Thursday, March 6, 2014

တောင်တရုတ်ပင်လယ်ပြင်အရေး ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ မြန်မာ တိုက်တွန်း

ABC

တောင်တရုတ်ပင်လယ်ပြင် ​အငြင်းပွားမှုအရေးနဲ့ ​ပတ်သက်ပြီး ​ငြိမ်းချမ်းစွာ ​ဖြေရှင်းဖို့ ​မြန်မာနိုင်ငံအနေနဲ့ ​အားပေးကြောင်း ​မြန်မာ့ ​ကာကွယ်ရေး ​ဦးစီးချုပ် ​ဗိုလ်ချုပ်မှူးကြီး ​မင်းအောင်လှိုင်က ​နေပြည်တော်မှာ ​မနေ့က ​ပြုလုပ်ခဲ့တဲ့ ​သတင်းစာရှင်းလင်းပွဲမှာ ​ပြောကြားသွားခဲ့ပါတယ်။

မြန်မာနိုင်ငံက ​အိမ်ရှင် ​အဖြစ်လက်ခံကျင်းပတဲ့ ​၁၁ ​ကြိမ်မြောက် ​အာဆီယံဒေသတွင်း ​နိုင်ငံတွေက ​စစ်ခေါင်းဆောင်တွေရဲ့ ​၃ ​ရက်တာ ​တွေ့ဆုံတဲ့ ​အစည်းအဝေး ​သတင်းစာ ​ရှင်းလင်းပွဲမှာ ​အခုလို ​ပြောကြားလိုက်တာဖြစ်ပြီး ​ဒါဟာ ​မြန်မာ့ ​ကာကွယ်ရေး ​ဦးစီးချုပ်ရဲ့ ​ပထမဆုံးအကြိမ် ​ပြုလုပ်တဲ့ ​သတင်းစာရှင်းလင်းပွဲ ​လို့လည်း ​သိရပါတယ်။

တောင်တရုတ်ပင်လယ်ပင်အတွင်းက ​တင်းမာမှုတွေ ​ပြေလျော့သွားဖို့ ​တရားဝင် ​လိုက်နာရမယ့် ​စည်းမျဉ်းစည်းကမ်းတွေ ​ရှိဖို့ ​အရေးကြီးတဲ့အကြောင်း ​အာဆီယံနိုင်ငံတွေရဲ့ ​စစ်ဦးချုပ်တွေက ​ပူးတွဲ ​ကြေညာချက် ​တစောင် ​ထုတ်ပြန်ခဲ့ပါတယ်။

ကုန်တင်သင်္ဘောတွေ ​အများဆုံးသွားတဲ့ ​ရေလမ်းကြောင်းအပါအ၀င် ​ရေနံနဲ့ ​သဘာဝ ​ဓာတ်ငွေ့တွေ ​အများအပြားရှိနိုင်တယ်လို့ ​ခန့်မှန်းနေကြတဲ့ ​တောင်တရုတ်ပင်လယ်ပြင်အတွင်း ​ဒေသတွင်း ​နိုင်ငံတွေက ​သူပိုင်ငါပိုင် ​အငြင်းပွားနေကြတာ ​ဖြစ်ပြီး ​ပိုင်နက်အတော်များများကို ​တရုတ်က ​သူတို့ရဲ့ပိုင်ဆိုင်မှုအဖြစ် ​ကြေငြာနေတာလည်း ​ဖြစ်ပါတယ်။

တရုတ်ရဲ့ ​အကူအညီအများအပြားကို ​ရရှိထားတဲ့ ​မြန်မာအနေနဲ့ ​ဒီကိစ္စကို ​ဘယ်လို ​ကိုင်တွယ်မလဲဆိုတာကို ​ကမ္ဘာက ​စောင့်ကြည့်နေတာ ​ဖြစ်ပြီး ​တောင်တရုတ်ပင်လယ်ပြင်အရေးနဲ့ ​ပတ်သက်ပြီး ​တိုက်ရိုက် ​ပတ်သတ်နေတဲ့ ​နိုင်ငံတွေကသာ ​ဖြေရှင်းသင့်တယ်လို့ ​တရုတ်ရဲ့ ​အနေအထားကို ​ထောက်ခံတဲ့ ​ဖော်ပြချက်မျိုးကို ​မြန်မာ့ ​ကာကွယ်ရေး ​ဦးစီးချုပ် ​ဗိုလ်ချုပ်မှူးကြီး ​မင်းအောင်လှိုင်က ​အဆိုပါ ​သတင်းစာရှင်းလင်းပွဲမှာ ​ပြောကြားခဲ့တယ်လို့ ​သတင်းရရှိပါတယ်။

No comments: