ဂျွန်မိုးနိုင်
ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေးအတွက် လာမည့် ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးပွဲမှာ ထပ် မံဆွေးနွေးမယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ကပြောဆိုပါတယ်။
လာမည့် ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးပွဲ ဘယ်တော့ဖြစ်ပေါ်လာမလဲ ဆိုတာကို မသိရှိရသေးပေမဲ့လို့ ငြိမ်းချမ်းရေးဖော်ဆောင်ရာ ကာ လမှာ တတိုင်းတပြည်လုံး အပစ်ခတ်ရပ်စဲဖို့ အရေးကြီးနေတဲ့အတွက် ကချင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ စစ်ရေးအခြေအနေတွေနဲ့ ပတ်သက် ပြီး မဖြစ်မနေ ဆွေးနွေးရလိမ့်မယ်လို့ လွိုင်ကော်မြို့ KNPP ဆက်ဆံရေးရုံး တာဝန်ခံ ခူဒယ်နီယာက ပြောပါတယ်။
“လာမယ့် ဆွေးနွေးပွဲ ရှိရင်လည်း ဒီ(ကချင်)ကိစ္စကိုတော့ ဆွေးနွေးရမှာပဲ။ ပြီးခဲ့တဲ့ ပြည်ထောင်စု အဆင့်တုန်းကလည်း ဒါတွေကို ဆွေးနွေးပါ တယ်။ ဒီကချင်တွေမှ မဟုတ်ဘူးပေါ့။ ကျန်တဲ့ အပစ်ခတ်ရပ်စဲရေး မလုပ်သေးတဲ့ အဖွဲ့အ စည်းတွေအားလုံး အပစ်ခတ်ရပ်စဲရေးလုပ်ပြီးတော့မှ နိုင်ငံရေးဆွေးနွေးပွဲလုပ်ဖို့ ဒါကတော့ ပေါ်လစီရှိထားပြီးသားပါပဲ” ယမန် နေ့က ကချင်လွတ်လပ်ရေး တပ်မတော် KIA နဲ့ ကချင်လွတ်လပ်ရေး အဖွဲ့ KIO ဌာနချုပ်အနီး တောင်ကုန်းစခန်းကို အစိုးရတပ်တွေဘက် မှ ထိုးစစ်ဆင်နေကြောင်းသိရပါတယ်။
ဒီဇင်ဘာလ ၃၀ ရက်နေ့က KIA ရဲ့ရှေ့တန်း လဂျားယန်စခန်း ပွိုင့် ၇၇၁ တောင်ကုန်းကို အစိုးရစစ်တပ်မှ လေကြောင်းလိုင်းဖြင့် ပစ်ကူ တိုက် ခိုက်မှုများ ရှိခဲ့တဲ့အတွက် ကုလသမဂ္ဂနဲ့ အမေရိကန် ပြည်ထောင်စုတို့မှ လေကြောင်းတိုက်ခိုက်မှုကို အမြန်ဆုံးရပ်တန့်ပေးဖို့ ထုတ် ဖော်ပြော ဆိုခဲ့ပါတယ်။
KIO / KIA ဟာ စစ်အစိုးရလက်ထက်က အပစ်ခတ်ရပ်စဲရေးယူထားပြီး သမ္မတဦးသိန်းစိန် အစိုးရသစ်တက်လာပြီးတဲ့နောက် ၂၀၁၁ ခုနှစ် ဇူ လိုင်လမှာ အပစ်ခတ်ရပ်စဲရေး သဘောတူညီမှု စတင်ပျက်ပျယ်ခဲ့ပြီး ယနေ့ထိ တိုက်ပွဲများဖြစ်ပွားနေပါတယ်။ တိုက်ပွဲဖြစ်ပွားမှု များလာ တဲ့အ တွက် အပြစ်မဲ့ အရပ်သားများ ထိခိုက်သေဆုံးမှုနဲ့ စစ်ပြေးဒုက္ခသည်တွေ တိုးပွားလာနေပါတယ်။
KIO ထိန်းချုပ်နယ်မြေအတွင်း စစ်ပြေးဒုက္ခသည်စခန်းပေါင်း (၃၀) ကျော်ရှိပြီး ဒုက္ခသည်ပေါင်း (၅၀,၀၀၀) ဝန်းကျင်ခန့် ရှိနေကြောင်းနဲ့ မြို့ပေါ်မှာ ကချင်စစ်ပြေး ဒုက္ခသည်ပေါင်း ၃၃,၀၀၀ ခန့်ရှိတယ်လို့ ကချင်ဒုက္ခသည် စခန်းတာဝန်ခံ ဦးဒွဲပီဆာရဲ့ပြောပြချက်ကို ကချင်သ တင်း ဌာန KNG မှ ဇန်န၀ါရီလ ၄ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။
"ကျတော်တို့ က အပစ်အခတ် ရပ်စဲရေး လုပ်တာက တဖွဲ့တည်း မဟုတ်ပဲ တတိုင်းပြည်လုံး အပစ် ခတ်ရပ်စဲရေး လုပ်ဖို့ ငြိမ်းချမ်းရေးလုပ်ဖို့ နောက်ပြီးတော့မှ တိုင်းရင်းသားအဖွဲ့အစည်းတိုင်း အပစ်ခတ်ရပ်စဲရေးလုပ်ဖို့ဆိုတာ ကျတော်တို့တောင်းဆိုချက်ထဲမှာ တချက်ပါဝင်ပါတယ်" လို့ ခူဒယ်နီယာက ပြောပါတယ်။
KNPP နဲ့ အစိုးတို့ဟာ ၂၀၁၂ခုနှစ် မတ်လ ၇ ရက်နေ့မှာ အပစ်ခတ်ရပ်စဲရေးအတွက် သဘောတူ လက်မှတ်ရေးထိုးထားကြပြီး ငြိမ်းချမ်း ရေး ဖေါ်ဆောင်နိုင်ဖို့ ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးပွဲကို ၂၀၁၂ ခုနှစ် ဇွန်လ ၉ ရက်နေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။
ကယား(ကရင်နီ)ပြည်နယ်မှာ အစိုးရတပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေနဲ့ စစ်သင်တန်းကွင်း တည်ဆောက်နေတဲ့ ကိစ္စရပ်တွေအတွက် သ ဘော တူ ညီချက်တွေ မချမှတ်နိုင်သေးတဲ့အတွက် နှစ်ဦးနှစ်ဘက် တွေ့ဆုံဆွေးနွေးမှုတွေ ဆက်လုပ်ဖို့ သဘောတူထားကြပါတယ်။
ယခုလို ကချင်သေဒဘက်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေနဲ့ပတ်သက်ပြီး ကယားပြည်နယ်က သာမန်မိဘပြည်သူတဦးက ယခုလိုပြောဆိုပါ တယ်။
"ကချင်လိုစစ်ဖြစ်ဖို့ကတော့ ပြည်သူတယောက်အနေနဲ့တော့ မလိုလားပါ။ အဲဒီလိုလဲ မဖြစ်စေချင် ဘူး အဲဒီလိုဖြစ်လာမှာကိုလည်း စိုးရိမ်ပါ တယ်။ မဖြစ်လာနိုင်ဘူးလို့လဲ ပြောလို့မရဘူး"

No comments:
Post a Comment