Friday, March 21, 2014

သိက္ခာမဲ့နိုင်ငံရေးလုပ်က တိုင်းပြည်တိုးတက်မည်မဟုတ်ဟု ပြည်ခိုင်ဖွံ့ဖြိုးပါတီဝင်များကို ဒေါ်စုပြော

မင်းမင်း

နိုင်ငံရေးတွင် ပြိုင်ဘက်အချင်းချင်း အနိုင်အရှုံးကိုသာ အခြေခံကာ မလုပ်သင့်သည်များကို လုပ်ပါက သိက္ခာမဲ့ နိုင်ငံရေးသာဖြစ်ပြီး ယင်းသို့သော နိုင်ငံရေးလုပ်ငန်းစဉ်များကြောင့် တိုင်းပြည်အတွက် တိုး တက်မှုရှိမည်မဟုတ်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌက အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အဖွဲ့ဝင်များကို ပြောကြားလိုက်သည်။

မတ်လ ၁၉ ရက်တွင် ပြည်ထောင်စုလွှတ်တော်သို့ လာရောက်လေ့လာသည့် ၎င်း၏ မဲဆန္ဒနယ်ဖြစ်သော ကော့မှူးမြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီဝင်ဦးရေ ၂၀၀ ခန့်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်ရွှေတို့ တွေ့ဆုံစဉ် ပြောခြင်းဖြစ်သည်။

“ဟိုဘက်က နိုင်လို့ နိုင်တဲ့သူကို ချော်လဲအောင်လုပ်မယ်ဆိုတဲ့ စိတ်ကလည်း သူနိုင်သွားမှာစိုးလို့ ခလုတ် တိုက်အောင် လုပ်တယ်ဆိုတာ ဒါမျိုးတွေက မလုပ်သင့်ဘူး။ ဒါဟာ သိက္ခာရှိတဲ့ နိုင်ငံရေးမဟုတ်ဘူး။ သိက္ခာမရှိတဲ့ နိုင်ငံရေးလုပ်တယ်ဆိုလို့ရှိရင် ကျွန်မတို့နိုင်ငံဟာ တိုးတက်မှာမဟုတ်ဘူး”ဟု ဒေါ်အောင် ဆန်းစုကြည်က ဆိုသည်။

ထို့ပြင် လာမည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မည်သည့်လူပုဂ်္ဂိုလ်မျိုးကို ရွေးချယ်ပြီး မဲပေးသင့် သည်ကို ကိုယ်တိုင်ရွေးချယ်ရန်နှင့် ရွေးချယ်လိုက်သူကို ကိုယ်က တာဝန်ပေးလိုက်ခြင်းဖြစ်ကြောင်း ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်များကို ထပ်မံပြောဆိုသည်။

“ကိုယ်ရွေးလိုက်ပြီးမှ မကြိုက်ပါဘူးလို့ပြောနေရင် ဒါလည်း ပြောပိုင်ခွင့်ရှိပါတယ်။ ခုတစ်ခါတော့ မှားသွား ပြီပေါ့။ နောက်တစ်ခါမမှားစေနဲ့”ဟုလည်း ၎င်းက ထပ်မံသတိပေးပြောဆိုသည်။

သို့သော် ကိုယ်တိုင်မဲမပေးဘဲ အနိုင်ရသွားသူကို မတိုက်ခိုက်ဘဲ ညီညီညွတ်ညွတ် လုပ်ဆောင်ကြရန် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်သည်။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် အနိုင်ရခဲ့သည့် ရန်ကုန်တိုင်း၊ ကော့မှူးမြို့ နယ်အပါအ၀င် တွံတေးနှင့် ကွမ်းခြံကုန်းမြို့နယ်တို့ကို ယခင်စစ်အစိုး၏ လက်ရင်းလူယုံ စီးပွားရေးလုပ် ငန်းရှင်တစ်ဦးဖြစ်သော ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ဒေါက်တာခင်ရွှေက ၂၀၁၀ ရွေးကောက်ပွဲ၌ အမျိုးသား လွှတ်တော်တွင် အနိုင်ရထားသည်။

ရွေးကောက်ပွဲတွင် အနိုင်ရအောင် ယှဉ်ပြိုင်ရမည်ဆိုသော်လည်း ပါတီအချင်းချင်း အသိအမှတ်ပြုပေးပြီး ပူးပေါင်းဆောင်ရွက်သင့်သည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့သည်။

“အပေးအယူမလုပ်လို့ရှိရင် ရန်ဖြစ်ဖို့ပဲရှိတယ်။ အဲ့ဒီတော့ အပေးအယူတော့ လုပ်ရမယ်။ ဒီတစ်ခါတော့ တို့ကြိုက်တာ တို့စားမယ်။ နောက်တစ်ခါတော့ မင်းကြိုက်တာ မင်းစား။ သဘောတူတဲ့အတိုင်း လုပ်ရ မယ်။ ကိုယ့်စည်းကိုယ် စောင့်ရမယ်”ဟု ၎င်းက ဆိုသည်။

ပြည်ခိုင်ဖြိုးပါတီမှ အမျိုးသားလွှတ်တော်အမတ် ဦးခင်ရွှေသည် ဒေါ်အောင်ဆန်းစုကြည်၏ မဲဆန္ဒနယ်ဖြစ် သည့် ကော့မှူးမြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးလည်း ဖြစ်သည်။

No comments: