Thursday, July 30, 2009

၂၀၁၀ ရွေးကောက်ပွဲအတွက် နေပြည်တော်တွင် လွန်ဆွဲနေ

ဗထူး

နအဖ စစ်အုပ်စု အနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲ တွင် ရွေးချယ် ခံရမည့် ပုဂ္ဂိုလ်များ နှင့် ပတ်သက်၍ ဆွေးနွေး ညှိနှိုင်း ခဲ့ရာ အဆိုပါ အစည်း အဝေး ပွဲအား အဆုံး မသတ် နိုင်ဘဲ ခေတ္တ ရပ်ဆိုင်း ထားရ သည်။

လက်ရှိ စစ်ခေါင်း များအ နေဖြင့် ၂၀၀၈ ဖွဲ့စည်း ပုံဥပဒေပါ အချက် အလက်များ အရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ နှစ်ဦး စလုံး အရပ်ဖက် အသွင်ကူး ပြောင်းရေး အတွက် ၎င်းတို့ နှစ်ဦး အကြား သဘော တူညီမှု မရရှိ သေးခြင်း ဖြစ်သည်။

“လက်ရှိ ကြည်း၊ ရေ၊ လေ ညှိနှိုင်းရေးမှူး ဗိုလ်ချုပ်ကြီး သူရ ရွှေမန်းကို တပ်ထဲမှာ ဆက်ထား ခဲ့ဖို့ တပ်ချုပ်က ပြောတယ်၊ ဒါပေမဲ့ ဦးအေး က ဒီ ကိစ္စ ကို သဘော မတူဘူး၊ သူကိုယ်တိုင် ဦးစီး ချုပ် ဆက်လုပ် မယ်ပြောတယ်” ဟု နေပြည်တော် ကာကွယ်ရေး ဝန်ကြီး ဌာနမှ အ မည် မဖော်လို သူ တပ်ကြပ်ကြီး စာရေး တဦးက ပြောသည်။

စစ်ခေါင်းဆောင်နှစ်ဦးအကြား ယင်းပဋိပက္ခမှာ လွန်ခဲ့သည့် တလခန့်က စတင်ဖြစ်ပွားနေခဲ့ခြင်းဖြစ်ပြီး ယခုအစည်းအဝေးကိုပင် ရပ်ဆိုင်းရသည့်အဆင့်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသွားသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲဆိုထားခြင်းနှင့်ပတ်သက်၍လည်း တပ်မတော်အတွင်းရှိ အရာရှိ၊ အရာခံ၊ အကြပ်တပ်သားများအကြားတွင်လည်း ဝေဖန်မှုများ၊ မကျေနပ်မှုများ ပေါ်ပေါက်နေလျှက်ရှိသည်။

ယခုဖြစ်ရပ်သည်လည်း တပ်မတော်အနာဂါတ်အတွက် မေးခွန်းထုတ်စရာရှိလာပြီဟု အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ရှိ တပ်ရင်းတခုတွင် တာဝန်ထမ်းဆောင်နေသူ တပ်ခွဲမှူးတဦးက ပြောသည်။

နအဖစစ်အစိုးရအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို တဖက်သတ် အတည်ပြုခဲ့သည်။ သို့သော် ကုလသမဂ္ဂ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒေသတွင်း အာဆီယံအဖွဲ့ဝင်များက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး လွှတ်ပေးပြီး နိုင်ငံတကာ အသိအမှတ်ပြုသည့် ရွေးကောက်ပွဲတခုဖြစ်ရန် တိုက်တွန်းထားသည်။

No comments: