Friday, July 31, 2009

ဒေါ်စုကို စီရင်ချက် ချမည့်နေ့ကို သြဂုတ် ၁၁ သို့ ရွှေ့ဆိုင်း

မဇ္ဈိမသတင်းဌာန သောကြာနေ့၊ ဂျူလိုင်လ 31 ရက် 2009

ယနေ့တွင် စီရင်ချက်ချရန် လျာထားသော်လည်း ဒေါ်အောင်ဆန်းစုကြည်အပေါ် စီရင်ချက်ချမည့်နေ့ကို သြဂုတ်လ ၁၁ ရက်နေ့သို့ ရွှေ့ဆိုင်းလိုက်ကြောင်း ရှေ့နေ ဦးဥာဏ်ဝင်းက ပြောသည်။

-----------------------------------------------------------------------

ရှေနေ့များနှင့် သံတမန်များ ဝင်ပြီ

သောကြာနေ့၊ ဂျူလိုင်လ 31 ရက် 2009 ခုနှစ် 10 နာရီ 30 မိနစ်

ယနေ့ နံနက် ၁ဝ နာရီတွင် ရှေ့နေများဖြစ်ကြသော ဦးဥာဏ်ဝင်း၊ ဦးလှမျိုးမြင့်၊ ဦးကြည်ဝင်းနှင့် ဒေါ်ခင်စောဌေးတို့နှင့် နိုင်ငံခြား သံသမန်ကား ၅ စီးတို့ အင်းစိန်ထောင် အထူးတရားရုံးသို့ ဝင်သွားပြီး ဖြစ်သည်။

အင်းစိန်ဈေးကို အဏာပိုင်များက ပိတ်ခိုင်းထားပြီး အစောပိုင်းရက်များကကဲ့သို့ပင် အင်းစိန်လမ်းကြီးကိုပိတ်ထားသည့်အပြင် လမ်းသွယ်များကိုပါ ပိတ်ဆို့ထားလိုက်သည်။

သို့သော် လုံခြုံရေးတင်းကြပ်သည့်ကြားမှ ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံကြောင်းပြသသည့်အနေဖြင့် ပါတီဝင်များအပါအဝင် လူ ၅ဝဝ ခန့် စုရုံး ရောက်ရှိနေကြပြီ ဖြစ်သည်။

No comments: