Tuesday, January 22, 2013

ဒေါ်အောင်ဆန်းစုကြည် အကြာခင်ဟာဝိုင်ယီသွားဖို့ရှိ

ABC

မြန်မာ့ဒီမိုကရေစီခေါင်း ​ဒေါ်အောင်ဆန်းစုကြည်က ​၂၀၁၃ ​ခုနှစ်ရဲ့ ​ပထမခရီးစဉ်အဖြစ် ​အမေရိကန် နိုင်ငံကဟာဝိုင်ယီမြို့နဲ့တောင်ကိုးရီးယား နိုင်ငံ ​ဆိုးလ်မြို့ကိုသွားရောက်ပြီး ​ငြိမ်းချမ်းရေးဆုတွေ ​နောက်ထပ် ​လက်ခံမှာဖြစ်တယ်လို့ ​သိရပါတယ်။

လာမယ့် ​ကြာသာပတေးနေ့မှာ ​ခရီးစတင် ​ထွက်ခွာမှာဖြစ်ပြီး ​ဟာဝိုင်ယီမြို့မှာ ​Rotary ​International ​club ​ရဲ့ ​Global ​Peace ​Forum ​မှာ ​မိန့်ခွန်းပြောကြားပြီး၊ ​မြန်မာမိသားစုတွေ ​နဲ့လည်းတွေ့ဆုံဖို့ ​ရှိပါတယ်။

တောင်ကိုးရီးယားနိုင်ငံကို ​ဇန္နဝါရီလ ​၂၈ ​ရက်နေ့မှာ ​သွားရောက်ဖို့ ​ရှိပြီး၊ ​သမ္မတ ​ပါးက်ဂွန်ဟိုင်း ​နဲ့ ​တွေ့ ​ဆုံမှာဖြစ်ပါတယ်။ ​ပြုံချမ်း ​အထူး အိုလံ ပစ် ​ပွဲတော်ဖွင့်ပွဲကိုလည်း ​တက်ရောက်ဖို့ရှိပြီး ​ဖေဖော်ဝါရီလ ​၁ ​ရက်နေ့မှာ ​မြန်မာနိုင်ငံကို ​ပြန်ရောက်မှာဖြစ်တဲ့ ​အကြောင်း ​NLD ​ရုံးက ​သတင်း တွေအရသိရပါတယ်။

No comments: