သျှမ်းသံတော်ဆင့်
ဝ ပြည်သွေးစည်းညီညွှတ်ရေးပါတီ UWSP/UWSA တောင်ပိုင်းတပ်ဖွဲ့ နှင့်သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မ တော် RCSS/SSA တို့ တွေ့ဆုံရာတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အပါအဝင် အချက် ၄ ချက်ကို ဆွေးနွေးသဘောတူညီနိုင်ခဲ့ကြောင်း ဒေသ တွင်း သတင်းကဆိုသည်။
“ ၁- အပစ်ရပ်မယ် ၂- နှစ်ဦးနှစ်ဘက် လက်တွဲပူးပေါင်းပြီး စိုက်ပျိုးရေးတွေလုပ်မယ် ၃- သျှမ်းဘက် က တပ်စခန်းတွေ ဆောက်လုပ်ဖို့နေရာ အကြောင်း ဆွေးနွေးတယ် ၄- မူးယစ်ဆေးဝါးမူးပေါင်းနှိမ်နင်းမယ် ဆိုတဲ့အချက် ၄ ချက်ဆွေး နွေးကြ တယ်လို့ကြားသိရတယ်” ဟု အမည် မဖေါ်လိုသည့် RCSS/SSA တပ်မှူးတဦးက ပြောပြသည်။
ဒီဇင်ဘာ လကုန်ပိုင်းက သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် ဟွေ့အော့၌ ပြုလုပ်ခဲ့သော အဆိုပါ တွေ့ဆုံပွဲသို့ UWSA ၀ ပြည်သွေး စည်း ညီညွတ်ရေးတပ်မတော်မှ အမှတ် ၁၇၁ စစ်ဒေသ ဒုတပ်မှူးကြီး Yang Jun ၊ တပ်မဟာ ၇၇၅ တပ်မဟာမှူး ယန်ကော်ကျုံး ၊ ဒုတပ်မ ဟာမှူး Ya Lisi တို့ဦးဆောင်သော အဖွဲ့နှင့် သျှမ်းပြည်တပ်မတော် RCSS/SSA ဘက်မှ ဗိုလ်မှူးကြီး တင်းခေး ၊ ဗိုလ်မှူးကြီး စိုင်းဟန် နှင့် ဗိုလ်မှူးကြီး ဝမ်း လီတို့ တက်ရောက်ခဲ့ကြကြောင်း သိရပါသည်။
အချက်နံပတ် ၁ ဖြစ်သော အပစ်ရပ်စဲရေးကိစ္စတွင် ယမန်နှစ်က သျှမ်းပြည်တပ်မတော်၏ တပ်သား ကေဒါများအား ၀ ပြည် သွေးစည်းညီ ညွတ် ရေးတပ်မတော်မှ ဖမ်းဆီးသည့်ကိစ္စ ရှေ့ဆက်ထိုကဲ့သို့ ထပ်မံမဖြစ်ပွါးရန်သဘောတူညီခဲ့ကြသည်။ သံသ ယကင်းစွာဖြင့် တဖက် နယ်မြေ အ တွင်းသို့လည်း လွတ်လပ်စွာဖြတ်သန်းသွားလာခွင့်ရှိသည်ဟုလည်း သဘောတူညီကြသည်။ဖမ်းဆီးထားသူများ အနက် ကျန် တချို့အား တွေ့ဆုံသည့်နေ့ကပင် ပြန်လည်လွတ်ပေးလိုက်သည်။
အချက်နံပတ် ၂ - နှစ်ရှည်ပင်များ ၊ ရာသီအလိုက်သီးနှံများကို ဝ တပ်နှင့် သျှမ်းတပ်တို့ပူးပေါင်းစိုက်ပျိုးရောင်းချကြမည် ဖြစ်ကြောင်း သ ဘော တူကြသည်။
အချက်နံပတ် ၃ - ယခင်က ပြဿနာဖြစ်ခဲ့ဖူးသော ပုံဖာပုံတောင်းဒေသ၌ သျှမ်းပြည်တပ်မတော်မှ တပ်စခန်းစိုက်ခွင့်ရှိသည်။
အချက်နံပတ် ၄ - နှစ်ဦးနှစ်ဘက် လက်တွဲပူးပေါင်းကာမူးယစ်ဆေးဝါးတိုက်ဖျက်သွားမည်။ အစရှိသည်တို့ဆွေးနွေး ခဲ့ကြ သည်။
စိုက်ပျိုးရေးအတွက် သျှမ်းပြည်တပ်မတော်ဘက်မှ ပုံပါကျင်နှင့်နားကောင်းမူး အရှေ့ဘက်ခြမ်းတွင်နေရာရွေးချယ်ထား သည်ဟုလည်း သိရ ကြောင်း ၎င်းကပြောပါသည်။
သို့သော်အဆိုပါအချက်များနှင့်ပတ်သက်၍ သျှမ်းပြည်တပ်တော် RCSS/SSA ပြောခွင့်ရ ပုဂ္ဂိုလ်ထံမှ အတည်ပြုချက် မရသေးပေ။
သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA တို့ ဒုတိယအကြိမ်တွေ့ဆုံပွဲကို ၂၀၁၂ ဒီဇင် ဘာလ ၂၈ နှင့် ၂၉ ရက်တွင် ပြုလုပ်ခဲ့ကြသည်။ ၂၀၁၂ ခု စက်တင်ဘာလ ၁၆ ရက်က ပထမအကြိမ်တွေ့ ဆုံ ခဲ့ကြသည်။

No comments:
Post a Comment