Friday, January 30, 2009

(၇) ကြိမ်မြောက်မွန်ပြည်သစ်ပါတီညီလာခံမှ ဆုံးဖြတ်ချက်များကို ကြိုဆိုထောက်ခံခြင်း

မွန်အမျိုးသားကောင်စီ ဇန်နဝါရီ ၃၀၊ ၂၀၀၉။

မွန်ပြည်သစ်ပါတီ၏ သတ္တမအကြိမ်မြောက် ပါတီညီ လာခံကို ဇန်နာဝါရီလ(၁)ရက်နေ့မှ(၁၇)ရက်နေ့ထိ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။

မွန်ပြည်သစ်ပါတီအဖွဲ့ဝင် ကိုယ်စားလှယ်များနှင့် လေ့လာသူစုစုပေါင်း(၁၂၀)ဦး ကျော်တက်ရောက်ခဲ့သည့် ထိုညီလာခံမှ တညီတညွတ်တည်းချမှတ်ခဲ့သောအောက်ပါသဘောထားရပ်တည်ချက်ကို မွန်အမျိုးသားကောင်စီမှ လှိုက်လှဲစွာကြိုဆို ထောက်ခံသည်။

၂၀၀၈-ခုနှစ်အတွင်း အတည်ပြုခဲ့သော နိုင်ငံတောာ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပက်သက်၍ ပြန်လည် သုံးသပ်သင့်ပြီး ဆွေးနွေးညှိနှိုင်းမှုမပါဘဲ၊ ဤအတိုင်းရှေ့ဆက်သွားမည်ဆိုပါက(၂၀၁၀)ရွေးကောက်ပွဲကို လက်ခံစဉ်းစားရန် အခက် အခဲရှိနေမှုကိုလည်း ဆုံးဖြတ်ချမှတ်ခဲ့ပါသည်။

မွန်ပြည်သစ်ပါတီသည် လက်နက်ကိုင်တော်လှန်ရေးပါတီဖြစ်သည်။ ပါတီ၏ မဟာဗျူဟာသည် အချုပ်အချာ အာဏာနှင့် ပြည့်စုံသော မွန်ပြည်သူ့သမ္မတနိုင်ငံတော်ကို တည်ဆောက်ရန်ဖြစ်သည်။ထိုမဟာဗျူဟာ ရည်မှန်းချက်အောင်မြင်ရေး အတွက် လက်နက်ကိုင်တော်လှန်ရေး မဟာဗျူဟာနည်းလမ်းကိုကျင့်သုံးခဲ့သော ပါတီတစ်ရပ်ဖြစ်သည်။

အရင်းရှင်ပါလီမန်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်း၊ အာဏာခွဲဝေရယူခြင်း၊ အရင်းရှင်ပါလီမန်မှ ရွေးကောက်တင် မြှောက်သော အစိုးရအဖွဲ့တွင် ပါဝင်ခြင်းတို့သည် မွန်ပြည်သစ်ပါတီ၏ မဟာဗျူဟာ ရည်မှန်းချက်နှင့် မဟာဗျူဟာနည်း လမ်းတို့နှင့် ဆန့်ကျင်ဘက် ပြဒါးတလမ်း သံတလမ်းဖြစ်နေပါသည်။

ရန်သူစစ်အာဏာရှင်နှင့် နိုင်ငံရေးဆွေးနွေးရေးဟူသည် ပါတီ၏ မဟာဗျူဟာရည်မှန်းချက်ကို အလျှော့ပေးစေ့စပ်ဆွေး နွေးခြင်းမျိုး လုံးဝမဟုတ်ကြောင်း မွန်အမျိုးသားကောင်စီမှ သက်ဝင်ယုံကြည်သည် ရန်သူစစ်အာဏာရှင်နှင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေးသည်။

မဟာဗျူဟာရည်မှန်းချက်အောင်မြင်ရေးအတွက် ယာယီခေတ္တကျင့်သုံးနည်းပရိယာယ်သာဖြစ်ထိုက်သည်၊ အစဉ်ထာဝရ ကျင့်သုံးသော လမ်းစဉ်တရပ်အဖြစ် မဖြစ်ထိုက်ဟု မွန်အမျိုးသားကောင်စီမှရှုမြင်သည်။ စေ့စပ်ပြီးပါတီ၏ မဟာဗျူဟာ ကို အလျှော့အတင်းပြုခြင်း၊ ရွေးကောက်ပွဲဝင်ခြင်း၊ လက်ဖြန့်ခံအာဏာ ခွဲဝေယူခြင်းသည်ပါတီ၏ မဟာဗျူဟာလမ်းစဉ်မှ သွေဖီသွားပြီဖြစ်ကြောင်း သတိမူစေလိုသည်။

မွန်အမျိုးသားဒီမိုကရေစီအဖွဲ့၏ မဟာဗျူဟာလမ်းစဉ်မူဝါဒသည် ပါလီမန်ဒီမိုကရေစီ တိုက်ပွဲအသွင်ဖြင့် ကိုယ်ပိုင်ပြဌာန်း ခွင့်ရှိ မွန်ပြည်နယ်ထူထောင်ရေးဖြစ်သည်။ ပါတီ၏ မဟာဗျူဟာအောင်မြင်ရေးအတွက် ပါလီမန်ဒီမိုကရေစီနည်းလမ်း ဖြစ်သော ရွေးကောက်ပွဲဝင်ခြင်း၊ အာဏာခွဲဝေယူခြင်း၊ စေစပ့်ညှိနှိုင်း၍ အဖြေရှာခြင်းစသည်တို့သည် မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့၏ ပါတီလုပ်ငန်းစဉ် မဟာနည်းဗျူဟာဖြစ်သည်။ မွန်ပြည်သစ်ပါတီ၏ မဟာနည်းဗျူဟာနှင့် မွန်အမျိုး သားဒီမိုကရေစီအဖွဲ့၏ မဟာနည်းဗျူဟာတို့သည် တခုနှင့်တခု မတူညီကြောင်းကို လေ့လာ သုံးသပ်လိုက်ရပါသည်

မဟာဗျူဟာရည်မှန်းချက်နှင့်မဟာနည်းဗျူဟာတို့သည် ပါတီတရပ်၏ အသက်သွေးကြောဖြစ်သည်။



U.S.A
Monland Restoration Council (MRC)
5824 Decatur Rd.
Fort Wayne, IN 46816
USA
Tel/fax: + 1 509-338-4982, Tel: + 1 260-447-7741
E-mail: honsawatoi@aol.com, mrc@mrc-usa.org
Website: http://www.mrc-usa.org.



မွန်အမျိုးသားကောင်စီ
၂၉/၁/၂၀၀၉


No comments: