ABC
မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်ဖို့ အတွက်လိုလားနေ ကြပေမဲ့ သားတွေကို မြန်မာနိုင်ငံသား ခံယူဖို့ ကြိုးပမ်းမှာ မဟုတ် ဘူးလို့ ဒေါ်အောင်ဆန်းစုကြည် က မီဒီယာတွေ ကို ဖြေ ကြားခဲ့ပါတယ်။
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဌါန်းချက် အရမြန်မာ နိုင်ငံကို ခေါင်းဆောင်မည့်သူရဲ့ မိဘ ဇနီး ခင်ပွန်း သားသမီး သားမက် ချွေးမ တွေ ဟာ တိုင်းတပါးက နိုင်ငံသားမဖြစ်ရလို့ ပါရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ တမင်သက်သက် ထည့် ထားတဲ့ အချက်ဖြစ်တယ်လို့ အခု လိုပြောပြပါတယ်။
နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း(၃) ရဲ့ ပုဒ်မ ၅၉ ၊ပုဒ်မခွဲ(စ)မှာ ပါဝင်တဲ့ အချက်တွေကို မူအရ လက်မခံနိုင်လို့ သားတွေကို သူမ အနေနဲ့ နိုင်ငံသားအဖြစ် လက်မခံခိုင်းဘူးလို့ ဆိုပါတယ်။ နိုင်ငံသား အဖြစ်ခံယူ ဖို့ လုပ်ပေးမယ်ဆို ရင်တောင် မူအရ လက်မခံ နိုင် ဘူးလို့ အခု လိုပြောပြပါတယ်။
" ဖွဲ့စည်းပုံ အခြေခံ ဥပဒေက အခြေခံ သဘောတရားဟာ မှန်လား မမှန်လား မှာ အခြေခံပြီး လုပ် ရမှာ ၊ ကိုယ်တစ်ယောက်ထဲအတွက် လုပ် ရမှာ မဟုတ်ဘူး၊ အန်တီ အစကတည်း ကပဲပြောတယ်။ဒီကိစ္စဟာ တစ်ခါမှလည်းမြန်မှာနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ မရှိဘူး၊ တမင် ထည့်ထားတာလို့ပဲ ၊ ဒီလိုပဲခံယူတယ်လို့ ရိုးရိုးပဲ ပြောရမယ်၊ အဲလို တမင်သက်သက် ထည့်တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ မလုပ်သင့်တဲ့ ကိစ္စပဲ ၊ ဒါ အန်တီ တစ်ယောက်ထဲအတွက် လုပ်နေတာ မဟုတ်ဘူး၊ ပေးလို့ရှိရင်တောင်မှ အန်တီလက်မခံ ခိုင်းပါဘူး ။အန်တီသားတွေကို ၊မူအရ လက်မခံနိုင်ပါဘူး" ဒေါ်အောင်ဆန်းစုကြည်က ပြောတာဖြစ်ပါတယ်။ ဒီသတင်းကို RA သတင်းထောက် မေငယ်က သတင်းပေး ပို့ခဲ့ ပါတယ်။

No comments:
Post a Comment