ဖဲဘူး
ကယား(ကရင်နီ)ပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင်ရှိ့  ငွေတောင်ဆည် ပတ်ပတ်လည်ရှိ ဆည်မြောင်း မြေနေရာ ဧရိယာအတွင်းတွင် ဆည် မြောင်း အငြိမ်းစား ဝန်ထမ်းများ အိမ်ခြံမြေအကွက်များ ချမှတ်ပြီး မြေနေရာများ ရာထားသည့်အပေါ်တွင် အစိုးရမှ ခွင့်မပြုကြောင်း ပြည် နယ် အစိုးရအဖွဲ့မှ အတွင်းရေးမှူး ဦးဇော်ဝင်းက ပြောပါတယ်။
“ဆည်မြောင်းက အောက်ခြေ၀န်ထမ်းလေးတွေပါ။ အောက်ခြေ၀န်ထမ်းတွေက မသိလို့ ရာထားတာ ပေါ့နော။ အခုသိတဲ့ခါကျတော့ ဖြတ်ပစ် လိုက်ပါပြီ ကျနောတို့ခွင့်မပြုပါဘူး။ ကျနော်တို့ဒီဖက်က တာဝန်ရှိတဲ့သူအပိုင်းက မဟုတ်ပါဘူး။ အောက်ခြေ၀န်ထမ်းလေးတွေ ပေါ့။ သူတို့ကလည်း သူတို့ကိုယ် ကာလတလျောက်လုံး နေခဲ့တဲ့ခါကတော့ အဲဒီဟာကြီးက ဆည်မြောင်း ပိုင်တယ်ဆိုပြီးတော့ သူတို့ဥပဒေကို နားမ လည် တာပေါ့နော” လို့ ပြောပါတယ်။
ငွေတောင်ဆည်၏ အရှေ့ဘက်ကပ်လျက် သစ်တောပျိုးဥယျာဉ်ခြံအနီးရှိ မြေလွတ် မြေရိုင်းများကို ဆည်မြောင်းဌာနရှိ အငြိမ်းစား ဝန် ထမ်း များက နေစရာမြေ မရှိ၍ ၎င်းငွေတောင်ဆည်မြောင်းအတွင်းရှိ မြေများကို မိမိတို့ဘာသာ အမှတ်အသားပြု လုပ်ပြီး ပြည်နယ်အ စိုးရထံ တင် ပြထားတာဖြစ်ပါတယ်။
ဦးဇော်ဝင်းက “လူထုကတင်ပြလို့ ကျနော်တို့ အစိုးရအဖွဲ့ကဆင်းကြည့်ပြီးပါပြီ အဖွဲ့နဲ့လေ အဖွဲ့က အခုအစီရင်ခံစာ မတင်သေးဘူးခင်ဗျ။ တင်လိမ့်မယ်။ အဖွဲ့သုံးယောက်ပါတဲ့ အဖွဲ့ရှိတယ်။ သုံးယောက်ပါတဲ့အဖွဲ့က ကွင်းဆင်းမယ် ပြီးရင်သူတို့တွေဒါကိုအပြန်ကျရင်တင်ပြ လိမ့် မယ်။အဲကျမှ ဘာလုပ်မယ်ဆိုတာသိရမှာဗျ” လို့ ပြောပါတယ်။
မြေနေရာ ဥပဒေအသစ်ပေါ်ပေါက်လာ ပြီဖြစ်တဲ့အတွက် ဥပဒေနှင့်အညီ ဆောင်ရွက်မှာဖြစ်ကြောင်း ဆည်မြောင်းမြေ ဧရိယာအတွင်းတွင် မိမိ ဘာသာ မြေကွက်များချမှတ်ပြီး ပုဂ္ဂလိကပိုင်မြေအဖြစ် မပြုလုပ်သင့်ကြောင်း ကယားပြည်နယ် မြေစာရင်းရုံးမှ ဦးစီးမှူး ဦးအောင်ဆွေ ကပြော ပါ တယ်။
“ဆည်မြောင်းဌာနပိုင်မြေဆိုတော့ ဆည်မြောင်းဌာန ရဲ့အတည်ပြုချက်နဲ့ သူ့ မြေကြီးထဲမှာတော့ ဆောင်ရွက်ကြမှာပေါ့။ ဒါပေမယ့် ဆည် မြောင်းဌာနက အတည်ပြုပြီးရင်တော့ ဆည်မြောင်းဌာနမြေက ဆည်မြောင်းဌာန အသုံးပြုဖို့ပေါ့ ဗျာ။ ဆည်မြောင်းဌာနရဲ့ သူ့ဝန်ထမ်း ဘား တန်းတွေ ရှိမယ်။ ၀န်ထမ်းတွေနေကြမယ်။ ၀န်ထမ်းတွေပြောင်းသွားတဲ့အခါ နောက်ဝန်ထမ်း တွေတက်နေမယ်။ ဒီလိုတွေပဲရှိ ကြမှာပေါ့။ ပုဂ္ဂ လိက မြေရယ်လို့ မဖြစ်နိုင်ဘူး ဆည်မြောင်းမြေဖြစ်ခဲ့ရင်တော့။” လို့ ပြောပါ တယ်။
ဆည်မြောင်း မြေနေရာ တနေရာ (ဓါတ်ပုံ-ကန္တာရဝတီတိုင်း(မ်))၎င်းမြေနေရာများကို ပြီးခဲ့သည့်နှစ် ဇူလိုင် ၊ သြဂုတ်လအချိန်၌ မြေများကို ပေ ၆၀ × ၇၀ အကွက်များရိုက်ထားကြပြီး အကွက်ပေါင်း ၃၀ ကျော်ရှိတယ်လို့ သိရပါတယ်။ အစိုးရသတ်မှတ်ထားတဲ့ ဆည်မြောင်း ဧရိ ယာအ တွင်း ဝင်ရောက်ကျူးကျော်နေထိုင်သူများ ရှိနေတယ်လို့ သိရပါတယ်။

No comments:
Post a Comment