Thursday, March 20, 2014

မေးခွန်းသေချာမဖတ်ဘဲ ဖြေကြားသည့် ၀န်ကြီးများ ပြည်သူအထင်သေးမှုခံနေရဟု ချင်းအမတ် ဝေဖန်

Mizzima

လွှတ်တော်အမတ်များက ၀န်ကြီးဌာနများသို့ မေးခွန်းများမေးမြန်းရာတွင် ပြည်ထောင်စုဝန်ကြီးများက မေးခွန်းများကို သေချာ မဖတ်ဘဲ ဖြေကြားနေခြင်းကြောင့် ပြည်သူလူထု၏ အထင်အမြင်သေးမှုကို ခံစားနေရ သည်ဟု ချင်းပြည်နယ်၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၉)မှ ဦးပေါ်လျှံလွင်က ပြောသည်။

“၀န်ကြီးတွေ မေးခွန်းကို သေချာမဖတ်ဘဲ ဖြေကြားတဲ့အခါမှာ ပြည်သူလူထုရဲ့ အထင်မြင်သေးခြင်း ကျွန် တော်တို့ ခံရပါတယ်”ဟု ပြောသည်။

မတ်လ ၁၈ ရက် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် အမျိုးသားလွှတ်တော်အစိုးရ၏ အာမခံချက် များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ လွှတ်တော်တွင် မေးမြန်းခဲ့သည့် မေးခွန်းများ၊ တင်သွင်းခဲ့သည့်အဆိုများ၊ ပေးပို့ခဲ့သည့် ကြယ်ပွင့်မပြမေးခွန်းများနှင့် စပ်လျဉ်း၍ အစီရင်ခံစာနှင့် ကော်မ တီ၏ ကွင်းဆင်းစိစစ် အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ် လေးဦး ဆွေးနွေးရာတွင် ဦးပေါ်လျှံလွင် က ထောက်ပြခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးဌာနများအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်ကို အထင်သေးခြင်းသို့မဟုတ် မေးမြန်းသည့်အချက်အလက်များ မပြည့်စုံခြင်း စသဖြင့် ပါရှိနိုင်သော်လည်း ပြည်သူ့ကိုယ်စားလှယ်၏ မေးမြန်းချက်သည် စိတ် ကူးပေါက်၍ မေးမြန်းခြင်းမဟုတ်ဟု ၎င်းက ဆိုသည်။

“တချို့ဝန်ကြီးဌာနတွေဆိုရင် ၀န်ထမ်းတစ်ဦး သို့ အောက်ခြေ၀န်ထမ်းတစ်ဦးကို အစီရင်ခံစာရေးခိုင်း တယ်၊ ကျွန်တော့်ကိုယ်တွေ့ပါ”ဟု ပြောသည်။

ဦးပေါ်လျှံလွင်က မကြာသေးမီ နအဖ၊ န၀တအစိုးရလက်ထက်မှာ ရယက၊ ရ၀တများအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူများအား ခံစားခွင့်တစ်ခုခုပေးရန် မေးမြန်းခဲ့သော်လည်း သမ္မတရုံးဝန်ကြီးက ဖြေကြားရာတွင် ပင်စင်ဥပဒေမရှိသေးကြောင်း ဖြေကြားခဲ့သည်။

“ကျွန်တော်ပြောတာ ပင်စင်မပါဘူး၊ ခံစားခွင့်တစ်ခုခု သို့သော် သမ္မတရုံး-၁ ၀န်ကြီးက ပင်စင်ကိစ္စ ဥပဒေ မရှိသေးပါကြောင်း ဖြေကြားပါတယ်”ဟု ဆိုသည်။

No comments: