နန်းသူးလေ (ကေအိုင်စီ)
တနင်္သာရီတိုင်း ရေဖြူမြို့နယ်၊ နဘုလယ်ဒေသရှိကျေးရွာများသို့အီတာ လီလျံထိုင်း ရေနက်ဆိပ်ကမ်းစီမံကိန်း ကုမ္ပဏီမှ ၎င်းတို့၏ စီမံ ကိန်း နယ်မြေများ အတွက် ဒေသခံများ၏အိမ်ခြံမြေများကို ပြောင်းရွှေ့ပေး ကြရန် ဖိအားပေးခိုင်းစေနေကြကြောင်း နဘုလယ်ဒေသမှ လာသည့်သ တင်း များအရ သိရသည်။
နဘုလယ်ဒေသအတွင်းရှိ မယင်းကြီးကျေးရွာမှ ဆရာတော် ဦးသြဘာ သက “မပြောင်းချင်ပါဘူး ဆိုတဲ့ အိမ်တွေကို မြေအတင်း လိုက်တိုင်းပြီး တော့ လက်မှတ်ထိုးခိုင်း၊ မပြောင်းရင် ဘာဖြစ်မယ်ဆိုပြီး လိုက်လုပ် နေ ကြတာ။ ရေနက် ဆိပ်ကမ်းစီမံကိန်း လုပ်မယ့် သူတွေက သူတို့ကိုယ် တိုင်မဟုတ်ပဲ ရွာထဲမှာ သြဇာနည်းနည်းရှိတဲ့သူတွေကို သူတို့က စည်းရုံး ပြီး လုပ်ခိုင်း နေတာ”ဟု ကေအိုင် စီသို့ မိန့်ကြားသည်။
အီတာလီလျံထိုင်း ရေနက်ဆိပ်ကမ်းစီမံကိန်းမှ တာဝန်ရှိသူများက ဒေသ ခံရွာသားများကို ခိုင်းစေပြီး သစ်ပင်များ၊ အိမ်ခြံမြေများကို ပြီး ခဲ့သည့် ၂၀၁၂ခုနှစ် နိုဝင်ဘာလဆန်းပိုင်းမှစတင်ပြီး လက်ရှိအချိန်ထိ တိုင်းတာမှု များ ပြုလုပ်ခိုင်းနေခြင်းဖြစ်ကြောင်းလည်း ဆရာတော် ဦးသြဘာသက ဆက်လက် မိန့်ကြားပြောဆိုသည်။
ရေနက်ဆိပ်ကိမ်းစီမံကိန်းကြောင့် ပြောင်းရွှေ့ပေးရမည့် ကျေးရွာများမှာ နဘုလယ်ဒေသအတွင်းရှိ မယင်းကြီး၊ မူးဒူး၊ ထိန်ကြီး၊ လဲရှောင် နှင့်ပရ ဒတ်ကျေးရွာများ အပါအ၀င် ထိုကျေးရွာ၏ အနီးဝန်းကျင်တစ်လျှောက်ရှိ ကျေးရွာများတွင်လည်း အိမ်မြေများ ပြောင်းရွှေ့ပေးရန် ဖိအားပေး ခိုင်း စေမှုများရှိနေကြောင်း သိရသည်။
ယင်းကဲ့သို့ ဖိအားပေးခိုင်းစေမှုများနှင့်ပတ်သက်၍ ဆရာတော်ဦးသြဘာသက “မင်းတို့အိမ်တွေ ပြောင်းရင်ပြောင်းပေး၊ မပြောင်း ရင်တော့ အ ကုန်လုံး အိမ်တွေ၊ ခြံတွေကို ဘူဒိုဇာ(မြေထိုးစက်)တွေနဲ့ ထိုးပစ်လိုက်ရင် ဘာမှ ရမှာမ ဟုတ်တော့ဘူး ပြောင်းမှကို ရမယ်ဆိုပြီး ရွာသားအ ချင်း ချင်းကို ပြောခိုင်းတယ်”ဟု ဆက်ပြောသည်။
