ABC
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်တွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ခေါင်း ဆောင်ပါဝင်တဲ့ စုံစမ်းစစ်ဆေးရေး ကော် မရှင်အနေနဲ့ အခုဇန်နဝါရီလမကုန်ခင်အတွင်း အစီရင်ခံစာတင်သွင်းသွားမှာဖြစ်တယ်လို့ ဒေါ် အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအရာရှိဦးဖြိုး ဇေယာသော်က ထုတ်ဖေါ်ပြောခဲ့တဲ့အကြောင်း မြန်မာအွန်လိုင်းမီဒီယာတွေမှာ ဖေါ်ပြထား ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဇန်နဝါရီလ ကုန်ပိုင်းမှာ ပြည်ပခရီးသွားဖို့ အစီအစဉ်ရှိနေပြီး ခရီးမသွားခင်မှာ အစီရင်ခံစာ တင်မှာဖြစ် တယ် လို့ ဦးဖြိုးဇေယာသော်က ပြောခဲ့တယ်လို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည် သွားရောက်မယ့် ပြည်ပခရီးစဉ်ကတော့ အမေရိကန်နိုင်ငံ ဟာဝိုင်ယီကျွန်း ကိုသွားရောက်ပြီးအပြန်ခရီးမှာကိုရီးယား နိုင်ငံကို ဆက်လက် သွားရောက်မှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
လက်ပံတောင်းတောင် စီမံကိန်းရပ်တန့်ရေး သပိတ်စခန်း အစည်းအဝေး ကတော့ စုံစမ်းစစ်ဆေးရေးကော်မတီက ဆုံးဖြတ်ချက်ဘယ် လိုပဲ ဖြစ်ဖြစ် စီမံကိန်း ရပ်ဆိုင်းရေးကိုပဲ ဆက်ပြီး တောင်းဆိုသွားမယ်လို့ ဆုံးဖြတ်ထားတဲ့ အကြောင်း သိရပါတယ်။

No comments:
Post a Comment