အောင်သူရထွန်း
ကချင်ပြည်နယ်မှအပ နေပြည်တော်ကောင်စီအပါအ၀င် ပြည်နယ်နှင့်တိုင်းများမှ ၂၀၁၃-၁၄ ခုနှစ် ပထမ ခြောက်လပတ် ဘဏ္ဍာရေး အကောင်အထည်ဖော်နိုင်မှု အခြေအနေတွင် ရာခိုင်နှုန်းအားဖြင့် ၅၀ ရာခိုင် နှုန်းမှ ၉၂ ရာခိုင်နှုန်းအထိ ပြီးစီးကြောင်း ဖော်ပြထားသော်လည်း အမှန်တကယ် မြေပြင်အခြေအနေနှင့် ကွာခြားမှု များစွာရှိကြောင်း မင်းကင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မွှေးလွင်က ဝေဖန်ခဲ့သည်။
အမှန်တကယ် စာရင်းဇယား ကိန်းဂဏန်းများ တိကျမှန်ကန်စေရန် ကြိုးစားအားထုတ်မည်ဆိုပါက စားပွဲ တွင်ထိုင်၍ စာရွက်ပေါ်တွက်ချက်နေရုံနှင့် မဖြစ်နိုင်ပါ။ လက်တွေ့ကွင်းဆင်းဆောင်ရွက်ရမည့် တာဝန်ရှိ သူများမှ စီမံခန့်ခွဲမှုများ တိုးချဲ့ပြုလုပ်ရန် လိုအပ်နေပါပြီ” ဟု ဒေါ်ခင်မွှေးလွင်က ပြောသည်။
ဒေါ်ခင်မွှေးလွင်က ၎င်းမြို့နယ်ရှိ လုပ်ငန်းစီမံကိန်းများဖြစ်သည့် တံတားဆောက်လုပ်ရေးလုပ်ငန်းများမှာ စတင်လုပ်ဆောင်ခါစ အနေအထားသာ ရှိသေးသည်ဟု ဆိုသည်။
ပြည်ထောင်စုလွှတ်တော် စီမံကိန်းများနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းကော်မတီ၏ ၂၀၁၃- ၁၄ ဘဏ္ဍာနှစ်၏ ပထမခြောက်လ အမျိုးသား စီမံကိန်း ဆောင်ရွက်မှု အစီရင်ခံစာအား ဆွေးနွေးစဉ် မတ်လ ၃ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်တွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“ကိန်းဂဏန်းများ တိကျမှန်ကန်နိုင်ပါမည်လား၊ တွေးတောစရာပါ။ စီမံကိန်းများ ဆောင်ရွက်အကောင် အထည်ဖော်နိုင်မှုအခြေအနေကို မှန်မှန်ကန်ကန် သိရှိနိုင်ရန် လုပ်ငန်းတည်ရှိရာနေရာများသို့သွားရောက် ပြီး ကွင်းဆင်းစိစစ်မှုများ ရှိ၊ မရှိ စတဲ့မေးခွန်းတွေ မေးစရာဖြစ်လာပါတယ်”ဟု ၎င်းက လွှတ်တော်တွင် ရှင်းပြသည်။
ကော်မတီ၏ အစီရင်ခံစာတွင် ဘဏ္ဍာနှစ်၏ ပထမခြောက်လပတ်အတွင်း လုပ်ငန်းစီမံကိန်းများ ၉၂ ရာ ခိုင်နှုန်းအထိပင် လုပ်ငန်းစီမံကိန်းများ အကောင်အထည်ဖော်နိုင်သည်ဟု ဖော်ပြထားသည်။
ထိုကဲ့သို့ လုပ်ငန်းများ ဆောင်ရွက်မှုအားနည်းနေသည့်အပြင် တင်ဒါအောင်ထားသည့် ကုမ္ပဏီများက လည်း သတ်မှတ်ထားသည့် စံချိန်စံညွှန်းနှင့် ကိုက်ညီမှုမရှိသည်ကို “လက်တွေ့ဆောင်ရွက်တဲ့အခါ မူလ စံချိန်၊ စံညွှန်းနှင့်အညီ မဆောင်ရွက်သည့်အတွက် ပြည်သူ့အသံများ ထွက်ပေါ်လာပါပြီ။ ကွင်းဆင်းစစ် ဆေးရန် လိုအပ်တဲ့ နမူနာဖြစ်ကြောင်း ပြောကြားလိုပါတယ်”ဟု ဒေါ်ခင်မွှေးလွင်က ၎င်း၏မြို့နယ်ကို နမူ နာပေးပြီး ထောက်ပြခဲ့သေးသည်။
ပြည်သူဗဟိုပြု၍ အောက်ခြေက တင်ပြသည့် မြို့နယ်ဖွံ့ဖြိုးရေးစီမံကိန်းများတွင် လွှတ်တော်ကိုယ်စား လှယ်များနှင့် ပူးပေါင်း အကြံဉဏ်များ ရယူ ဆောင်ရွက်ကြောင်း ဖော်ပြထားသည့်အတွက် ဂုဏ်ယူသော် လည်း မိမိမြို့နယ်တွင် မိမိမသိရှိလိုက်ရသည့် မြို့နယ်ဖွံ့ဖြိုးမှုစီမံကိန်းနှင့် လုပ်ငန်းများသာ ကြုံတွေ့နေရ ကြောင်း တင်ပြသွားခဲ့သည်။
No comments:
Post a Comment