မိုးဇော်
ရခိုင်ပြည် မင်းပြားမြို့တွင် ပုဒ်မ ၃၆၇ လူကုန်ကူးမှုဖြင့် တရားစွဲခံထားရသူ ဦးမောင်ဖြူထွန်းအား ဇန္နဝါရီလ(၁၇)ရက်နေ့တွင်တရားရုံးမှစုံ စမ်း စစ်ဆေးပြီး အပြစ်မရှိကြောင်း ဆုံးဖြတ်စီရင်ချက်ချ လိုက်သော်လည်း ရဲများကလဒ်ငွေမရ၍ ဆက်လက်ဖမ်းဆီးထားခဲ့ကြောင်း သ တင်း ရရှိ သည်။
ဦးမောင်ဖြူထွန်းက ရဲအားလဒ်ငွေမပေး၍ ဆက်လက်ဖမ်းဆီးခံရခြင်းဖြစ်ကြောင်းကို " အဖေကို မင်းပြား မြို့ တရားရုံးက မနေ့ နေ့လည်(၁)နာရီခွဲမှာ အပြစ်မရှိဘူးဆိုပြီး စီရင်ချက်ချ လိုက်တယ်။ အပြစ်မရှိဘူးလို့ စီရင်ချက်ချလိုက်တာနဲ့ မင်း ပြားရဲစခန်းမှ CRO( မှုခင်မှတ်တမ်း) တာ ဝန်ခံအရာရှိ ဒုရဲမှူးအောင်ထွန်းသာက ဂတ်စာရေးကို ၁၀၀၀၀ ကျပ်၊ လုံခြုံရေးကို ၅၀၀၀ ဆိုပြီး တော့ ငွေလာတောင်းတယ်။ ငွေမပေးနိုင်ဘူး ဆိုတာနဲ့ အဖေကို လက်ထိတ်ခတ် ဖမ်းဆီးပြီး ရဲစခန်းကို ခေါ်သွားတယ်။ ပြီးတော့ အချုပ် ထဲမှာထည့်ထားပါတယ်။ " ဟု သားဖြစ်သူ ကို အောင်နိုင်သူက ပြောသည်။
ဦးမောင်ဖြူထွန်းအား ရဲစခန်းတွင် ၄ နာရီကြာချုပ်နှောင်ထားပြီး ဂတ်စာရေးထံ ငွေ ၅၀၀၀ ကျပ်ပေးပြီးမှ ညနေ ၅ နာရီခွဲခန့်အချိန်တွင် ပြန် လည်လွတ်မြောက်လာကြောင်း တရားရုံးနှင့်နီးစပ်သူတစ်ဦးပြောပြချက်အရ သိရှိရသည်။
ထိုသို့ ဥပဒေမဲ့ ရဲများ၏ စိတ်ထင်ရာလုပ်ဆောင်နေခြင်းများအား အထက်အာဏာပိုင်များအနေဖြင့် လေ့လာစုံစမ်းကြီးကြပ်ပေးရန်လိုအပ် ကြောင်းနှင့် တရားဥပဒေစိုးမိုးရေးသည်လည်း နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၏ မဏ္ဍိုင်ဖြစ်ကြောင်း အငြိမ်းစားရှေ့နေတစ်ဦးက ပြော ကြားသည်။
" နိုင်ငံတော်က ပြဌာန်းထားတဲ့ တရားဥပဒေအရဆိုရင် တရားရုံးက အပြစ်မရှိဟု စီရင်ဆုံးဖြတ်ပြီးတာနဲ့ တရားခံကိုဖမ်းဆီးချုပ်နှောင်ထားပိုင် ခွင့်မရှိတော့ဘူး။ အခုက တရားသူကြီးက အပြစ်မရှိလို့ စီရင်ချက် ချလိုက်တယ်၊ အဲဒါကို လွှတ်မ ပေးဘဲ ရဲတွေက လက်ထိတ် ခတ်ပြီးတော့ ရဲစခန်းကို ဆက်လက်ဖမ်းဆီး ခေါ်ဆောင်သွားတယ်။ အခုလိုမျိုးဖြစ်ပျက်နေတာဟာ မြန်မာ နိုင်ငံမှာ တရားဥပဒေစိုးမိုးရေး မရှိသေးတာ ကို ဖော်ပြနေတာဘဲ။ " ဟု အဆိုပါရှေ့နယ်က ဆက်လက် ပြောသည်။

No comments:
Post a Comment