မြတ်ကျော်သူ
အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး စုစုပေါင်း၏ ၃ဝ ရာခိုင်နှုန်းသည် အမျိုးသမီးဖြစ်စေရေးအတွက် လွှတ်တော်တွင် အဆိုတင်သွင်း၍ ကြိုး ပမ်းမည်ဟု ရခိုင်လူမျိုး အောက်လွှတ်တော်အမတ် ဒေါ်ခင်စောဝေက မဇ္ဈိမကိုပြော သည်။
''အမျိုးသမီးတွေဟာ အခုရှိနေတာထက် ပိုပြီး လုပ်နိုင်ကြပါတယ်၊ ဒီထက် ပိုပြီးတော့ အရည်အချင်း တွေ ရှိနေပါတယ်။ ဒါပေမယ့် ရောက်နေ တဲ့နေရာတွေ မကောင်းတဲ့အတွက် ပြသခွင့်မရကြတာပါ၊ အမျိုးသမီးတွေရဲ့ လုပ်ပိုင်ခွင့်ကို ဒီ ထက်တိုးမြှင့်ဖို့လိုပါတယ်''ဟု ဒေါ်ခင်စောဝေ က ဆိုသည်။
ရွေးကောက်မည် ဆိုပါက ဝန်ကြီးများ၏ ၃ဝရာခိုင်နှုန်းကို အမျိုးသမီးများ ဖြစ်စေရေးအတွက် ဥပဒေအဖြစ်ပြဌာန်းရန် ၎င်းက အဆိုတင် သွင်း မည်ဖြစ်ပြီး ထိုအဆိုကို လွှတ်တော်အတွင်းရှိ အမျိုးသမီးအမတ်များကလည်း ဝင်ရောက်ဆွေးနွေးသွားကြမည်ဟုဆိုသည်။
ယင်းအဆိုကို ၂ဝ၁၂ ခုနှစ်ဇူလိုင် ၄ ရက်ကပင် လွှတ်တော်သို့ တင်ထားခြင်းဖြစ်ပြီး ယခုကျင်းပနေသည့် ဆဋ္ဌမ အကြိမ် လွှတ်တော်တွင် ဆွေး နွေးနိုင်မည်ဟု မျှော်လင့်ရကြောင်းနှင့် ယခုအဆိုသည် သမ္မတရုံးနှင့် ဆိုင်သည့်အတွက် ကြန့်ကြာနေခြင်း ဖြစ်နိုင်ကြောင်း ၎င်းက ပြော သည်။
ကျင်းပဆဲဖြစ်သည့် လွှတ်တော် တွင် အမျိုးသားစီမံကိန်းဆိုင်ရာကိစ္စများ၊ ဘတ်ဂျက်ဆိုင်ရာကိစ္စများ၊ကချင်ပြည် နယ်ကိစ္စများ၊ လယ်ယာ မြေ၊ အင်းနှင့်ဆိုင်သည့် ကိစ္စများနှင့်အရေးကြီးမေးခွန်းများ များပြားနေသဖြင့် ယခုအမျိုးသမီးများ ဝန် ကြီးဖြစ်ရေးအဆိုကို ဆွေးနွေးနိုင်ခွင့် မှာဖြစ် နိုင်ခြေ နည်းပါးလျက်ရှိသည်။
ယခုအဆို အောင်မြင်သွားပါက ဝန်ကြီးများကို လွှတ်တော်တွင်း၊လွှတ်တော်ပဟူ၍ ခွဲခြားမနေဘဲ အရည်အချင်းရှိသူ၊ ဝန်ကြီးရာထူးဖြစ် သင့် ဖြစ် ထိုက်သူများကို အမှန်တကယ်ရွေးချယ်၍ ခန့်အပ်စေလိုကြောင်း ဒေါ်ခင်စောဝေက မှတ်ချက်ပြုသည်။
ယခုကဲ့သို့ ဝန်ကြီး ၃ဝ ရာခိုင်နှုန်းကို အမျိုးသမီးဖြစ်စေရေးအဆိုအပေါ် လူ့အခွင့်အရေးနှင့် အမျိုးသမီး အခွင့်အရေးအတွက် ဆောင်ရွက် နေ သော ငြိမ်းဖောင်ဒေးရှင်းမှ ဒေါ်ချင်းချင်းက ''ကျွန်မအမြင်ကတော့ ဒါတကယ် ဖြစ်သင့်ဖြစ်ထိုက် တဲ့ကိစ္စပါပဲ။ ဒီနေ့ထိ လွှတ်တော်တွင်း မှာရော အပြင်မှာပါ အမျိုးသမီး အခွင့်အရေး အကြောင်းပြောကြတာ ဒီနေ့ထိ သိပ်ထင်ထင်ရှားရှား မမြင်ကြရဘူးလေ'' ဟု ဆိုသည်။
''ဒီလိုအမျိုးသမီးဝန်ကြီးတွေဖြစ်လာမယ်ဆိုရင်တော့ အမျိုးသမီးတွေရဲ့ အခွင့်အရေးဟာ အရင်က ထက် ပိုပြီးတော့ ကောင်းလာမှာပေါ့'' ဟု ၎င်း ထပ်လောင်းပြောသည်။
လက်ရှိတွင် လူမှုဝန်ထမ်းပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါ်မြတ်မြတ်အုန်းခင်တစ်ဦးသာအမျိုးသမီးပြည် ထောင်စုဝန်ကြီးရှိပြီး၎င်းသည်လည်းနှစ်ပေါင်း၆ဝအတွင်းပထမဆုံးအမျိုးသမီးဝန်ကြီးဖြစ်သည်။
ဒု-ဝန်ကြီး အနေဖြင့်လည်းစီမံ/စီးပွားဝန်ကြီးဌာနမှ ဒေါက်တာခင်စန်းရီ ၊ လူမှုဝန်ထမ်းဝန်ကြီးဌာနမှဒေါ်စုစုလှိုင်၊ ပတ်ဝန်းကျင်/ သစ်တော ဝန် ကြီးဌာနမှ ဒေါက်တာ သက်သက်ဇင်၊ ကျန်းမာရေးဝန်ကြီးဌာနမှဒေါက်တာ သိန်းသိန်းဌေးတို့ ငါးဦးသာရှိသည်။
ပြည်ထောင်စုလွှတ်တော်တစ်ရပ်လုံးအနေဖြင့် အမျိုးသမီးပါဝင်မှုနည်းပါးလျက်ရှိပြီး ၄.၅ ရာခိုင်နှုန်းရှိသည်။

No comments:
Post a Comment