နဘုလယ်ဒေသခံတစ်ဦးကလည်း “သူတို့အိမ်ပြန်ဆောက်ပေးမယ့်နေရာက မြေပြောင်သလင်းကို ထိုးပြီးတော့အိမ်ဆောက်ပေးမှာလေ။ အခု ပြောင်းပေးရမယ့် ခြံတွေထဲမှာက စားသုံးလို့ရတဲ့ ဟင်းသီးဟင်းရွက်တွေရှိပြီးသား၊ နောက်ပြီး ဒီကလူတွေကလည်း တောင်သူလယ်သမား တွေချည်းပဲဖြစ်တဲ့အတွက် လျော်ကြေးရတဲ့ ပိုက်ဆံတွေနဲ့ ဘာစီးပွားရေးမှ လုပ်တက်မှာမ ဟုတ် ဘူး။ ထိုင် စားရင်းနဲ့ ပိုက်ဆံက ကုန်သွား မှာပါပဲ”ဟု ပြောသည်။
အိမ်ခြံမြေပြောင်းရွှေ့ပေးမည့် ဒေသခံများအတွက် အီတာလျံထိုင်းကုမ္ပဏီမှ ပြောင်းရွှေ့ပေးရမည့် ရွာများနှင့် ၁၀မိုင်အကွာအ ဝေးရှိ သည့် န ဘူးလယ်ဒေသအတွင်းရှိ ဘ၀ါမြို့သစ်နယ်မြေတွင် အိမ်ခြံ၊ မြေများပြန်လည် တည်ဆောက်ပေးမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ပြောင်းရွှေ့ပေးရမယ့် အိမ်၊ခြံမြေပိုင်ရှင်များအနေဖြင့် စားသုံး၍ရသည့် သီးနှံများစိုက်ပျိုးထားသည့် အိမ်ခြံမြေ တစ်ဧ က လျှင်မြန်မာကျပ်ငွေသိန်း ၇၀နှုန်းဖြင့် တောင်းဆိုနေကြသော်လည်း အီတာလျံထိုင်း-ကုမ္ပဏီဘက်မှ သိန်း ၂၀၀န်းကျင် သာ ပေးနေသ ဖြင့် ဒေသခံ များအနေဖြင့် မကျေနပ်နိုင်ကြသကဲ့သို့ ပြောင်းရွှေ့ပေးရန် ဆန္ဒမရှိသည့် ဒေသခံများလည်း ရှိသည်။
အလားတူ ဇန်န၀ါရီလ ၃ရက်နေ့က တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် နဘုလယ်ဒေသ ကျေးရွာများတွင် အီတာလျံ-ထိုင်းကုမ္ပဏီမှ ဆောက် လုပ်ရေးအဖွဲ့က ဒေသခံများပိုင်သည့် လယ်မြေနှင့်ခြံများကို လျော်ကြေးမပေးဘဲ အသုံးပြုနေသောကြောင့် ထိုက်တန် သည့် လျော်ကြေး ပေး ရန်အတွက် ဒေသခံများနှင့် လူမှုအဖွဲ့အစည်းများ ပူးပေါင်းပြီး တောင်းဆိုဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြ ကြောင်း ထားဝယ်လူထုအသံ ၏ သတင်းဝက်ဘ်ဆိုဒ်ပေါ်တွင် ဖော်ပြထားသည်။
ထားဝယ်ရေနက်ဆိပ်ကမ်းတွင် အီတာလျံ-ထိုင်းဖွံ့ဖြိုးတိုးတက်မှု (ITD) ကုမ္ပဏီက ထုတ်လုပ်မည့် မဂ္ဂါဝပ် ၃,၀၀၀ ရှိ ကျောက်မီး သွေး လျှပ် စစ်စွမ်းအင် စီမံကိန်းတွင် PTT ကုမ္ပဏီမှ အမေရိကန်ဒေါ်လာ ၄သန်း ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်းလည်း သိရသည်။

No comments:
Post a Comment