Narinjara News
အိန္ဒိယ နိုင်ငံ ကာလကတ္တား ထောင်တွင် ဖမ်းဆီး ချုပ်နှောင်ခံ ထားရသော ရခိုင်နှင့် ကရင် တော်လှန်ရေး သမား ၃၄ ဦး ၏ အမူအား စက်တင်္ဘလာ ၂ ရက်နေ့က ဆက်လက် စစ်ဆေးရာ တရားလို များဘက်မှ သက်သေ များကို အပြီးသတ် စစ်ဆေး ပြီးစီး သွားပြီ ဖြစ်သည်။
အဆိုပါ အမူတွင် တရား လိုမှာ အိန္ဒိယ နိုင်ငံမှ CBI ထောက်လှမ်းရေး အဖွဲ့ ဖြစ်ပြီး မူလက စက်တင်္ဘာ ၂ ရက်မှ ၄ရက်နေ့ထိ စစ်ဆေး ရန် ရုံးချိန်း ရှိခဲ့ သော်လည်း တရားသူကြီး ၏ မေးမြန်းချက်ကို တရားလို သက်သေများက ကောင်းမွန်စွာ မဖြေဆို နိုင်သဖြင့် တရက် တည်း စစ်ဆေးပြီး တရားလို ဘက်က သက်သေများ စစ်ဆေးမူကို အဆုံးသတ် လိုက်သည်ဟု သိရသည်။
လက်နက်မူဖြင့် တရားစွဲဆိုခံထားရသူ ရခိုင်နှင့် ကရင် ၃၄ ဦးအား လာမည့် စက်တင်္ဘာ ၁၄၊ ၁၅နှင့် ၁၆ ရက်များတွင် စစ်ဆေးသွားမည် ဖြစ်သည်။
အဆိုပါ စစ်ဆေးမူ ပြီးသွားပြီးနောက်ပိုင်း တရားခံများဘက်မှ သက်သေများကို ဆက်လက် စစ်ဆေးသွားမည် ဖြစ်သည်။
များမကြာမှီ အဆိုပါ အမူမှာ ပြီးဆုံးသွားနိုင်သော်လည်း မတရားဖမ်းဆီး ချုပ်နှောင်ခြင်းခံထားရသူ ရခိုင်နှင့် ကရင် ၃၄ ဦး၏ အနာဂတ် အခြေအနေမှာ မရေရာ မသေချာဘဲ ဖြစ်နေသေးကြောင်း လေ့လာသူများက ပြောသည်။
ယခုအခါ အဆိုပါ ရဲဘော် ၃၄ ဦး အိန္ဒိယ ထောင်ထဲ ရောက်နေသည်မှယ ၁၁ နှစ်ကျော် ရှိနေပြီ ဖြစ်သည်။
သူတို့မှာ ၁၉၉၈ ခုနှစ်က အိန္ဒိယ နိုင်ငံ အန်ဒမန်ကျွန်းစုတွင် တည်ရှိသော လန်းဖေါ့ကျွန်းတွင် အိန္ဒိယ စစ်တပ်နှင့် သဘောတူညီမူ အရ ရေတပ် စခန်း တည်ဆောက်ရန်လာစဉ် ဖမ်းဆီးခံခဲ့ကြရသူများ ဖြစ်သည်။
သူတို့၏ ခေါင်းဆောင် ဗိုလ်ရာဇာနှင့် တခြား ခေါင်းဆောင် ၅ ဦးကို ရဟတ်ယဉ်ဖြင့် ရောက်ရှိလာမည့် အိန္ဒိယမှ စစ်တပ်မှ ဗိုလ်ချုပ် တဦးအား ကြိုဆိုရန်ဟု ဆိုကာ စစ်တပ်မှ ခေါ်ယူသွားခဲ့ပြီး ရဟတ်ယဉ် အဆင်းတွင် ရခိုင် ခေါင်းဆောင်များ နောက်မှနေပြီး သေနတ်များဖြင့် အိန္ဒိယ စစ်တပ်က သွေးအေးအေးဖြင့် ပစ်သတ်ပစ်ခဲ့သည်။
No comments:
Post a Comment