ABC
ထိုင်းနိုင်ငံ အာဏာပိုင်တွေက ထိုင်းစစ်တပ်ကတာဝန်ရှိသူတချို့မြန်မာနိုင်ငံဖက်ခြမ်းကနေ ထိုင်းနိုင် ငံထဲကို ထွက်ပြေးလာတဲ့ရိုဟင်ဂျာ ဒုက္ခ သည်တွေတရားမဝင်ခိုးဝင်မှုကိစ္စမှာ ပါဝင်ပတ်သက်နေတဲ့အကြောင်းကို စုံစမ်းစစ်ဆေးမှုတွေပြု လုပ်နေတယ်လို့သိရပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေဟာ မုတ္တမပင်လယ် ကနေတဆင့် လှေတွေနဲ့ ထိုင်းနိုင်ငံထဲကို မကြာခဏ ဆိုသလို ရောက်ရှိလာ ကြပါတယ်။ ဒါ ပေ မယ့် မကြာသေးခင်က ရိုဟင်ဂျာဒုက္ခသည်တွေကို ထိုင်းနိုင်ငံရဲ့ တဖက်ခြမ်းမှာရှိတဲ့ မလေးရှားနိုင်ငံနဲ့ နီးတဲ့ကျွန်းဆွယ်ဖက်မှာ တွေ့ရှိခဲ့ပါတယ်။
ထိုင်းအမျိုးသား လုံခြုံရေးကောင်စီက ပြည်တွင်းသတင်း မီဒီယာတခုရဲ့ ဖော်ပြချက်ထဲမှာပါရှိတဲ့ စစ်တပ်က တာဝန်ရှိသူတချို့ ဟာရိုဟင် ဂျာ ဒုက္ခသည်တွေကို တရားမဝင် ခိုးဝင်မှုမှာ ပါဝင်ကြတယ်လို့ ဆိုပြီး အဲဒီကိစ္စကို ထိုင်းအမျိုးသား လုံခြုံရေးကောင်စီက စုံစစ်ဆေးနေကြ ပါတယ်။
ဒါပေမယ့် ထိုင်းအမျိုးသားလုံခြုံရေးကောင်စီကတာဝန်ရှိသူတွေရဲ့အဆိုအရ သူတို့အနေနဲ့ အခုထက်ထိ စစ်တပ်ကတာဝန်ရှိသူတွေပါဝင် ပတ် သက်နေတဲ့သက်သေအထောက်အထားတွေ တခုမှမတွေ့ရှိရသေးဘူး လို့ဆိုပါတယ်။

No comments:
Post a Comment