Tuesday, July 21, 2009

ဒေါ်အောင်ဆန်းစုကြည်အား မဟတ္တမဂန္ဒီဆုချီးမြှင့်

NEJ / ၂၁ ဇူလိုင် ၂၀၀၉

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တောင်အာဖရိကနိုင်ငံက နိုင်ငံတကာ အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်း ရေးဆိုင်ရာ မဟတ္တမဂန္ဒီဆုကို ယမန်နေ့က ချီးမြှင့်လိုက်သည်။

အကြမ်းမဖက်သည့် မဟတ္တမဂန္ဒီကျင့်စဉ် ကျင့်သုံးသူများအား ချီးမြှင့်သည့် ၂၀၀၉ ခုနှစ်အတွက် ယခုဆုချီးမြှင့်ပွဲအခမ်းအနားကို တောင်အာဖရိကနိုင်ငံ ဒါဗာမြို့တွင် ကျင်းခဲ့ခြင်းဖြစ်သည်။

အာဖရိက အမျိုးသားကွန်ဂရက်ပါတီအမတ်ဖြစ်သူ အိန္ဒိယအမျိုးသားခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီ၏မြေးဖြစ်သူ အီလာဂန္ဒီ ဦးဆောင်သည့် ဂန္ဒီဖွံ့ဖြိုးရေးအဖွဲ့က ယခုဆုကို ရွေးချယ်ချီးမြှင့်ခြင်းဖြစ်သည်။

တောင်အာဖရိကနိုင်ငံတွင် တရားမျှတရေး၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားရင်ကြားစေ့ရေးအတွက် တစိုက်မတ်မတ် တိုက်ပွဲဝင်ခဲ့ သည့် အိန္ဒိယအမျိုးသားခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီ အမှတ်တရအဖြစ် ဆုကို ၂၀၀၃ ခုနှစ်မှစပြီး ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

အခမ်းအနားတွင် ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား အဝေးရောက်ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ အဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာစိန်ဝင်းက ဆုလက်ခံရယူခဲ့သည်။

ယခုအခါ ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် တရားစွဲခြင်းခံရကာ အမှုရင်ဆိုင်နေရပြီး အင်းစိန်အကျဉ်းထောင်တွင် ထိန်းသိမ်းခြင်း ခံနေရသည်။

No comments: