေသော ဒီလှိုင်းဂျာနယ်ကို နေ့စဉ် ထုတ် သတင်းစာအဖြစ် အသွင်ပြောင်း ထုတ်ဝေမည်ဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ထားရာ ပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာများ နှင့်အ တူ နိုင်ငံရေးပါတီများမှ ထုတ်ဝေသော သတင်းစာများပါ အပြိုင်အဆိုင် ထွက်ရှိလာမည်ဖြစ်သည်။
နေ့စဉ်ထုတ် သတင်းစာ ထုတ်ဝေရာတွင် ပါတီဝင်များသာမက ပြင်ပမှ ကျွမ်းကျင်သူများကိုလည်း ခေါ်ယူလုပ်ကိုင်သွားမည် ဖြစ်ကြောင်း၊ နေ့စဉ်ထုတ် သတင်းစာအဖြစ် လူထုကြားတွင် အောင်မြင်ရေးသည် စိန်ခေါ်မှုများစွာရှိနေကြောင်း ဦးဌေးဦးက ဆိုသည်။
“ကျွမ်းကျင်တဲ့သူနဲ့ လုပ်ရမှာပဲ။ ပါတီဝင် ဟုတ်ချင်လည်း ဟုတ်မယ်၊ မဟုတ်ချင်လည်း မဟုတ်ဘူး။ ကျွမ်းကျင်တဲ့သူတော့ ပါမှာပေါ့။ နေ့စဉ် သွားရတဲ့အထဲမှာ ပြည်သူတွေကို ဘယ်လို အချက်အလက်တွေကို ပေးမှာလဲ။ဒါကလည်းနောက် ကျသွားရင်အဖိုးမတန်တော့ဘူး။ ဒါကြောင့် ပြည်သူတွေကို ဦးဦးဖျားဖျား သူသိချင်တဲ့ ဥစ္စာတွေ ဘယ်လိုပေးမလဲ၊ ပြည်သူတွေ သိချင်တာ တွေ ဘယ်လိုဖော်ပြမလဲဆိုတာ သိပ်ပြီးတော့ ခက်ခဲတယ်။ သတင်းစာထုတ်တာ အပြောသာ လွယ်တာ၊ အလုပ်က ခက်ခဲတယ်။ ဒါ ကြောင့် ကျနော်တို့ ကြိုးစားနေတယ်” ဟု ဦးဌေးဦးက ပြောသည်။
ကြံ့ခိုင်ရေးပါတီအနေနှင့် စက်သုံးဆီ အရောင်းဆိုင်များ အပါအ၀င် စီးပွားရေးလုပ်ငန်းများ ထပ်မံတိုးချဲ့ရန် အစီအစဉ်ရှိ၊ မရှိ ဧရာဝတီသ တင်း ဌာနက မေးမြန်းရာ ဦးဌေးဦးက အဓိကအားဖြင့် ပါတီဝင်များ၏ အသင်းဝင်ကြေး၊ လှူဒါန်းငွေနှင့် စီးပွားရေးလုပ်ငန်းတချို့မှ ရရှိသော ၀င်ငွေ များဖြင့် ပါတီလုပ်ငန်းနှင့် ပြည်သူ့ရေးရာဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး အကျိုးအမြတ်ငွေရှာသော စီးပွားရေးကုမ္ပဏီ ကဲ့သို့ ဆောင်ရွက်နေခြင်း မဟုတ်ကြောင်း၊ ယခင်က ဘဏ်လုပ်ငန်းလုပ်ကိုင်ရန် စိတ်ကူးခဲ့သော်လည်း အကောင်အထည် မဖော်ဖြစ်ခဲ့ ကြောင်း ဦး ဌေးဦးက ဖြေကြားသည်။
“ပါတီစီးပွားရေးနဲ့ ပတ်သက်လို့ကတော့ ဆီဆိုင်တွေကိစ္စ မှန်ပါတယ်။ ဆီဆိုင်တွေကို ကိုယ်တိုင် ဦး စီးပြီး မလုပ်နိုင်ပါဘူး။ မလုပ်နိုင်တဲ့အတွက် ကျွမ်းကျင်တဲ့သူတွေနဲ့ ပေါင်းစပ်ပြီး လုပ်ပါတယ်။ ထိုက်သင့်တဲ့ အကျိုးအမြတ်ရပါတယ်။ သို့သော်လည်းပဲ တကယ်တမ်း ပြောလို့ရှိရင် ကျနော် တို့လုပ်နေတဲ့ ပြည်သူ့အကျိုး ပြုလုပ်ငန်းဆိုတာက ပါတီရဲ့စီးပွားရေးနဲ့တင် မလုံ လောက် ဘူး။ ကျနော်တို့က ကုမ္ပဏီထောင်တာ မဟုတ်ဘူး။ ပိုက်ဆံတွေ အများကြီးရအောင် ရှာနေတာမဟုတ်ဘူး။ ပြည်သူတွေ ဘာလို လဲ၊ လိုတဲ့ဟာကို ဘယ်လိုဆက်စပ်ပြီး အောင်မြင်အောင် လုပ်မလဲ ဆိုတာ စဉ်းစားနေကြတာ ဖြစ်တယ်။ ဒါကြောင့် စီးပွားရေးမှာ ကျနော် တို့ ၀င်ငွေရတာတွေရှိပါတယ်။ပါတီဝင်ကြေးဆိုပြီးစ၀င်ဝင်ချင်းတထောင် (ပါတီဝင်တဦးလျှင် ၀င်ကြေး ၁၀၀၀ ကျပ်) ရတယ်။ (ပါတီဝင်) တသန်းရှိရင် သန်းတထောင်ရှိတာပဲ။ အဲဒါက ကျနော်တို့ဘဏ်တွေမှာ အပ် ထားတာပေါ့။ ဘဏ်အပ်ထားတော့ ဘဏ်ကပေးတဲ့အတိုး ရတာပေါ့။ ဘဏ်လုပ်ငန်းကို လုပ်မယ်လို့ စိတ်ကူးပါတယ်။ သိပ်ခက်ခဲတယ်။ အခု ချိန် ထိတော့ မဖြစ်သေးပါဘူး” ဟု ၎င်းက ပြောသည်။
လာမည့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ကြံ့ခိုင်ရေးပါတီက ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိနေပြီး အထူးသဖြင့် ပြည်သူများနှင့် ထိတွေ့ဆက် စပ် သည့် လုပ်ငန်းများကို အရှိန်မြှင့် လုပ်ဆောင်နေကြောင်း သိရှိရသည်။
ကြံ့ခိုင်ရေးပါတီတွင် လက်ရှိ သမ္မတ ဦးသိန်းစိန်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး ဒုတိယ ဥက္ကဋ္ဌအဖြစ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦး ရွှေမန်းနှင့် ဦးဌေးဦး၊ အထွေထွေ အတွင်းရေးမှူးအဖြစ် ယခင် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဟောင်း ဦးမောင်မောင်သိမ်းက တာဝန်ယူ ထား သည်။

No comments:
Post a Comment