Tuesday, January 15, 2013

လုပ်အားခတိုးပေးရေးကိစ္စကြောင့် ထိုင်းနိုင်ငံကအလုပ်ရုံတချို့ပိတ်ခဲ

ABC

ထိုင်းနိုင်ငံအတွင်းမှာ ​အလုပ်သမား ​တနေ့လုပ်အားခ ​ဘတ် ​၃၀၀ကို ​ပေးဖို့ ​ဇန်န၀ါရီ ​၁ရက်နေ့က ​စတင်သတ်မှတ်ခဲ့ပြီးနောက် ​စက်ရုံအ လုပ် ရုံတချို့ပိတ်သိမ်းခဲ့ရပြီး ​ရာနဲ့ချီတဲ့ ​အလုပ် ​သမား ​တွေ ​အလုပ်လက်မဲ့ဖြစ်ခဲ့တယ်လို့ ​သိ ​ရ ​ပါတယ်။ ​လုပ်အားခ ​၃၀၀ဘတ်ပေးမဲ့ ​သတင်း ​တွေ ​ကြောင့် ​မြန်မာနိုင်ငံထဲက ​အလုပ်သမားတွေ ​ပိုပြီးဝင်ရောက်လာနေကြတယ်လို့ ​သိရပါတယ်။

တရားဝင်သတ်မှတ် ​လစာပေးဖို့ ​အခက်အခဲကြုံနေရတဲ့ ​ထိုင်းနိုင်ငံတွင်းက ​စက်ရုံ ​၈ ​ရုံ ​ပိတ်လိုက်ရပြီး ​ထောင်နဲ့ချီတဲ့ ​အလုပ်သမားတွေ ​အ လုပ် လက် ​မဲ့ဖြစ်ခဲ့ရတယ်လို့ ​ထိုင်းသတင်းစာတွေမှာ ​ဖော်ပြ ​ထားပါတယ်။ ​မြန်မာအလုပ်သမား ​အများအပြားရှိတဲ့ ​တာ့ခ်ခရိုင် ​မဲ ဆောက် ဒေ သမှာတော့ ​လောလောဆယ် ​စက်ရုံ ​၅ရုံ ​ပိတ် ​ထားလိုက်ရပြီး ​အလုပ်သမား ​ရာနဲ့ချီပြီး ​အလုပ်လက်မဲ့ ​ဖြစ်ခဲ့တယ်လို့ ​အလုပ် သမားရေး ဆောင် ရွက် နေတဲ့ ​မဲဆောက်မြို့က ​ကိုမိုးကြိုးက ​ပြောပါတယ်။

“လောလောဆယ်တော့ ​မပေးနိုင်လို့ ​ပိတ်သွားတာကတော့ ​၅ရုံလောက်ပဲရှိပါသေးတယ်၊ ​အထည် ချုပ် စက်ရုံ ​၄ရုံရယ် ​နောက်တရုံကတော့ ​အ မွေးတိုင်တို့ ​၊ ​ဖယောင်းတိုင်တို့ ​လုပ်တဲ့စက်ရုံ၊ ​ပြောမယ်ဆိုရင် ​အလုပ်သမားကို ​လုပ်အားခ ပေးရတဲ့ ​စရိတ်စကတွေ ​များလာတယ်၊ ​ဒီကြားထဲ မှာ ​စက်ရုံကလည်း ​တရားဝင် ​မှတ်ပုံတင်ထားတာ ​မဟုတ်တဲ့အခါကျတော့ ​သက်ဆိုင် ရာ ​အာဏာပိုင် ​အဖွဲ့အစည်းတွေကို ​လိုင်းကြေးပေးရ တယ်၊ ​အဲဒီဒဏ်တွေ ​မခံနိုင်တဲ့အတွက် ​အလုပ်ရုံအတော်များများ ​ပိတ်သိမ်းတော့ ​အလုပ်လက်မဲ့လည်းဖြစ် ​လုပ်ပြီး ​တဲ့လုပ်အားခ လည်းမရနဲ့ ​ဆာဝါတီကန် ​(ထိုင်းအလုပ်သမားရုံး)မှာ ​ဒီနေ့ဆိုရင် ​၂မှုတွေ့တယ်၊ ​နောက် အလုပ်သမားတွေက ​ဘတ် ​၃ဝဝ ​ပေးမယ်ဆိုလို့ ​သတင်းကြား ပြီးတော့ ​ထပ်ဝင်လာတဲ့သူက ​ခုလပိုင်းအတွင်းမှာ ​နဲနဲများလာတယ်။”

မဲဆောက်ဒေသမှာ ​စက်ရုံအလုပ်ရုံတချို့ပိတ်သိမ်းနေသလိုဒီနေ့ဇန်န၀ါရီ ​၁၄ရက်နေ့မှာစတီးပစ္စည်းတွေထုတ်လုပ်တဲ့စက်ရုံမှာလည်း ​အလုပ် သမား ​လျော့ချနေတာတွေတယ်လို့ ​အလုပ်သမားတွေအတွက် ​ဥပဒေ ​ပိုင်းဆိုင်ရာ ​အကူအညီတွေ ​ပေးနေတဲ့ ​ရောင်ခြည်ဦးအ လုပ်သမား အဖွဲ့က ​ကိုထွေးနိုင်က ​အခုလိုပြောပါတယ်။

“စက်ရုံမှာရှိတဲ့ ​လုပ်ငန်းရှင်က ​ဘန်ကောက်မှာရှိတဲ့ ​စက်ရုံကိုပေါ့နော် ​ကုမဏီနာမည်အတူတူပဲ ​အဲ ဒီရုံမှာသွားပြီးမှအလုပ်လုပ်ခိုင်းတာ ​အလုပ် သမား၈ယောက်က ​မသွားချင်ဘူး၊ ​ဘန်ကောက်စက်ရုံမှာကျတော့ ​လုပ်ရတာ ​မဲဆောက်နဲ့ ​မ တူဘူး၊ ​အရမ်းကို ​အန္တရယ်များတယ်၊ ​လက်ပြတ် တာရှိတယ်၊ ​နားရွက်ပြတ်တာရှိတယ်ပေါ့နော် ​၊ ​ဒီမှာပဲလုပ်ချင်တယ်ပေါ့။”

မဲဆောက်မှာရှိတဲ့ ​စတီးပစ္စည်းထုတ်လုပ်တဲ့စက်ရုံမှာ ​လုပ်အားခ ​၃၀၀ရတဲ့အတွက် ​လုပ်အားခရတာချင်းအတူတူအန္တရယ်များတဲ့ဘန် ကောက် စက်ရုံမှာလုပ်ဖို့ထိုင်းအစိုးရက ​အလုပ်သမားတွေကို ​တနေ့လုပ်အားခ ​ဘတ် ​၃၀၀ ​ဇန်န၀ါရီလ ​၁ရက်နေ့မှ ​စတင်ပြီးသတ်မှတ် ​ထားတဲ့အတွက် ​အလုပ်သ မားတွေအနေနဲ့ ​သူတို့ရဲ့ ​လုပ်အားခကို ​ဖေဖော်ဝါရီလမှသာ ​စတင်ရရှိကြ ​မှာဖြစ် ​တယ်လို့ ​ပြောပါတယ်။

No comments: