Friday, January 11, 2013

UNFC နှင့် ဦးအောင်မင်း ထိုင်းနိုင်ငံအတွင်း ထပ်မံတွေ့ဆုံမည်

သျှမ်းသံတော်ဆင့်

UNFC နှင့် အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ တို့ ထပ်မံတွေ့ဆုံမည်ဆိုပါက ထိုင်းနိုင်ငံအတွင်း၌ တွေ့ဆုံနိုင်ဖွယ် ရှိ ကြောင်း UNFC အတွင်းရေးမှူးကပြောသည်။

“ မနှစ်က နိုဝင်ဘာလ ၉ ရက်နေ့ ဦးအောင်မင်းနဲ့ ကျနော်တို့ တွေ့ဆုံတုန်းက နောက်တခါတွေ့ဆုံရင် မြန်မာငြိမ်းချမ်းရေး စင်တာ (Myanmar Peace Center ) မှာတွေ့ဆုံကြမယ်လို့ပြောတယ်။ ဒီအတွက်ကျနော်တို့ဘက်က ကိုယ် စားလှယ်တွေ လွှတ်ဖို့ အဆင်မပြေဘူး။ ဘာလို့လဲဆို အများစုဟာ Black List ထဲမှာ ရှိနေတုန်းဘဲလို့ယူဆတယ်။နောက်တခုက UNFC အဖွဲ့ဝင် တပ်ဖွဲ့တချို့ ( KIA ၊SSPP/SSA၊ TNLA ) တွေနဲ့ မြန်မာစစ်တပ်တို့ တိုက်ပွဲတွေမရပ်သေးဘူး။ နောက်ပြီးတော့ ကျနော်တို့ဟာ အခု ယုံကြည်မှုတည်ဆောက်နေဆဲကာလ ဖြစ်ပါတယ် ဒါကြောင့် အသင့်လျော်ဆုံးနေရာကတော့ တတိယနိုင်ငံတွေမှာဘဲဖြစ်တယ်လို့ ဖြေကြားခဲ့ပါတယ်” ဟု နိုင်ဟံသာကပြောပါသည်။

ဦးအောင်မင်း က ထိုင်းနိုင်ငံ၌ တွေ့ဆုံရန်တင်ပြမှုကို လက်ခံခဲ့ကြောင်း နိုင်ဟံသာကပြောပါသည်။

ယခုလ ၅ ရက်နေ့က WGEC တိုင်းရင်းသားပူးပေါင်းဆောင်ရွက်ရေးအလုပ်အဖွဲ့၏ ၈ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲ၌ နိုင်ဟံသာက ထိုသို့ ရှင်းပြခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုညီလာခံကြီး၌ အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ အရေအတွက်တူညီစွာ ပါဝင် ဆွေးနွေးနိုင်ရန် တိုင်း ရင်းသား များအ နေဖြင့် နိုင်ငံရေးပါတီများနှင့် လူမှုအဖွဲ့အစည်းများ ၊ အပစ်ရပ်အဖွဲ့များအပါအဝင် လက်နက်ကိုင်အဖွဲ့ အစည်းများ စုပေါင်းကာ တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းကော်မတီ WGEC (Working Group for Ethnic Coordination) ကို ယမန်နှစ် ဖေဖော် ဝါရီလ ၂၆-၂၈ အထိ ကျင်းပသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၇ ဖွဲ့ပါဝင်သည့်အစည်းအဝေး၏ဆုံးဖြတ်ချက်အရ ဖွဲ့စည်းခဲ့သည်။

ရည်ရွယ်ချက်မှာ အစိုးရနှင့် တွေ့ဆုံဆွေးနွေးပါက တိုင်းရင်းသား များဘက်တွင်ရှိထားရန် လိုအပ်သည့်လမ်းညွှန်မူ နှင့်လုပ်ငန်းစဉ်များကို ရေး ဆွဲရန်ဖြစ်ပါသည်။

