Wednesday, January 23, 2013

ရိုဟင်ဂျာကိစ္စနဲ့ထိုင်းစစ်ဘက် အရာရှိ ရာထူးကရပ်ဆိုင်းခံရ

ABC

မြန်မာနိုင်ငံ ​အနောက်ဘက်ပိုင်းကနေ ​ထွက်ပြေးလာတဲ့ ​ရိုဟင်ဂျာဒုက္ခသည်တွေကို ​လူကုန်ကူး ရောင်းဝယ်မှုတွေမှာ ​ပါဝင်ပတ်သက်ခဲ့ တယ်လို့ ​ယူဆရတဲ့အတွက် ​ထိုင်းစစ်တပ်က ​ဗိုလ်မှုးကြီးတစ်ဦးနဲ့ ​တခြားစစ်ဘက်အရာရှိတစ်ဦး ကို ​ခေတ္တရာထူးက ​ရပ်ဆိုင်းထားပြီး ​စုံစမ်းစစ်ဆေးမှု တွေလုပ်နေတဲ့အကြောင်း ​ထိုင်းစစ်တပ်က ​ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

မကြာသေးခင်ကပဲ ​ထိုင်းနိုင်ငံက ​ရှောင်တခင်ဝင်ရောက် ​စစ်ဆေးမှုတွေမှာ ​ရိုဟင်ဂျာ ​အယောက် ​၈၀၀ ​ကျော်ကို ​ဆုန်ကလာခရိုင်မှာ ​တွေ့ရှိခဲ့ ရာကစပြီး ​စုံစမ်းစစ်ဆေးမှုတွေ ​လုပ်နေခဲ့တာ ​ဖြစ်ပါတယ်။ ​အဲဒီ ​ရိုဟင်ဂျာတွေဟာ ​မလေးရှားနိုင်ငံထဲကို ​ထွက်ပြေးခဲ့တဲ့သူတွေဖြစ် ကြပြီး ​လူ ကုန်ကူးသူတွေက ​ထိုင်းနိုင်ငံထဲကို ​ရောင်းစားခဲ့တာဖြစ်မယ်လို့ ​ယူဆထားကြပါတယ်။

အဆိုပါ ​ရိုဟင်ဂျာတွေကို ​လူကုန်ကူးခဲ့မှုနဲ့ ​ပတ်သက်ပြီး ​လူကုန်ကူးအဖွဲ့ဝင်တွေလို့ ​ယူဆရတဲ့ ​လူ ​၈ ​ယောက်ကို ​ထိုင်းရဲတပ်ဖွဲ့က ​ဖမ်း ဆီးခဲ့ ပြီး ​တခြားလူ ​၃ ​ယောက်ကိုလည်း ​ဆက်လက်ရှာဖွေနေတယ်လို့ ​သိရပါတယ်။ ​ထိုင်းရဲတပ်ဖွဲ့ရဲ့ ​သင်္ကာမကင်းအဖြစ်ခံရသူတွေထဲ မှာ လူသိ များ တဲ့ ​ဌာနေနိုင်ငံရေးသမားတစ်ယောက်လည်း ​ပါဝင်တဲ့လို့ ​ဆိုပါတယ်။


အခု ​စုံစမ်းစစ်ဆေးမှုတွေနဲ့ ​ပတ်သက်ပြီးတော့ ​လူကုန်ကူးမှုလုပ်ခဲ့တဲ့ ​စစ်တပ်ဖက်ကလူတွေကို ​ထိ ထိရောက်ရောက်အရေး ယူသွားမှာဖြစ်တဲ့ အကြောင်း ​ထိုင်းနိုင်ငံက ​စစ်ဖက်ထိပ်တန်းအရာရှိတွေက ​ထုတ်ဖော်ပြောဆိုထားကြပါတယ်။ ​စစ်ဖက်ဆိုင်ရာ ​အရာရှိတွေကို ​စွပ်စွဲအရေးယူဖို့ ​ခက်ခဲတဲ့ ​ထိုင်းနိုင်ငံမှာ ​အခုလို ​စုံစမ်း ​အရေးယူမှုတွေ ​မြန်မြန်ဆန်ဆန်ဖြစ်လာတာကို ​အံ့အားသင့်မိတဲ့အကြောင်း ​ထိုင်းအရေးလေ့လာသူ တွေ က ​ပြောဆိုထားကြပါတယ်။

ထိုင်းနိုင်ငံဟာ ​နယ်နမိတ်ထိစပ်နေတဲ့ ​အိမ်နီးချင်းနိုင်ငံတွေထက် ​စီးပွားရေးတောင့်တင်းတဲ့အတွက် ​မြန်မာအပါအဝင် ​အိမ်နီးချင်းနိုင်ငံ တွေက ​ပြောင်းရွှေ့လုပ်သားတွေ ​လာရောက်အလုပ်လုပ်ကိုင်မှုများသလို ​တတိယနိုင်ငံတစ်ခုခုကို ​သွားရောက်ခွင့်ရဖို့ကြိုးစားနေတဲ့ ​ဒုက္ခသည်တွေ ​ဝင် ရောက်မှုများတဲ့ ​နိုင်ငံဖြစ်ပါတယ်။

No comments: