ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၁၆ ရက် ၂၀၁၃
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်ရာ လိုင်ဇာမြို့၏ အနောက်ဘက် တောင်ကုန်းများနှင့်ယင်းတို့၏ တပ်မဟာ ၅ လက်အောက်ခံ တပ်ရင်း ၂၃ စစ်စခန်းရှိရာ ခရာဘွမ်တွင် အစိုးရ စစ်တပ်ဘက်မှမြေပြင် ထိုးစစ်ဆင် တိုက်ခိုက်မှုတွင် လေကြောင်းမှလည်း ပစ်ကူနေ သည်ဟု သိရ သည်။
ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၂ နာရီကျော်မှ ညနေ ၅ နာရီခွဲချိန်ထိ ဗဟိုဌာနချုပ် KIA တပ်မဟာ ၅ နယ်မြေ လိုင်ဇာမြို့၏တောင်ဘက် ခရာဘွှမ် အ နီး တဝိုက်အတွင်း အစိုးရဘက်မှ တိုက်လေယာဉ် နှစ်စင်းဖြင့် ဗုံးကျဲ ပစ်ကူနေသည်ဟုကျောင်းသားတပ်မတော်(မြောက်ပိုင်း) ABSDF ပြန် ကြား ရေးတာဝန်ခံ ဗိုလ်မှူး မင်းဌေးက ပြောသည်။
“အခုနောက်ဆုံး ၅ နာရီ ၂၀ မှာ လာပစ်တယ်။ အခုလည်းပဲ ပြန်သွားပြီ။ လေကြောင်းကလည်း ခြောက်စင်းလောက် လာပြီး ပစ်တာ။ တခါ လာရင် နှစ်စင်းလာပစ်တယ်။ ၇၇၁ တကျောမှာ ရှိတဲ့ ခရာဘွမ်ကို သူတို့ ထိုးနေတာ” ဟု မဇ္စျိမကို ပြောသည်။
၎င်းက ဆက်လက်၍ “မနေ့က ခရာဘွမ်ကို သူတို့ တက်ထိုးလာတာကို KIO က ပြန်တိုက်ထုတ် လိုက်တော့ သူတို့ပြန်ဆင်းပြေး သွား တယ်။ ထိုးမရတော့ သူတို့ ထိခိုက် ကျဆုံးများလာတော့ လေယာဉ်နဲ့ လာပစ်ကူတယ်။ ဒီနေ့လည်း အဲဒီနေရာမှာပဲ လာပစ်ကူနေတယ်” ဟု ပြောသည်။
မြန်မာစံတော်ချိန် ၅ နာရီကျော်ချိန်ထိ မြေပြင်တိုက်ပွဲလည်း ဆက်လက် ဖြစ်ပွားနေဆဲ ဟု ဗိုလ်မှူးမင်းဌေး က ဆိုသည်။
လိုင်ဇာမြို့ခံ တဦးကလည်း “လေယာဉ်ဟုတ်တယ်။ ပတ်ပတ်ပြီး ဖြစ်နေတယ်။ ခုတောင် မြင်နေရ တယ်။ အရမ်း နီးသလိုပဲ ဒီကနေ အသံ ကောင်း ကောင်း ကြားနေရတယ်။ ဒစ်ဒစ်ဒစ်နဲ့ လေယာဉ်ပေါ်ကနေ ပစ်ချသံပဲ။ တခါတခါ ဗုန်း ဗုန်းဆိုတဲ့ အသံကြားတာက ၉ ကြိမ်ရှိပြီ။ ဒီက နေ ဖြူဖြူလေး တွေ့နေရတယ်” ဟု ပြောသည်။
No comments:
Post a Comment