Friday, January 11, 2013

နိုင်ငံရေးအကျဉ်းသားအခေါ်ကို တိကျတဲ့အဓိပ္ပါယ်ဖေါ်ဖို့လို

ABC

နိုင်ငံရေးအကျဉ်းသားဆိုတာ ​တိကျတဲ့ ​အဓိပ္ပါယ်ဖေါ်ဖို့ ​လိုအပ်တယ်လို့ ​ထိုင်း-မြန်မာနယ်စပ်အခြေစိုက် ​နိုင်ငံရေးအကျဉ်းသားများ ​ကူညီ စောင့် ရှောက်ရေးအဖွဲ့နဲ့ ​၈၈ ​မျိုးဆက်ကျောင်းသားများ ​အဖွဲ့တို့က ​ပူးပေါင်း ​ထုတ်ပြန်လိုက်ပါတယ်။

“နိုင်ငံရေး ​အကျဉ်းသား ​ဆိုတာကို ​တိကျတဲ့ ​အဖြေသိပ်အရေးကြီးတယ်။ ​နောက်နောင် ​ဆန္ဒပြပွဲတွေ ​ဘာတွေ ​ဖြစ်လို့ ​ရှိရင်သူတို့ဟာ ​နိုင်ငံရေး ​အကျဉ်းသားတွေ ​ဖြစ်တယ်ဆိုတာ ​ခိုင်မာဖို့ ​ကျွန်တော်တို့ ​အဓိပ္ပါယ် ​ဖွင့်ဆိုဖို့ ​လိုတယ်။ ​အလား တူပဲပေါ့ ​အမှုပေါင်းစုံနဲ့ ​တပ်ချင်တဲ့ ​တံဆိပ်တပ် မယ်။ ​ပြီးတဲ့အခါ ​နိုင်ငံရေးအကျဉ်းသား ​မဟုတ်ဘူး ​ဆိုပြီးတော့ ​ငြင်းပယ်တာမျိုးတွေ ​မရှိ ရအောင် ​ကျွန်တော်တို့ ​ကြိုးစားရလိမ့်မယ်” ​လို့ ​၈၈ ​မျိုးဆက်ကျောင်းသားခေါင်းဆောင် ​မင်းကိုနိုင်က ​ပြောပါတယ်။”

အခုအချိန်မှာ ​မြန်မာနိုင်ငံရဲ့ ​အကျဉ်းထောင် ​အသီးသီးထဲမှာ ​နိုင်ငံရေးအကျဉ်းသားတွေ ​၂၀၀ ​ကျော်နီးပါး ​ရှိနေသေးတာဖြစ်ပြီး ​အကျဉ်း သား တွေ ​ဘယ်လောက် ​ရှိနေသေးတယ်ဆိုတဲ့ ​အရေအတွက်ကို ​NLD ​ပါတီ ​၊ ​AAPP ​နဲ့ ​၈၈ ​မျိုးဆက်ကျောင်းသားများအဖွဲ့က ​ရှိတဲ့စာရင်း တွေကို ​စာရင်းကိုက်ညီအောင် ​ညှိနှိုင်း ​ဆောင်ရွက် ​စစ်ဆေးသွားဖို့ ​ရှိတယ်လို့ ​သိရပါတယ်။

“နိုင်ငံရေး ​အကျဉ်းသားတွေသာ ​အကုန်လုံး ​လွတ်ခဲ့မယ် ​ဆိုရင်တော့ ​မြန်မာနိုင်ငံရဲ့ ​နိုင်ငံရေး ​အခြေအ နေဟာ ​ပိုပြီးတော့ ​အကောင်းဖက်ကို ​တိုးတက်လာတယ်လို့ ​ပြောလို့ ​ရမှာပါ။ ​နိုင်ငံရေး ​အကျဉ်းသားဟောင်းတွေကို ​ပြန်လည်ပြုစုပျိုး ထောင်တယ်ဆိုတဲ့အခါမှာ ​နိုင်ငံရေး ​အကျဥ်း သားဟောင်းတွေက ​တကယ့် ​ဒီမိုကေ ​ရစီအရေးကို ​ကိုယ်ကျိုးစွန့် ​အနစ်နာခံပြီးတော့ ​ထဲထဲဝင်ဝင်လုပ်ခဲ့တဲ့သူတွေပါ။အဲလိုပဲအကျဉ်းထောင် တွေထဲ ​မှာလည်း ​သူတို့ ​နှစ်ပေါင်းများစွာ ​နေခဲ့ရတယ်။ ​နှိပ်စက်ညှင်းပမ်းမှုတွေကို လည်း ​ခံခဲ့ရတာတွေရှိပါတယ်။ ​ဒီလူတွေရဲ့ ​ဘ၀တွေ ​ပြန် လည် ​ပျိုးထောင် ​လာမယ် ​ကောင်းမွန်လာမယ်ဆိုရင် တိုင်းပြည်ရဲ့အနာဂတ်အ တွက် ​သူတို့ရဲ့လုပ်အားတွေဟာအကြီးကြီးဖြစ်ပါတယ်။ ​တတပ် တအား ​စွမ်းဆောင်နိုင်တဲ့ ​သူတွေ ​ဖြစ်ပါတယ်။ ​ဒါဟာ ​နိုင်ငံအတွက် ​ရလာမယ့် ​အကျိုးအမြတ်တွေပါ”လို့ ​AAPP အတွင်းရေးမှုးကိုဘိုကြည် ကပြောပါတယ်။AAPP ​နဲ့ ​၈၈ ​မျိုးဆက်ကျောင်းသားများအဖွဲ့တို့ ​တွေ့ဆုံဆွေးနွေးမှု ​ပြုလုပ်ခဲ့တဲ့အခါ ​နိုင်ငံရေးအကျဉ်းသားတွေ လက် ကျန်ရှိ နေတာကို ​အရေအတွက် ​အားလုံးတူညီအောင် ​ကိုက်ညီ အောင် လို့။နိုင်ငံရေးအကျဉ်းသားဟောင်းဘ၀ ​ပြန်လည် ​ထူထောင်ဖို့၊ ​လက်ကျန် နိုင် ငံရေးအကျဉ်းသားတွေ ​ပြန်လည် ​လွတ်မြောက်ဖို့ ​ကိစ္စတွေ ကိုလည်း ​ဆွေးနွေးခဲ့ကြပါတယ်။

No comments: