Tuesday, January 22, 2013

တိုက်ပွဲတွေရပ်ပြီး နိုင်ငံရေးတွေ့ဆုံဆွေးနွေးကြရန် အစိုးရ နှင့် KIA ကို ချင်းကျောင်း သားများတောင်းဆို

ခိုနူမ်းထုန်

ကချင်လွတ်မြောက်ရေးတပ်မတော် KIA နှင့် အစိုးရတပ်မတော်တို့အကြား ဆက်လက်ဖြစ်ပွားနေသော တိုက်ပွဲများကို အမြန်ဆုံးရပ်ပြီး နိုင်ငံ ရေးအရ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန် အိန္ဒိယ နှင့်မလေးရှားနိုင်ငံအခြေစိုက်ချင်းကျောင်းသား သမဂ္ဂအဖွဲ့က တောင်းဆိုလိုက် သည်။

အိန္ဒိယ နှင့် မလေးရှားနိုင်ငံအခြေစိုက် ချင်းကျောင်းသားများအဖွဲ့က ကချင်တိုက်ပွဲအရေးနှင့်ပတ် သက်ပြီး ယခုလ ၁၉ ရက်နေ့က အချက် ၅ ချက်ပါသော တောင်းဆိုချက်တရပ်ကို ထုတ်ပြန်လိုက်ကြခြင်းဖြစ်သည်။ အစိုးရ နှင့် KIA အ ကြား ဖြစ်ပွားလျက်ရှိသော အပြင်းအထန် တိုက် ခိုက်မှုများကို လွတ်လပ်ပြီးဘက်လိုက်မှုမရှိသော စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းပြီး လေ့ လာသုံးသပ်ရန် နှင့် တပ်မတော်ဘက်မှ လက်နက်ကြီး များအသုံးပြုကာ KIA အပေါ် တိုက်ခိုက်နေခြင်းကြောင့် ဒေသခံပြည် သူများအား အိုးမဲ့၊ အိမ်မဲ့ အဖြစ် မွေးထုတ်ပေးနေ သည် သာမက နေ့စဉ် နေ့တိုင်း ကြောက်ရွံ့မှုများနှင့် ရင်ဆိုင်နေကြသည်ကို စာနာသနားပြီး အမြန် ဆုံး တပ်မတော်မှ ထိုးစစ်များ ရပ်တန့်ပေးရန် ချင်းကျောင်းသား များအဖွဲ့၏ ပူးပေါင်းကျေညာ ချက် တွင်ဖော်ပြထားသည်။ပြီးခဲ့သော ၂၀၁၂ ခုနှစ် ဒီဇင်ဘာလကစပြီးတပ်မတော်ကလက်နက်ကြီးများနှင့်လေ ကြောင်းမှတဆင့် KIA အပေါ် အပြင်းအထန် ထိုးစစ်ဆင်ခဲ့ သောကြောင့် သောင်းနှင့်ချည်သော ဒုက္ခသည်များဖြစ်ပေါ်လာပြီး၊ လူ့အခွင့်အရေး ချိုး ဖောက်မှုများ လည်း ၎င်းဒေသတွင် ပိုမိုဆိုးရွား လာခဲ့သည်ဟု ချင်းကျောင်းသားများဆိုသည်။ယခုကဲ့သို့ နှစ်ဘက်စလုံးတိုက်ခိုက်နေခြင်း ကြောင့် မြန်မာနိုင်ငံ ဒီမိုကရေစီတည်ဆောက် ရေး နှင့် ဖက်ဒရယ် ပြည် ထောင် စုတည်ဆောက်ရေးကို ထိခိုက်စေနိုင်ကြောင်း ချင်းကျောင်း သားများ၏ ကျေညာချက်တွင် ထောက်ပြ ထား သည်။

လက်ရှိဖြစ်ပေါ်နေသော တိုက်ပွဲများကြောင့် ကချင်ဒေသတချို့မှ ကျောင်းများပိတ်လိုက်ရသည့်အခြေအနေအထိ ဖြစ်ပေါ်ခဲ့ရပြီး ကလေး ငယ် များ၏ အနာဂတ်ပညာရေးကို ထောက်ရှူပြီး ကျောင်းသင်ခန်းစာများပြန်လည်သင်ကြား နိုင်ရန် အမြန်ဆုံး လုပ်ဆောင်ရန် လည်း တောင်းဆို ထားကြသည်။

အစိုးရ နှင့် KIA တို့ တိုက်ပွဲကြောင့် ကချင်ပြည်နယ် ဖားကန့်မြို့နှင့် အနီးတ၀ိုက်ရှိစာသင်ကျောင်း များကိုယခုလ ၁၅ ရက်နေ့ကစပြီးပိတ်ပင် ခဲ့ရသည်။ ထို့ကြောင့် အနာဂတ် မြန်မာနိုင်ငံတည် ဆောက် ရေးတွင် အရေးကြီးသောလူ ငယ် များ ပညာရေးကို ဦးစားပေးပြီးကျောင်းသင် ခန်းစာ များ တ ပြည်လုံးပြန် လည်သင်ကြားနိုင်ရန်လည်း ချင်းကျောင်းသား များက တောင်း ဆိုထားကြသည်။

KIA နှင့် မြန်မာအစိုးရတို့သည် ၁၉၉၄ ခုနှစ်က အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး သမ္မတ ဦးသိန်းစိန်လက်ထက် ၂၀၁၁ ခုနှစ်မှာ နှစ်ဘက်အကြား နိုင်ငံရေးတင်းမာမှုများရှိလာပြီး
တိုက်ပွဲများပြန်လည် ဖြစ်ပွားခဲ့ သည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ချင်းအမျိုးသားတပ်ဦး CNF ကလည်း မြန်မာအစိုးရကို အပြင်းအထန်ကန့်ကွက်ကြောင်း ဇန်န၀ါရီ ၅ ရက်နေ့က လည်း ကျေညာချက်ထုတ်ပြန်ခဲ့သည်။

အစိုးရ၏ ယခုလ ၁၉ ရက်နေ့ထုတ်ပြန်ချက်ထဲတွင် ကချင်ထိုးစစ် ရပ်ဆိုင်းရန် ဟု ဖော်ပြထား သော်လည်း ယနေ့ ၂၁ ရက်နေ့အထိ တိုက် ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု ဒီဗွီဘီ သတင်းတွင် ဖော်ပြထား သည်။

No comments: