kachinnews
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်တွင် မြန်မာအစိုးရစစ်တပ်မှ စစ်သားစုဆောင်းရေးနှင့် ပေါ်တာအဖြစ် ဖမ်းဆီးခေါ်ဆောင် နေသောသ တင်း များကြောင့် ဒေသခံပြည်သူများ ညမထွက်ရဲပဲ စိုးရိမ်ကြောက်လန့်နေကြသည်။
ဇန်န၀ါရီလဆန်းမှစ၍ မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်များဖြစ်သော ဇီးလွန်၊ ရန်ကြီးအောင်၊ တပ်ကုန်း၊ စီတာပူ ရပ်ကွက်များတွင် အစိုးရစစ် တပ် များ ဖမ်းဆီးနေကြောင်း သတင်းများပျံ့နှံ့နေခြင်းဖြစ်သည် ဟု မြစ်ကြီးနား ဒေသခံများပြောသည်။
ဒေသခံများသည် အဆိုပါ ဖမ်းဆီးမှုသတင်းများကို ကြားရသော်လည်း ဖမ်းဆီးခံရသူများ မည်သူမည်ဝါဖြစ်ကြောင်း အတိအကျမသိရ သော ကြောင့် စုံစမ်းနေဆဲဖြစ်ပြီး အထူးသဖြင့် လူငယ်များသည် အပြင်သို့မထွက်ရဲပဲဖြစ်နေကြောင်း မြစ်ကြီးနားရှိလူငယ်များပြောဆို သည်။
ညမထွက်ရအမိန့်များကို ရပ်ကွက်လူကြီးများက မြစ်ကြီးနားမြို့မြှောက်ဖက် တန်ဖရဲဒေသများတွင်မူ ၈ နာရီမှ မထွက်ရန်အမိန့်ထုတ်ထား သော်လည်း ရပ်ကွက်အသီးသီးတွင် တိကျစွာ အချိန်သတ်မှတ်၍ ထုတ်ထားခြင်းမရှိကြောင်း ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့(KDNG)မှ စားဂျီး ကပြောသည်။
“တချို့ပြောတာက ည ၈ နာရီဆို မထွက်ရဘူးလို့ပြောနေကြတယ်။ ဒါပေမဲ့ အတိအကျတော့ မသိ ဘူး။ စာနဲ့လည်း တရားဝင်ကြေညာတာ မရှိ ဘူး။ ကြားပဲကြားနေရတယ်။ လူတွေဖမ်းခေါ်သွားတယ်ဆိုတာလည်း ကြားပဲကြားနေရတယ်။ ဘယ်သူဘယ်ဝါဆိုတာ အတိအကျမသိဘူး” ဟု ပြောသည်။
လုံခြုံရေးတင်းကြပ်ထားသော မြစ်ကြီးနားတွင် ညချိန်ထွက်သော ဒေသခံများကိုလည်း အာဏာပိုင်များမှ မေးမြန်းစစ်ဆေးမှုများ ပြုလုပ် နေ သောကြောင့် ဒေသခံများသည် မိသားစုတွင် အရေးပေါ်ဖျားနာမှုရှိသော်လည်း ညချိန်ဆေးခန်းမသွားရဲပဲနေရကြောင်း သိရသည်။
လုံခြုံရေးကြောင့် ယခင်က ည ၁၂ နာရီခန့်ထိ ဖွင့်သော အင်တာနက်ဆိုင်များသည်လည်း ယခုချိန်တွင် စောစော ပိတ်ထားရကြောင်း မြစ် ကြီး နားမြို့ အင်တာနက်ဆိုင်မှ ကိုမိုး ကပြောသည်။
“မြစ်ကြီးနားမှာ အခြေအနေမကောင်းဘူးဗျာ။ ညဆိုဘယ်မှကိုမသွားရဲကြဘူး။ပေါ်တာဆွဲတယ် ပြော နေကြတယ်။အခြေအနေမကောင်းတော့ ည ၈ နာရီဆို ဆိုင်ပိတ်ပြီ” ဟု ပြောသည်။
လတ်တလောအချိန်သည် အစိုးရတပ်နှင့် ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (KIA) ကြား ပြင်းထန်သော တိုက်ပွဲများလည်း ဆက်တိုက်ဖြစ်ပွား နေချိန် ဖြစ်ပြီး စစ်သားစုဆောင်းမှုကို နှစ်ဖက်တပ်မှ ပြုလုပ်ချိန်လည်း ဖြစ်ကြောင်း ဒေသခံများကပြောသည်။
ယခုလအတွင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်မှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်မှ ကချင်ပြည် နယ် ၀န်ကြီးချုပ်ထံ အရပ်သား (၁၀၀၀) တောင်းဆိုခဲ့သော်လည်း ၀န်ကြီးချုပ်သည် တာဝန်မယူနိုင်ကြောင်း ငြင်းဆိုလိုက်သည်ဟု သ တင်း များထွက်ပေါ်ပြီးနောက် အဆိုပါ စစ်သားစု ဆောင်းမှုနှင့် ပေါ်တာဖမ်းဆီးမှုသတင်းများသည် မြစ်ကြီးနားမြို့ပေါ်တွင် ပျံ့နှံ့လာခြင်း ဖြစ်သည်။
ကချင်ပြည်နယ်တွင်း ဖမ်းဆီးခံရသူ လူဦးရေစာရင်းအတိအကျမသိရသေးသော်လည်း အစိုးရသည် ရပ်ကွက်များတွင် ပြည်သူ့စစ်တပ်ဖွဲ့အ ဖြစ်ရပ်ရွာကာကွယ်ရန် လုံခြုံရေးဟုဆိုကာ ဒေသခံ “၁ အိမ် ၁ ယောက်မလာမနေရ” စစ်သင်တန်းများပို့ချနေကြောင်း သိရသည်။

No comments:
Post a Comment