Friday, July 31, 2009

ဒေါ်စုကို ထောင်ချလျှင် တိုက်ပွဲဝင်ရန် လှုံ့ဆော်စာများ ဖြန့်ကြဲ

မဇ္ဈိမသတင်းဌာန

ရန်ကုန် (မဇ္ဈိမ)။ ။ နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်း စုကြည် ကို ထောင်ချလျှင် တိုက်ပွဲဝင်ရန် နိုးဆော် ထားသော စာ များကို ရန်ကုန်မြို့ တာမွေမြို့ နယ်အတွင်း ယနေ့ ညနေက ဖြန့်ကျဲ သွားခဲ့ သည်ဟု တွေ့မြင် လိုက်သူ များက ပြောသည်။


တိုက်ပွဲဦးဆောင် ကော်မတီ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးနှင့် ဒီမိုကရေစီ တည်ဆောက်ရေး အဖွဲ့ချုပ် က ဖြန့်ချီခြင်း ဖြစ်သည်ဟု စာတွင် “၃၁ ရက်နေ့မှာ ဒေါ်စုကို ထောင်ချတော့မည် ဖြစ်ပါသဖြင့် ကျရာနေရာမှ တိုက်ပွဲဝင်ရန်” နိုးဆော်ထားသည်ဟု ဆိုသည်။

အနည်းဆုံးစာရွက် ၂၀ ခန့် ဖြန့်ကျဲသွားခဲ့ပြီး ရဲက သိမ်းဆည်းသွားခဲ့သည်ဟု ဆိုသည်။

မနက်ဖြန်တွင် ပြုလုပ်မည့် အင်းစိန်ထောင်တွင်း တရားခွင်က ဒေါ်အောင်ဆန်းစုကြည်ကို စီရင်ချက်ချကာ အပြစ်ပေးလျှင် လူထုအုံကြွမှု ဖြစ်မည်ကို စိုးရိမ်သဖြင့် လုံခြုံရေးများ တိုးမြှင့်ချထားသည့်ကြားမှ လှုံ့ဆော်မှုများ ထွက်ပေါ်လာခြင်း ဖြစ်သည်။

No comments: