Xiao Ting Shirley
မြန်မာ စစ်တပ်နှင့် ကချင်တိုင်းရင်းသား လက်နက်ကိုင်တို့အကြား ဖြစ်ပွါးနေသည့် တိုက်ပွဲများ ရပ်တန့်ရေးကြိုးပမ်း မှုနှင့် ပတ်သတ်၍ မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်က အစိုးရမှသူ့ထံတရားဝင်ကမ်းလှမ်း ရန် လိုအပ်သည်ဟု တနင်္ဂနွေနေ့တွင် ပြောကြားလိုက် သည်။
ဒေါ်အောင်ဆန်းစုကြည်က “အဲဒါက အစိုးရရဲ့ တာဝန်ပါ ပဲ” ဟု AFP သတင်းဌာနသို့ပြောဆိုလိုက်ပြီး နိုင်ငံတကာ က စိုးရိမ်မကင်းဖြစ်နေ ကာ ပိုမိုဆိုးဝါး လာနေသည့် မြန် မာ့ပြည်တွင်းစစ် ရပ်တန့်သွားစေရန် ရည်ရွယ် သည့်ငြိမ်း ချမ်း ရေး ဆွေးနွေးညှိနှိုင်းမှုများတွင် ပါဝင်ရန် သူ၏သ ဘော ထားကို ထုတ်ဖေါ်လိုက်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်တွင် တိုက်ပွဲများ ပိုမို ပြင်းထန်လာပြီး၊ ကချင်လွတ်မြောက် ရေး တပ်မတော် (KIA) ၏ ရှေ့တန်း နေရာ တချို့အား မြန်မာ အစိုးရက လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့အပြီး ရက်အနည်းငယ် အကြာတွင် နိုဗယ် ငြိမ်း ချမ်းရေး ဆု ရှင် ဒေါ်အောင်ဆန်းစုကြည်၏ မှတ်ချက် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံရှိ အခြားသော တိုင်းရင်းသား လူနည်းစု များကဲ့သို့ပင် ကချင်များသည်လည်း ကိုယ်ပိုင်ပြဌာန်းခွင့် အတွက် ဆယ်စုနှစ်ပေါင်း များ စွာ တိုက်ပွဲဝင်နေခဲ့ခြင်း ဖြစ်သည်။ သို့သော် ၂၀၁၃ ခုနှစ်အတွင်း ဝင်ရောက်လာချိန်တွင်မူ KIAသည် သမ္မတ ဦးသိန်းစိန် ခေါင်း ဆောင် သည့် မြန်မာ အစိုးရအဖွဲ့နှင့် အပစ်အခတ် ရပ်စဲရေး စာချုပ် မချုပ်ဆိုရသေးဘဲ ကျန်ရှိနေသည့် အဓိက တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့ ဖြစ် သည်။
မြန်မာ အစိုးရနှင့် KIA အကြား ၁၇ နှစ်ကြာ အပစ်အခတ် ရပ်စဲရေးမှာ ၂၀၁၁ ခုနှစ် ဇွန်လတွင် ပျက်ပြယ်ခဲ့ပြီး တိုက်ပွဲများ ပြန်လည်ဖြစ်ပွါး ခဲ့ ကာ ယခုအချိန်အထိ လူပေါင်း ၇၅,၀၀၀ ခန့် အိုးအိမ်များကို စွန့်ခွာ ထွက်ပြေးခဲ့ရသည်။
ဒီဇင်ဘာလ အတွင်းတွင် မြန်မာ စစ်တပ်က တိုက်လေယာဉ်နှင့် ရဟတ်ယာဉ်များ အသုံးပြု၍ KIA၏ ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့ အနီး တွင် KIA ကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် တိုက်ပွဲများ ပိုမို ပြင်းထန်လာခဲ့သည်။
သမ္မတ ဦးသိန်းစိန်ကမူ မြန်မာ စစ်တပ် အနေဖြင့် မိမိကိုယ်ကို ကာကွယ်သည့် အနေဖြင့်သာ ခုခံတိုက်ခိုက်ရမည်ဖြစ်ကြောင်း အမိန့်ပေး ထား ခဲ့သည်ဟု ဆိုခဲ့ပြီး အစိုးရ အနေဖြင့် စစ်ပွဲများကို နောက်မျိုးဆက်သို့ လက်ကမ်း မပေးလိုကြောင်း ပြောခဲ့သည်။
မြန်မာအစိုးရက KIA အား လေကြောင်းတိုက်ခိုက်မှု ပြုလုပ်စဉ် အတွင်း မြန်မာ-တရုတ်နယ်စပ် အ နီး တရုတ်နယ်မြေ အတွင်းတွင် ဗုံး ၃လုံး ကျ ရောက် ခဲ့သည်ဟု ဆိုကာ စနေနေ့က တရုတ်အစိုးရသည် မြန်မာနိုင်ငံအား တရားဝင် ကန့်ကွက်မှု ပြုလုပ်ခဲ့သည်။ တရုတ်အစိုးရကမြန် မာအစိုးရအား နှစ်နိုင်ငံ နယ်စပ်ဒေသတွင် ပြန်လည်ငြိမ်းချမ်း တည်ငြိမ်ရန် လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့သည်။ တိုက်ပွဲများကြောင့် ကချင်လူ မျိုး ဒုက္ခသည် အများစု ပါဝင်သည့် ဒုက္ခသည်ပေါင်း ၁၀,၀၀၀ ကျော်သည် နယ်စပ်ဒေ သရှိ တရုတ်နိုင်ငံ ရွှေလီမြို့သို့ ထွက်ပြေး ခိုလှုံနေရသည်။
ကချင်ပြည်နယ်တွင် မြန်မာအစိုးရက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းသည် အလွန်အမင်း စိုးရိမ်စရာ ကောင်းသည် ဟု အမေရိ ကန် ပြည်ထောင်စုကလည်း လွန်ခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် ပြောခဲ့သည်။
ကုလသမ္မဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း မြန်မာအစိုးရ အနေဖြင့် ဒေသတွင်းရှိ အရပ်သားများကို ထိခိုက် စေ မည့် လုပ်ဆောင်ချက် မှန်သမျှအား ရပ်တန့်ရန် တိုက်တွန်းခဲ့ပြီး ထိုသို့ မရပ်တန့်ပါက ဒေသတွင်းတွင် ပဋိပက္ခများ ပိုမို ပြင်းထန်လာ လိမ့် မည် ဖြစ်ကြောင်း သတိပေးခဲ့သည်။

No comments:
Post a Comment