သျှမ်းသံတော်ဆင့်
ယနေ့နံနက်ပိုင်း၌ သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် ဟိုမိန်းမြို့နယ်ခွဲ အတွင်း သျှမ်းပြည်တပ်မတော် နှင့် မြန်မာ အစိုးရခတပ်တို့အ ကြား တိုက်ပွဲ သုံးကြိမ်ထက်မနည်း ဖြစ်ပွားကာ အစိုးရတပ် တယောက်သေဆုံး ကြောင်း ဟိုမိန်း သတင်းရပ်ကွက်က ပြောပါသည်။
“အစိုးရတပ်က လွယ်လန်း - တာ့ဆုပ်တိန်း (တံလွင်ကူးတို့ဆိပ်) ကို လမ်းဖေါက်မယ်လို့ ပြောလာတယ်။ ကျနော်တို့ သဘောတူတယ်။ ကျနော် တို့တပ်မှူးနဲ့တွေ့ဖို့ ခွင့်တောင်းလာတယ်။ ကျနော်တို့က စားဖို့သောက်ဖို့ တောင်ပြင်ဆင် ထား တယ်။ သူတို့က ပြောတဲ့အတိုင်းမလုပ်ဘဲ လမ်းမ ကနေ နယ်ကျွံပြီး ကျနော်တို့ တပ်စခန်း ကို ဦးတည်တယ်။ ကျနော်တို့လှုပ်ရှားတပ်နဲ့တိုက်ပွဲဖြစ်တယ်။ ဒီနေ့ပဲ သုံးကြိမ်ဖြစ်တယ်။ သူတို့ ဘက် တ ယောက်သေတယ်။ ကျနော် တို့ဘက်တော့ဘာမှမဖြစ်ဘူး” - ဟု ပြောခွင့်ရ ဗိုလ်မှူးလောဝ် ဆိုင်က ပြောပါသည်။
ဂျန္နဝါရီ ၅ ရက် နံနက် ၇:၀၅ မှ ၇:၄၀ နာရီအထိ အစိုးရတပ်ခမယ ၅၁၄ အင်အား ၂၅ ယောက်က ဟိုမိန်းမြို့အနောက် တောက်ဘက် ကီလို မီတာ ၂၀ ကျော်၊ ထိုင်းနိုင်ငံ မယ့်ဟောင့်ဆောင် ဘန့်ရတ်ထိုင်းရွာ အနောက် မြောက်ဘက် ၇ ကီလိုမီတာဝမ့်မိုင်ရွာအနီးလွယ်န ဂါး တောင် ကျော ၌ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲ ကြောင့် အစိုးရတပ် ၁ ယောက် သေဆုံးကြောင်း သျှမ်းပြည်တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးလောဝ် ဆိုင်က အတည်ပြုပါသည်။
“အမှန်ကတော့ ကျနော်တို့ သတင်းရရှိချက်အရ ခလရ ၂၈၇ အင်အား ၁၀၅ ယောက်က ဝမ့်ကောဝ် ကနေ တက်လာ တယ်လို့ကြား တယ်။ ခမရ ၅၁၄ က အနောက်ကနေ ပိတ်ထားမယ်ဆိုတဲ့သဘော။ အခုက ခလရ ၂၈၇ က ရောက် မလာ သေးဘဲ ခမယ ၅၁၄ နဲ့ ထိပ် တိုက်တွေ့မိလို့ တိုက်ပွဲဖြစ်ခဲ့ရတာပါ ။ အခုလဲ ကျောက် တောင်ကြီးက ခြားထားလို့ ကျနော်တို့ကို လက်နက်ကြီးနဲ့ထုနေတယ်” - ဟု ရှေ့တန်းရောက် တပ် မှူး တဦးက ပြောပါသည်။
ပစ်ခတ်မှုကြောင့် ဝမ့်မိုင်ရွာမှ ရွာသားမိသားစု ၁၀ ခုထက်မနည်း နယ်စပ်ဘက်သို့ ထွက်ပြေးခိုလှုံ ကြောင်း နယ်စပ် ဒေသမှပေးပို့သောသ တင်းအရသိရသည်။
“အစိုးရတပ်က သဘောတူညီချက်ကို မလိုက်နာလို့ တိုက်ပွဲဖြစ်ခဲ့ရတာ။ ဒါကြောင့်အများတောင်းဆို နေတဲ့ အတိုင်း နိုင်ငံရေးပြဿနာကို နိုင်ငံ ရေးနည်းလမ်းနဲ့ဖြေရှင်းမှ ဒါတွေ ရှင်းနိုင်လိမ့်မယ်” - ဟု ဗိုလ်မှူးလောဝ် ဆိုင်ကပြော ပါသည်။
သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် မြန်မာအစိုးရတို့ ၂၀၁၁ ဒီဇင်ဘာ ၂ ရက်နေ့ ပဏာမအဆင့် အပစ်ရပ်သဘော တူညီမှုရယူပြီး နောက် ပိုင်း တိုက်ပွဲပေါင်း အကြိမ် ၃၀ ကျော်ဖြစ်ပွားရမှာ အများအားဖြင့် အစိုးရတပ်ဘက် သဘောတူညီ ချက်လိုက်နာခြင်းမရှိဘဲ နယ် ကျွံသော ကြောင့် ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်ဟု သျှမ်းပြည်တပ်မတော်က ပြောပါသည်။

No comments:
Post a Comment