Thursday, January 10, 2013

အသိမ်းခံမြေ ပြန်လည်ရရှိရေးအတွက် သန်လျင်တွင် တကိုယ်တော် ဆန္ဒပြ

ရိုးမ ၃

လွန်ခဲ့သည့် ၁၀ နှစ်ကျော်ကာလက ရေနံချက်စက်ရုံ တည်ဆောက်ရန်အတွက် သိမ်းဆည်းထားသည့် မြေကို ပြန်လည်ရရှိရေးအတွက် ပိုင်ရှင် ဒေါ်မြမြ (ခ) ဒေါ်စိမ်းမြမြက (၄၊ ၁၊ ၂၀၁၃) ရက်နေ့က တကိုယ်တော် ဆန္ဒပြခဲ့သည်။

စွမ်းအင်ဝန်ကြီးဌာနက မြန်မာရေနံဓာတုလုပ်ငန်း၊ အမှတ် (၁) ရေနံချက်စက်ရုံ (သန်လျင်) တည်ဆောက်ရန်အတွက် သိမ်းယူထားသည့် သန် လျင်မြို့နယ်၊ ဒါရ်ကာရပ်ကွက်၊ အကွက်အမှတ် (၈) ရှိ မြေကွက်တွင် တဲထိုးကာ ယခုကဲ့သို့ ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

အဆိုပါ သန်လျင်မြို့နယ်၊ ဒါရ်ကာရပ်ကွက်၊ အကွက်အမှတ် (၈)၊ ဆင်ကျုံးကွက်၊ ဦးပိုင်အမှတ် (၇) ရှိ မြေဧရိယာ (၄.၁၆၄) ဧကကိုရေနံချက် စက်ရုံတည်ဆောက်ရန် စွမ်းအင်ဝန်ကြီးဌာနက အလိုရှိသဖြင့် ပြီးခဲ့သည့် ၂၀၀၂ ခုနှစ်၊ မေလ (၂၂) ရက်နေ့က သိမ်းယူထား ပြီးဖြစ် ကြောင်း မကြာသေးမီကာလ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင်မှ သိရှိရကြောင်း မြေပိုင်ရှင် ဒေါ်မြမြနှင့် နီးစပ်သူတဦးက ပြောဆို သည်။

သိသိချင်းပင် ဒေါ်မြမြက နိုင်ငံတော်သမ္မတရုံးအပါအဝင် ဌာနဆိုင်ရာများသို့ အဆိုပါ မြေကွက်အား ပြန်လည်ရရှိလိုကြောင်းအသနားခံ စာတင် သွင်းသော်လည်း တစုံတရာ အရေးယူဆောင်ရွက်ပေးခြင်း မရှိကြောင်း ၂၀၁၂ ခုနှစ်၊ မတ်လ (၁၂) ရက်နေ့တွင် စွမ်းအင်ဝန်ကြီး ဌာန၊ မြန် မာ့ရေနံဓာတုလုပ်ငန်း၏ ပြန်ကြားစာအရ သိရှိရသည်။


ပြန်ကြားစာတွင် “မြေကွက်သည် အမှတ် (၁) ရေနံချက်စက်ရုံ (သန်လျင်) လုံခြုံရေးအတွက် ပုဒ်မ (၁၄၄) ထုတ်ပြန်တားမြစ်သည့် နယ် မြေ အတွင်း၌ ကျရောက်နေခြင်း၊ စက်ရုံ၏ အုတ်တံတိုင်းအတွင်း၌ တည်ရှိနေခြင်း၊ မြေယာပိုင်ဆိုင်မှု အ တွက် ဆောင်ရွက်ရမည့် လုပ်ငန်း စဉ်များ အားလုံး ဆောင်ရွက်ပြီးဖြစ်သည့်အတွက် အရေးယူရန်မရှိကြောင်း” ဖော်ပြပါရှိ သည်။

ထို့အတွက်ကြောင့် ဒေါ်မြမြက (၄၊ ၁၊ ၂၀၁၃) ရက်နေ့တွင် တကိုယ်တော် ဆန္ဒပြခဲ့ရာ ရပ်ကွက်အာဏာပိုင်တချို့နှင့် စက်ရုံတာဝန်ရှိသူ များက လာရောက်မေးမြန်းကြကြောင်းနှင့် ရဲများကလည်း သူ့အား ရဲစခန်းသို့ အတင်းခေါ်ယူခဲ့သော်လည်း ဒေါ်မြမြက လိုက်မသွားခဲ့ ကြောင်း သိရ သည်။

ယခုအခါ စက်ရုံတာဝန်ရှိသူများနှင့် ဒေါ်မြမြအကြားတွင် အပြန်အလှန် တရားစွဲဆိုမှုများ ရှိနေကြောင်း သိရသည်။

No comments: