Wednesday, March 26, 2014

ရခိုင်ပြည်နယ်မှာ ကျန်းမာရေး လုပ်ငန်း ပြန်လုပ်လိုဟု MSF ပြော

ABC

နယ်စည်းမခြား ​ဆရာဝန်များအဖွဲ့ ​MSF ​အနေနဲ့ ​ရခိုင်ပြည်နယ်အတွင်း ​ကျန်းမာရေးစောင့်ရှောက်ခွင့် ​ပြန်လည်ရရှိဖို့အတွက် ​မြန်မာအစိုးရ ​တာဝန်ရှိသူတွေနဲ့ ​ဆက်လက် ​ဆွေးနွေးမှုတွေပြုလုပ်လိုတယ်လို့ ​ကြေညာချက် ​တစ်စောင် ​ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ​မတ်လ ​၁၆ရက်နေ့က ​MSF ​အဖွဲ့နဲ့ ​ပြည်ထောင်စုအဆင့် ​ဝန်ကြီးတွေ ​အပြည်ပြည်ဆိုင်ရာ ​ကမ္ဘာ့ကုလသမဂ္ဂနဲ့ ​အန်ဂျီအိုအဖွဲ့တွေ ​ပါဝင်တဲ့ ​အစည်း ​အဝေး ​တရပ်ပြုလုပ် ​ခဲ့ပြီး ​နောက်ပိုင်း ​မှာပဲ ​အခုလို ​ထုတ်ပြန် ​လိုက်တာ ​ဖြစ်ပါတယ်။

အဆိုပါ ​ဆွေးနွေးပွဲ ​အတွင်းမှာ ​လူသားချင်းစာနာ ​ထောက်ထား ​မှုဆိုင်ရာ ​ကျန်းမာရေး ​အထောက် ​အပံ့တွေကို ​လိုအပ်နေတဲ့ ​သိန်းနဲ့ချီတဲ့ ​ပြည်သူ ​လူထု ​အတွက် ​ကျန်းမာရေး ​ဝန်ဆောင် ​မှုတွေကို ​ကူညီပံ့ ​ပိုးပေး ​နိုင်ဖို့ ​အတွက် ​အဓိက ​ထားဆွေးနွေးခဲ့ ​ကြတယ်လို့ ​ဆိုပါတယ်။

ရခိုင်ပြည်နယ် ​အတွင်း ​ကျန်းမာရေး ​စောင့်ရှောက် ​မှုတွေ ​ပြန်လည် ​ရရှိဖို့ ​အတွက် ​ပြည်ထောင်စု ​အဆင့်၊ ​ပြည်နယ် ​အဆင့်၊ ​ဒေသတွင်း ​အဖွဲ့အစည်းတွေနဲ့ ​အပြု ​သဘောဆောင်တဲ့ ​ဆွေးနွေးမှုတွေ ​ဆက်လက်ပြုလုပ်နိုင်ဖို့ ​မျှော်လင့်ကြောင်း ​MSF ​ရဲ့ ​ထုတ်ပြန်ချက် ​ထဲမှာဖော်ပြထားပါတယ်။

MSF ​အဖွဲ့အနေနဲ့ ​ရခိုင်ဒေသက ​သူတို့ရဲ့လုပ်ငန်းတွေအားလုံး ​ခေတ္တ ​ရုတ်သိမ်းထားဖို့ ​အမိန့်ကို ​ဖေဖော်ဝါရီလ ​၂၆ရက်နေ့က ​လက်ခံ ​ရရှိခဲ့ကြောင်းဆိုပါတယ်။

MSF ​အဖွဲ့ကို ​ရခိုင်ဒေသတွင်းက ​သတင်းမှားထုတ်ဖော်ပြောဆိုမှုနဲ့ ​အစိုးရက ​ကျန်းမာရေး ​လုပ်ငန်း ​ရပ်ဆိုင်းထားခဲ့တာဖြစ်ပါတယ်။

အဲဒီအတွက် ​ကျန်းမာရေးဝန်ကြီးဌာနက ​ကျန်းမာရေးလုပ်ငန်းတွေ ​အစားထိုးလုပ်ဆောင်ပေးပေးမယ့် ​နှစ် ​၂၀ဆယ်ကျော် ​သက်တမ်းရှိတဲ့ ​လုပ်ငန်းနေရာတွေမှာ ​အစားထိုး ​လုပ်ဆောင်ရတာကြောင့် ​စိန်ခေါ်မှုတရပ်လို ​ဖြစ်နေတယ် ​ဆိုတဲ့အကြောင်း ​မြစ်မခ ​သတင်းအရ ​သိရပါတယ်။

No comments: