မိချမ်းစွန်း
ဒုတိယ အကြိမ် တိုင်းရင်း မီဒီယာ ညီလာခံ အား ရှမ်းပြည်နယ် တောင်ကြီး မြို့ရှိရှမ်းစာပေ နှင့် ယဉ်ကျေးမှု ခန်းမတွင် ၂၀၁၄ မတ်လ (၃) ရက်နေ့က ပထမနေ့ အဖြစ်စတင် ကျင်းပခဲ့ပါသည်။တိုင်းရင်း သား မီဒီယာ အဖွဲ့အစည်း များအ ကြား ပူးပေါင်း ဆောင်ရွက်မှု နှင့်ချိတ်ဆက် ဆက်သွယ် မှုများ မြှင့် တင်ရေး ဆောင် ပုဒ်ဖြင့် ညီလာခံ ဒုတိယနေ့ကို လည်း ယနေ့ မတ်လ (၄) ရက်နေ့တွင် ကျင်းပ နေဆဲ ဖြစ်သည်။
ယခု ကျင်းပ သည့် ညီလာခံ ပြီးဆုံး လျှင် တိုင်းရင်းသား မီဒီယာ အဖွဲ့အစည်းများ အကြား ပူးပေါင်း ဆောင်ရွက်မှု အား မြှင့်တင် နိုင်မည့် ချိတ်ဆက်မှုတစ်ခု (Networking) ဖော်ဆောင် သွားနိုင်ရန် ရည်ရွယ် ထားကြောင်း ညီလာခံအကြို ထုတ်ပြန် ကြေငြာ ချက် အရ သိရှိ ရပါသည်။
ထိုညီလာ ခံအား ပြည်တွင်း ပြည်ပ အခြေစိုက် မြန်မာ မီဒီယာများ၊ BNI အဖွဲ့ဝင်တိုင်းရင်း မီဒီယာ အဖွဲ့အစည်း များ နှင့် ဖိတ်ကြား ထားသည့် တသီး ပုဂ္ဂလ ပညာ ရှင်များနှင့် ကိုယ်စားလှယ် ပေါင်း အယောက် (၃၀၀) နီးပါး တက်ရောက်ခဲ့ကြသည်။၎င်းပြင် ထိုညီလာခံ သို့လည်း ရှမ်းပြည် နယ် အစိုးရ အဖွဲ့မှ ဝန်ကြီးချုပ် စဝ်အောင်မြတ် ဦးဆောင် ၍ အစိုးရ အဖွဲ့ ဝင် များလည်း တက်ရောက် ခဲ့ကြ သည်။
“ဒုတိယ အကြိမ် တိုင်းရင်း မီဒီယာ ညီလာခံကို တောင်ကြီး မြို့မှာ အိမ်ရှင်အ ဖြစ် ပထမဆုံး အခုလို လက်ခံ ကျင်းပခွင့် ရတာကို ဂုဏ်ယူ ဝမ်းမြောက်ကြောင်းနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အောင်မြင်အောင် ဖော်ဆောင်နိုင်ရန် မီဒီယာ ကဏ္ဍသည် လည်း အရေးကြီး သဖြင့် တိုင်းရင်း မီဒီယာများဖွံ့ဖြိုး တိုး တက် ရေး သည်လည်း အရေးကြီး ကြောင်း” ဦးစဝ်အောင်မြတ်မှ ညီလာခံပထမနေ့ အဖွင့် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြား သွားခဲ့သည်။
၎င်း ညီလာခံကို ပြန်ကြားရေး ဝန်ကြီး ဌာနမှ ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည် နှင့် ညွှန်ကြား ရေးမှူးချုပ် ဦးတင့် ဆွေသို့ တက်ရောက်ရန်ကနဦး စီစဉ် ထား ခဲ့သော် လည်း တက်ရောက် နိုင်ခဲ့ခြင်း မရှိခဲ့ကြောင်း ပွဲဖြစ်မြောက်ရေး ကော်မီတီ များထံမှ သိရှိသည်။
“ဝန်ကြီးက အစမှာ လာဖို့ အားလုံး စီစဉ် ထားပြီးပြီ ၊ သူ့ PSO တောင်အခန်းတွေ ဘာတွေ လာကြည့် ထားပြီးပြီ၊ နောက်တော့ မလာဖြစ်တော့ပု၊ဘာဖြစ် တာလဲတော့ ကျနော်တို့လည်း မပြော တတ်ဘူး” ဟု အခမ်းအနား ဖြစ် မြောက် ရေးကော်မီတီ ဦးခင်မောင်ရွှေက ပြောသည်။
ပြန်ကြားရေး ဝန်ကြီး ဌာနမှ ဒုတိယ ဝန်ကြီး ဦးပိုက် ထွေး၊ ဒု-ညွှန်ချူပ်ဦးမြင့်အောင် နှင့် အခြား အဆင့် တာဝန်ရှိသူ များသာ ပြန်ကြားရေး ဝန်ကြီးဌာန ကိုယ် စားပြု၍ တက်ရောက် ခဲ့ကြသည်။
“အတိတ် ကာလ တစ်လျှောက် မှာ တိုင်းရင်းသား များ နေထိုင်ရာ နယ်စပ်ဒေသများနှင့် ကျေးလက် ဒေသ များသို့ မီဒီယာ ရောက်ရှိ ပျံ့နှံ့မှုဟာ အားနည်းခဲ့တဲ့ အတွက် မြို့ပြနဲ့ ကျေးလက် ဒေသများရဲ့ အသိပညာ ဗဟုသုတ ရှားမှီးနိုင်မှု အခွင့် အလမ်း ကွာခြားမှု ရှိခဲ့ပါတယ်” ဟု ဒု-ဝန်ကြီး ဦးပိုက်ထွေးက ၎င်း၏ မိန့်ခွန်း တွင် ထည့်သွင်း ပြောကြား သွားခဲ့သည်။
အစိုးရမှ ၂၀၁၂ သြဂုတ် လမှ စ၍ ဆင်ဆာ စနစ်အား ဖျက်သိမ်း ခဲ့ပြီးနောက် ယခုအချိန် တွင် ပုဂ္ဂလိက နေ့စဉ် သတင်းစာ (၁၈) စောင်နှင့် ဂျာနယ် (၃၈၉) စောင် ထုတ်ဝေ ဖြန့်ချီလျက် ရှိသည်။ ယင်းအနက် တိုင်းရင်းသား ဘာသာဖြင့် သ တင်းဂျာနယ် (၉) စောင်သာ ထုတ်ဝေလျက် ရှိကြောင်း သိရှိ ရပါသည်။
လွတ်လပ် သည့် သတင်းမီဒီ ယာအဖွဲ့ BNI အား သတင်းဌာန (၁၁)ဖွဲ့ဖြင့်ပေါင်းစည်းပြီး ပြီးခဲ့ သည့် ၂၀၁၃ ခုနှစ် ဧပြီလတွင် မွန်ပြည်နယ်မော်လမြိုင် မြို့၌ ပထမ အကြိမ် တိုင်းရင်း မီဒီယာ ညီလာခံအား ကျင်းပခဲ့ပြီး ဖြစ်သည်။

No comments:
Post a Comment