မင်းသုတ
လွန်ခဲ့သည့်သန်းခေါင် ယံချိန်အနီးတွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့မဈေးကြီး မီးစတင်လောင်ကျွမ်းပြီး ယနေ့နံနက်ပိုင်းတွင် ပြာပုံအတိ သာကျန်ရှိနေသည် ကို သံသယဖြစ်နေကြရသည်ဟု မြို့ခံများက ပြောသည်။
ထိုသို့လောင်ကျွမ်းခဲ့ရာတွင် ဈေးကြီးပတ်လမ်းရှိဆိုင်ခန်းငယ်များနှင့်ဟင်းသီး ဟင်းရွက်ဈေးတန်းများသို့ ကူးစက်ခြင်းလောင်ကျွမ်းခြင်း မရှိကြောင်း သိရ သည်။
ဈေးသားတစ်ဦးက “မီးစလောင်တာသိသိချင်း မီးငြိမ်းသတ်ဖို့လူတွေရောက် လာကြတယ်၊ အစောင့်တွေ ဈေးဂိတ်တံခါးဖွင့်မပေးဘူး၊ အ စောင့်တွေကပဲ ပြာယာခန့်နေကြတယ်၊ မီးကိုမနိုင်တော့ဘူး၊ လောင်ပြီးတစ်နာရီလောက်ကြာမှ မီးသတ်ကားတွေရောက်လာတယ်၊ ဘယ် ပစ္စည်းမှမရလိုက်ကြဘူး အကုန်လုံး ပြောင်သွားတယ်” ဟု ပြောသည်။
သံဖြူဇရပ်မြို့၊ မီးသတ်ဦးစီးရုံးမှ အဆိုပါမြို့မဈေးကြီးသို့ မီးသတ်ကားများ အရေးပေါ်မောင်းနှင်လာလျှင် အချိန် ၃ မိနစ်ခန့်သာကြာမြင့် မည် ဟုလည်း ခန့်မှန်းနေကြသည်။
လျှပ်စစ်ပစ္စည်း ၂၇ ဆိုင်၊ ရွှေဆိုင် ၉၅ ဆိုင်၊ ကုန်စုံဆိုင် ၄၁ ဆိုင်၊ အထည်အလိပ်၂၁၅ ဆိုင်နှင့် အခြားပစ္စည်းအမျိုးစုံရောင်းချသော သံဖြူ ဇရပ် မြို့မဈေးကြီးတွင် ဆိုင်ခန်းပေါင်း ၆၀ဝ နီးပါးခန့်ရှိသည်ဟု စည်ပင်သာယာစာရင်းအရ သိရသည်။
ထိုမီးလောင်ရာသို့ သံဖြူဇရပ်မြို့နှင့် အနီးပတ်ဝန်းကျင်မှ မီးသတ်ယာဉ် ၁၂ စီး၊ ရေသယ်ယာဉ်များ ရောက်ရှိလာပြီး ငြိမ်းသတ်ခဲ့ရာ ယနေ့နံ နက် ၂ နာရီအချိန်ခန့်တွင် မီးစွယ်ကြိုးသွားခဲ့သည်ဟု မျက်မြင်တွေ့ရှိသူများက ပြောသည်။
မီးသတ်ကားများသည် ဈေးပြင်ပပတ်လည်ရှိ နေအိမ်အဆောက်အဦများ မီးဆက်လက်မကူးနိုင်ရန်အတွက် အဓိကထားပြီး ငြိမ်းသတ်ခဲ့ ခြင်း ဖြစ်သည်။
အမည်မဖေါ်လိုသောရွှေဆိုင်ပိုင်ရှင်တစ်ဦးက “ ခုတလောမီးလောင်မယ်ဆိုတဲ့ ကောလဟာလသတင်း တွေပြန့်နေတယ်၊ ရွှေထည်ပစ္စည်း ကို ညပိုင်းဈေးဆိုင်မှာမထားကြဘူး၊ နက်ဖြန်ဈေးပိတ်ရက်လည်း ဖြစ်နေတယ်လေ”ဟု ပြောသည်။
ယခုမီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများကို အတိအကျမသိရှိနိုင်သော်လည်း အနည်းဆုံးငွေကျပ် သိန်းပေါင်း သန်းနှင့်ချီ၍ဆုံးရှုံးခဲ့ သည် ဟုလည်း ခန့်မှန်းကြသည်။
၁၉၈၄ ခုနှစ်ဝန်းကျင်က ဆောက်လုပ်ခဲ့သော သံဖြူဇရပ်မြို့မဈေးကို ခေတ်နှင့်အညီ အသစ်ပြန်ဆောက် ရန်(သို့မဟုတ်) အခြားနေရာသို့ပြောင်းရွှေ့ရန် လွန်ခဲ့သည့် ၃ နှစ်ခန့်က ကြိုးပမ်းခဲ့မှုများရှိသည်ဟုလည်း သတင်းများဖြစ်ပေါ်ခဲ့သည်။
သက်ဆိုင်ရာ သံဖြူဇရပ်မြို့အာဏာပိုင်အဖွဲ့က ယင်းမြို့မဈေးမီးလောင်မှုကို လျှပ်စစ်ဝါယာရှော့ကြောင့်ဟု အထက်သို့အစီရင်ခံတင်ပြ ရန် ပြောကြားခဲ့သည်ကို မြို့နယ်လျှပ်စစ်ဌာနက လက်မခံငြင်းပယ်ခဲ့သည့်ဆွေးနွေးချက်လှို့ဝှက်ဗီဒီယိုမှတ်တမ်းဖိုင် လွတ်လပ်သောမွန်သ တင်း အေဂျင်က လက်ခံရရှိခဲ့သည်။
အလားတူ ၂၀ဝ၈ ခုနှစ်၊ ဒီဇင်ဘာလဆန်းပိုင်းတွင်မော်လမြိုင်အောက်ဈေးတစ်ခုလုံးမီးလောင်ကျွမ်းဆုံးရှုံးမှုတွင်မည်သည့်အကြောင်း ကြောင့် လောင်ကျွမ်းခဲ့ရသည်ကို သက်ဆိုင်ရာက သတင်းထုတ်ပြန်ခြင်းမရှိသဖြင့် ဈေးသစ်ဆောက်လုပ်နိုင်ရန် ဈေးဟောင်းမီးရှို့ခဲ့သည် ဟုဈေးသူ ဈး သားများ သံသယဖြစ်ပေါ်ခဲ့ကြသည်။

No comments:
Post a Comment