Tuesday, January 8, 2013

KIA အပေါ် မြန်မာ့ထိုးစစ်သည် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအား ထိခိုက်စေ နိုင်ဟု နိုင်ငံရေးပါတီများ ပြောဆို

စိုးမင်း

ဒီဇင်ဘာလ(၃၁)ရက်နေ့တွင် အစိုးရတပ်မှ တိုက်လေယဉ်ကြီးဖြင့်တိုက်သည်မှ လူနေအိမ်(၂)လုံး မီးလောင်နေစဉ်

ယခုကဲ့သို့ မြန်မာ့တပ်မတော်မှ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)အပေါ် အင်အားအလုံးအရင်းသုံး တိုက်ခိုက်သိမ်းပိုက်ခြင်းမှာ လက် ရှိ မြန်မာအစိုးရ ဖော်ဆောင်နေသောအမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ကြောင်း ပြည်တွင်းအာဏာ ရပါတီ များ က ပြောဆိုလိုက်သည်။

"မြန်မာ့တပ်မတော်အနေနဲ့ လက်နက်အားကိုး၊ လူများစုအားကိုးနဲ့သာ တိုင်းရင်းသားလူမျိုးတွေအ ပေါ်မှာအတင်းအကြပ်သိမ်းသွင်းနေလို့ရှိ ရင် ခိုင်မြဲတဲ့ပြည်ထောင်စုကို တည်ဆောက်နိုင်မှာမဟုတ်ပါဘူး။ အဲဒါကြောင့် ဒီလိုထိုးစစ်ဆင်ပြီး တော့ ကချင်ပြည်နယ်ထဲကို အတင်းအကျပ် လက် နက်အင်အားသုံးပြီးတော့ ဖြိုခွင်းတိုက်ခိုက် နေတာတွေ အားလုံးကို ရှုတ်ချပါတယ်၊ လက်နက်နဲ့မည်သည့်အရာမှ ဖြေရှင်းလို့မရပါဘူး။ ယုံကြည်မှုနဲ့သာ တည်ဆောက်နိုင်မှာဖြစ်တယ်။" ဟု ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဌ ဒေါက်တာဦးအေးမောင်က ပြော သည်။

ထို့အပြင် လွတ်လပ်ရေးရပြီးချိန်မှ ခေတ်အဆက်ဆက်ဖြစ်သော ဖဆပလခေတ်၊ ဦးနေဝင်းခေတ်၊ န၀တခေတ်၊ နအဖခေတ်နှင့် ယခု ဦး သိန်း စိန်ခေတ်ထိ နိုင်ငံ့ဦးသျှောင်များသည် ကတိက၀တ်များရှိခဲ့သည့်အတိုင်း ပွင့်လင်း မြင်သာစွာမကျင့်ကြံခဲ့သည့်အတွက် ပြည်တွင်း စစ်မှာ ယနေ့တိုင် ဖြစ်ပွားနေရခြင်းဖြစ်ကြောင်း ဒေါက်တာ အေးမောင်က ဆက်လက်ပြောကြားသည်။

" တခြားလက်နက်ကိုင် အဖွဲ့အစည်းတွေကို ဆက်သွားလို့ရှိရင် ပိုပြီးတော့မကောင်းတဲ့ အကျိုး သက်ရောက်မှုတွေ ဖြစ်သွားနိုင်တာပေါ့။ သူတို့တိုက်နေတဲ့အချိန်မှာ တခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း လှုပ် ရှားလာပြီးတော့ ငြိမ်းချမ်းရေးလမ်းစဉ်လည်း ပျက် သွားနိုင်တဲ့ အနေအထားကို ရောက်လာနိုင်ပါတယ်။ အပစ်အခတ်ရပ်ထားတဲ့ တခြား အဖွဲ့အစည်းတွေကလည်း မကျေနပ်လို့ရှိရင် ဒါကတိုက် ပွဲတွေ ပြန်ပြီးတော့ ဖြစ်ပွားလာနိုင်ပါတယ်။ " ဟု မွန်ဒီမိုကရေစီပါတီ ဥက္ကဌ ဦးနိုင်ငွေသိန်းက ပြောကြားသည်။

NLD ပါတီမှ နာယက ဦးဝင်းတင်ကလည်း သူ၏တစ်သီးပုဂ္ဂလအမြင်အား " ကျွန်တော်တို့အနေနဲ့ အများကြီး အနှောင့်အယှက်ဖြစ်တာပေါ့။ အ နှောင့်အယှက် ရှိရုံတင်မဟုတ်ဘူး။ ရှင်းရှင်းပြောရရင် အပိတ်အဆို့ကိုတောင် ဖြစ်တယ်လို့ပြောလို့ရတယ်။ အဲဒီလိုဆိုလို့ရှိရင် နှစ်မျိုးပြောလို့ရ တယ်။ တစ်မျိုးကတော့ အစိုးရကနေပြီးတော့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ဆွေး နွေးညှိနှိုင်းမှုတွေ လုပ်နေတယ်လို့ ပြောနေတဲ့အ ချိန်မှာ ဒါဟာစစ်တပ် ကနေကြားဝင်ပြီးတော့ နှောင့်ယှက်နေတာလား၊ ပိတ်ဆို့နေတာ လား၊ အဟန့်အတားတွေ လုပ်နေတာလား၊ ဒီလိုလည်း စဉ်းစား လို့ရတယ်။ သို့မဟုတ်ရင်လည်း အစိုးရကိုယ်တိုင်က တစ်ဖက်နေပြီးတော့ ငြိမ်းချမ်း ရေးစကားတို့ ဘာတို့ကိုခေါ်ဆောင်ပြီးတော့ စကားတွေ ပြောနေပြီ၊ ဟိုဖက်ကနေပြီးတော့ စစ်တပ်နဲ့ သူတို့ဘာ သာသူတို့ရှေ့တန်းထွက်တဲ့ပုံစံမျိုးနဲ့ လက်နက်အင်အားအများကြီးနဲ့ ကချင်လက်နက် ကိုင်တပ်တွေရဲ့ လှုပ်ရှားမှုကို ရပ်ဆိုင်းသွားတဲ့အထိ လုပ်ချင်တဲ့ သ ဘောနဲ့ စကားနှစ်ခွပြောနေတာလား မေးစရာရှိတယ်လို့ ပြောချင် တယ်။ " ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး (၆၅)နှစ်ရှိလာပြီဖြစ်သော်လည်း လွတ်လပ်ရေး၏ အနှစ်သာရကိုခံစားရမည့်အစား ဗမာစစ်အစိုးရ၏ ဖိနှိပ်မှု၊ ညှင်း ပန်းနှိပ်စက်မှုဒဏ်များကို ခါးစည်းခံကာ အသက်ပေးဆပ်၊ စတေးသွားခဲ့ရသည့် ပြည်ထောင်စုသားများစွာရှိကြောင်း ဒေါက်တာအေး မောင်၏ ပြောဆိုချက်အရ သိရသည်။

ယခုကဲ့သို့ မြန်မာတပ်မတော်မှ တိုင်းရင်းသားလက်နက်ကိုင်တပ်မတော်များကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက် နေမည်ဆိုလျှင် မြန်မာ အ စိုး ရဖော်ဆောင်နေသော အမျိုးသားရင်ကြားစေ့ရေးမှာ လုံးဝဆိတ်သုဉ်း ပျောက်ကွယ်သွားနိုင်သည်ဟု နိုင်ငံရေးလေ့လာသူများ၏ ဝေဖန် သံ များထွက်ပေါ်နေသည်။

No comments: