နန်းအေယိမ်း
သျှမ်းပြည်မြောက်ပိုင်း၊နမ့်ခမ်းမြို့တွင် ဘောလုံးလောင်းကစားလုပ်ငန်းကို အဖမ်းအဆီးမရှိ လွတ်လပ်စွာ လုပ်ကိုင်နေ ကြောင်း စုံစမ်းသိ ရှိရ သည်။
“ ဘောလုံးဒိုင်လောင်းကစားရုံကတော့ ၂ ခုရှိပါတယ်၊ ဟောလီးဝုဒ်ကဖေးဆိုင်ပိုင် နဲ့ မိုခမ်းရပ်ကွက် အုပ်ချုပ် ရေးမှူး ဦးစိုင်းသန်းညွန့် တို့ဖြစ် ကြတယ်၊ အဖမ်းအဆီးမရှိ ရဲကို လိုင်းကြေးပေးပြီးလုပ်ကိုင်ကြတယ်၊ ၁ လ ကို ကျပ် ၃ သိန်း အ နည်းဆုံးပေးဆောင်ပြီးလုပ်ကိုင်နေတယ်” ဟု နမ့်ခမ်းမြို့ဒေသခံ ဘောလုံးဒိုင် နီးစပ်သူတစ် ဦးကပြောသည်။
ဘောလုံးပွဲလောင်းကစားဒိုင်မှာ တစ်နေ့အနည်းဆုံး ငွေ ၁၀ သိန်းခန့် လောင်းငွေများရကြောင်း၊ စနေနေ့နှင့်တနင်္ဂနွေနေ့ ပရီးမီးယား နှင့် ချန် ပီယံလိဂ်ဘောလုံးပြိုင်ပွဲ ရှိသောနေ့များတွင် လောင်းငွေ သိန်း ၃၀ ထက်မနည်းရရှိကြောင်း၊ အလောင်းသမားများမှာလည်း လက် လုပ်လက် စားပန်းရံအလုပ်သမားများ၊ ကျောင်းသား လူငယ်များ၊ အစိုးရဝန်ထမ်း များပါမ ကျန်၊စီးပွားရေးလုပ်ငန်းရှင်များ ညနေပိုင်းအချိန် များ တွင် ကြိတ်ကြိတ်တိုး လာ လောင်းနေကြကြောင်း ၄င်းကဆို သည်။
“ဟောလီးဝုဒ်ကဖေးမှာတော့ သူတို့ဆိုင် ထဲမှာ ဘောလုံးလက်မှတ်မရောင်းပဲ သူတို့ဆိုင်အပေါ် ဘက်အရက်ဆိုင်နဲ့ကဖေးဆိုင်အနောက် ဘက် က ဓါတ်ပုံဆိုင်တွေမှာ လက်မှတ်ကိုလွတ်လွတ်လပ်လပ် ရောင်းနေ ကြတယ်၊ နောက် မိုခမ်းအုပ်ချုပ်ရေးမှူးစိုင်သန်းညွန့် ကတော့သူ့နေအိမ် ခြံဝင်း ထဲမှာဘဲ လွတ်လွတ်လပ်လပ် ရောင်းနေတယ် ” ဟုမြို့ခံတစ် ဦးကပြောသည်။
ဟောလီးဝုဒ် ကဖေးမှာ ရဲစခန်းနှင့်မျက်နှာချင်းဆိုင်တွင်တည်ရှိနေပါသည်။
နမ့်ခမ်းမြို့တွင် တီဗီဂိမ်းလောင်း ကစားရုံ ကို ယမန်နှစ်က ပြည်သူ့လွှတ်တော် ဒေါက်တာကျော်အုန်း လွှတ်တော် အတွင်း တင်ပြမှုကြောင့် ပိတ်ခဲ့ရပြီး ခုထိမဖွင့်ရကြောင်း သို့ပေမဲ့ တစ်ချို့သော တီဗီဂိမ်းလောင်း ကစားရုံရှိစက်ပစ္စည်း ရှိ ခုထိပြောင်းရွှေ့ခြင်းမရှိပဲ အခန်းထဲထည့် ပိတ်ထားကြောင်း နောက်ထပ်ပြန်ဖွင့် နိုင်ရန်စီစဉ်နေကြောင်း အဆိုပါမြို့ခံ ကဆိုသည်။
“ဘောလုံးဒိုင်တွေက ကားကိုဟောတစီး ဟောတစီး ပြောင်းစီးနေနိုင်ကြတာ။ လောင်းကစားနေတဲ့ သူတွေကတော့ မွဲသထက် မွဲနေကြ တယ်၊ လောင်းကစားနဲ့ မူးယစ်ဆေးဝါးပေါများလာတာကြောင့် နမ့်ခမ်းမြို့မှာအခု နေ့ခင်း ကြောင် တောင်ရွှေဆွဲကြိုးလုယက်ဓါးပြတိုက်တာတွေအိမ် ဖောက်ထွင်းခိုးနေတာတွေ မကြာခဏဖြစ်နေတယ်” ဟု ကလေး မိခင် ပါ့ နန်းခမ်းက ပြောသည်။
ယခုအခါ နမ့်ခမ်းမြို့တွင် ဘောလုံးလောင်းကစားရုံအပြင်၊ မူးယစ်ဆေးရာဘစိတ်ကြွဆေးရောင်းသူများ၊ ချဲဒိုင် များ၊ ၃၆ကောင်ထီဒိုင်များ အား လုံးသည် ပြည်သူ့ရဲနှင့်ပေါင်းပြီး လွတ်လပ်စွာလုပ်ကိုင်နေကြောင်း သိရှိရ သည်။

No comments:
Post a Comment