WGEC ပေါ်ပေါက်လာမှုရလဒ်တခုမှာ ယမန်နှစ် စက်တင်ဘာလ ၁၄ ရက်မှ ၁၆ ရက်နေ့အထိ ပြု လုပ်ခဲ့သော တိုင်းရင်းသား များညီလာ ခံဖြစ် သည်။ ထိုညီလာခံမှ ငြိမ်းချမ်းရေးဆိုင်ရာ နိုင်ငံရေး လမ်းပြမြေပုံ ၆ ချက်ကိုဆွေးနွေးသ ဘောတူခဲ့ကြသည်။ ၎င်းတို့မှာ ၁- တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့ အစည်း များ နိုင်ငံရေးပါတီများ အမျိုးသမီးနှင့် လူ ငယ်ထု အပါအဝင် Civil Societies တို့တွေ့ဆုံဆွေးနွေး ပွဲကျင်းပပြီး နိုင်ငံ ရေးမူဘောင် တွင်ပါဝင်မည့် အချက်များကို သဘောတူ ချမှတ် ရန် ၂- ပြည်ထောင်စုအစိုးရကိုယ်စားလှယ်နှင့် လက်နက် ကိုင် တိုင်းရင်းသား တော် လှန်ရေးအဖွဲ့ အစည်း ၏ စုစည်း ထားသောကိုယ် စားလှယ်များအကြားတွေ့ဆုံဆွေးနွေး၍ တွေ့ဆုံဆွေး နွေးရေး ဆိုင်ရာမူဘောင် သဘောတူညီချက်ရရှိရန်၊ ၃ - သက်ဆိုင်ရာပြည်နယ်အ လိုက်၊ တိုင်းအလိုက်၊ လူမျိုးစုအလိုက် တိုင်း ရင်းသားတို့၏ ညီလာ ခံ များကျင်းပပြီး ရှင်းလင်း ညှိနှိုင်းသဘောထားရယူသွားရန်၊ ၄- လက် နက်ကိုင်တပ်ဖွဲ့၊ နိုင်ငံရေးပါတီ၊ အမျိုးသမီးအဖွဲ့လူငယ်အဖွဲ့အစည်းများ အသိ အတတ်ပညာရှင်များပါဝင်သော တိုင်းရင်းသားလူမျိုးစုံ ညီလာခံတခုကျင်းပရန်၊ အပါအဝင်ပြည်နယ်များစုပေါင်း၍ညီလာခံကျင်းပရန်၊ ၅- တိုင်း ရင်းသား၊ ဒီမိုကရေစီအင်အားစု နှင့် အစိုးရ ကိုယ် စား လှယ် အချိုးညီပါဝင်ပြီး အင်အားစုသုံးစုစလုံး လက်ခံနိုင်သောပုံစံဖြင့် ပင်လုံစိတ် ဓါတ်ကိုအခြေခံသော ပြည်ထောင်စုညီလာ ခံကြီးတ ရပ် ကျင်းသွားရန်၊ ထိုညီလာခံမှ ချမှတ် သောသဘောတူညီချက်များကို တိုင်းရင်းသားလူ မျိုးများဆိုင်ရာပြည်ထောင်စု သဘောတူညီ ချက် (Union Accord) အဖြစ်သဘောထားရန်၊ ၆- တိုင်းရင်းသားလူမျိုးများ ဆိုင်ရာပြည်ထောင်စု သဘော တူညီချက် (Union Accord) ကို အချိန်အတိအကျသတ်မှတ်ပြီး အကောင်အထည်ဖေါ်ဆောင်ရွက်သွားရန် - တို့ ဖြစ်ပါ သည်။

ယခုအခါ WGEC မှ ငြိမ်းချမ်းရေးအတွက် မူဘောင် မူကြမ်းရေးဆွဲကာ အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များ ထံပြန်လည် စီစစ်ရန် တင် ပြထားကြောင်း ဆိုပါသည်။

မြန်မာအစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းကော်မတီကလည်း အလားတူ ငြိမ်းချမ်းရေးအတွက် မူဘောင် မူကြမ်း ရေးဆွဲနေ ကြောင်း ကြားဝင် အ ကျိုး တော်ဆောင်ပေးသည့် ဥရောပ မြန်မာရုံး EBO က ပြောပါသည်။

No comments: