ကေဇူး
ရခိုင်ပြည်နယ် လူထု၏ တောင်းဆိုဆန္ဒထုတ်ဖော်မှုကြောင့် ရခိုင်ပြည်နယ်တွင် ကျန်းမာရေးစောင့်ရှောက်မှုများ ရပ်တန့်ခဲ့ရသည့် နယ်စည်းမထားဆရာဝန်များအဖွဲ့ MSF က ဒေသခံများနှင့် အပြုသဘော ပြန်လည်ဆွေးနွေးလိုသည်ဟု မတ် ၂၄ ရက်က ထုတ်ပြန်လိုက်သည်။
MSF အနေဖြင့် ရခိုင်ပြည်နယ် ပြည်ထောင်စုအဆင့် တာဝန်ရှိသူများနှင့် ရခိုင်ပြည်နယ်အတွင်း ကျန်းမာရေးစောင့်ရှော်ကမှုများနှင့်ပတ်သက်ပြီးဆွေးနွေးမှုများပြုလုပ်လျှက်ရှိပြီး ယင်းဆွေးနွေးမှုများအပေါ် ကျေနပ်အားရမှုရှိသော်လည်း ရခိုင်ဒေသရှိဆေးပေးခန်းများ ပိတ်ထားရခြင်းကြောင့်ကျန်းမာရေးစောင့်ရှောက်မှုနှင့်ပတ်သက်၍ MSF က စိုးရိမ်မှုများဖြစ်ပေါ်လျှက်ရှိသည်ဟုဆိုသည်။
“ကျွနုပ်တို့အနေနဲ့ တူညီသောဦးတည်ချက်ကို ရောက်ရှိနိုင်ရန် ပြည်ထောင်စုအဆင့်နှင့် ပြည်နယ်အဆင့်တာဝန်ရှိသူများအပါအ၀င် ဒေသခံ အဖွဲ့အစည်းများနှင့် အပြုသဘောဆောင်သည့် အပြန်အလှန်ဆွေးနွေးမှုများ ဆက်လက် လုပ်ဆောင်သွားနိုင်ရန် မျှော်လင့်နေပါသည်” ဟု ယင်းထုတ်ပြန်ချက်တွင် ထည့်သွင်းထားသည်။
MSF အနေဖြင့် နေပြည်တော်တွင် ပြည်ထောင်စုအဆင့်တာဝန်ရှိသူများနှင့် ဆွေးနွေးရာတွင် ပြည်နယ်အတွင်း MSF ၏ လုပ်ငန်းများနှင့်ပတ်သက်၍ပြည်သူလူထုနှင့် MSF တို့နှစ်ဦးအကြား ပိုမိုနားလည်မှုရရှိရန်နှင့် လုပ်ငန်းများကို ပိုမိုလုပ်ကိုင်လာနိုင်ရန် အစိုးရ၏ပြောကြားချက်မှာကြီးမားသောစိန်ခေါ်မှုတစ်ရပ်ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင်ပါဝင်သည်။
MSF ၏ သဘောထားနှင့် ပတ်သက်၍ “ဆွေးနွေးရင်လည်း သူတို့ဘက်က ဘက်လိုက်မှုမရှိပါဘူး ဆိုတွေပဲပြောမယ်။ ဒါပေမယ့် တကယ်တန်းကျတော့ ဒီလိုမဟုတ်တာ ရခိုင်တစ်ပြည်နယ်လုံးသိတယ်။ ဘယ်လိုမှ လက်ခံနိုင်စရာမရှိဘူး” ဟု MSF ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက မဇ္ဈိမကိုပြောသည်။
MSF အဖွဲ့ရခိုင်ပြည်နယ်မှ ထွက်ခွာရေးအတွက် ဒေသခံများက အစိုးရကို တောင်းဆိုခဲ့ရာ အစိုးရက ဖေဖော်ဝါရီ ၂၆ ရက်က နိုင်ငံပိုင် သတင်းစာကတဆင့် ထုတ်ပြန်ကြောခဲ့သည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဒုက္ခသည် ဦးရေ တစ်သိန်းသုံးသောင်းကျော်ရှိပြီး ရခိုင်ဒုက္ခသည် သုံးသောင်းနှင့် ဘင်္ဂလီဒုက္ခသည် ရှစ်သောင်းကျော်ရှိသည်။
MSF သည် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိဒုက္ခသည် ၂၄ ခုအပါအ၀င် နေရာပေါင်းသုံးဆယ်ကျော်တွင် ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ခဲ့သည်။
No comments:
Post a Comment