ABC
မြန်မာ နိုင်ငံကို စနေနေ့က ရောက်ရှိခဲ့တဲ့ တရုတ် အစိုးရ အထူးကိုယ်စားလှယ် Fu Ying က တ ရုတ်န်မြန်မ်ာဒေသ မှာ တည်ငြိမ်အေး ချမ်းရေး အခြေ အနေထိမ်းသိမ်းဖို့ နဲ့ နယ်စပ်တဝိုက်က ဒေသခံတွေ သာမန်နေထိုင်မှု မထိခိုက်ဘဲ သွားလာ နေထိုင်နိုင်မှုအတွက် ၂ နိုင်ငံစလုံးက ကြိုး ပမ်းဖို့ လိုတယ်လို့ မြန်မာ နိုင်ငံတော်သမ္မတဦးသိန်းစိန် နဲ့ တွေ့ ဆုံပြောကြားခဲ့တယ် လို့ သိရပါတယ်။
တရုတ် အစိုးရရဲ့ အထူးကိုယ်စားလှယ်လည်းဖြစ် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးလည်း ဖြစ် သူ Fu Ying က သမ္မတကြီး နဲ့ တွေ့ဆုံ ချိန်မှာ မြန်မာ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး နဲ့ငြိမ်ဝပ် ပိပြားရေး ကိစ္စတွေကို ဆွေးနွှေး ခဲ့တယ်လို့ ရှင် ဟွာသတင်းစာကို ပြောပြခဲ့ပါတယ်။
တရုတ်နိုင်ငံက လာရောက်ခဲ့တဲ့ အထဲမှာ တရုတ်လွတ်မြောက်ရေးတပ်က ဒုတိယစစ်ဦးစီးချုပ် Qi Jianguo လည်း လိုက်ပါလာပြီး တရုတ် မြန် မာ ၂ နိုင်ငံက စစ်တပ် ၂ဖက်ဆက်ဆံရေး ပို မို ထွန်းကားပြီး ခိုင်မာမှု အတွက် ကို အရေးထားတဲ့ အကြောင်း၊ အားမန်အပြည့် ကြိုး ပမ်းမယ် ဆိုတဲ့အကြောင်း၊ မြန်မာနိုင်ငံရဲ့ပြည်တွင်းရေးမှာလည်း လုံးဝဝင်ရောက်စွက်ဖက်မှာ မဟုတ်တဲ့အကြောင်းပြောသွားပါတယ်။
တရုတ် စစ်တပ် ဒု ဦးစီးချုပ် Qi Jianguo က လည်း လက် နက်ကိုင်ကချင်တိုင်းရင်းသားတွေ နဲ့ ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ အဖြေရှာဖို့အ တွက် တရုတ်မြန်မာ နယ်စပ် လုံခြုံရေးနဲ့ ငြိမ်ဝပ်ပိပြား ဖို့ အတွက် ထိန်းသိမ်းစောင့်ကြပ်ဖို့ အတွက် တရုတ်မြန်မာ စစ်တပ် ၂ခုကြား ပထ မဦးဆုံးအ ကြိမ် သေနကနည်းဗျူဟာ လုံခြုံရေး နှီးနှောပွဲမှာ ပြောသွားတယ်လို့ သိရပါတယ်။
တရုတ်မြန်မာ စစ်တပ် ၂ခုကြား ပထမဦးဆုံးအကြိမ် သေနကနည်းဗျူဟာ လုံခြုံရေး နှီးနှောပွဲ ပြုလုပ်နိုင်ခြင်းကို တရုတ်ဒုဦးစီးချုပ်က တ ရုတ် မြန်မာစစ်တပ် ၂ခုကြား ကဏ္ဍသစ်တခုကိုပြောင်းလဲဝင်ရောက်လာတာဖြစ်တယ်လို့ဆိုပါတယ်။

No comments:
Post a Comment