Wednesday, September 2, 2009

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းနိုင် နေပြည်တော် ခေါ်ယူစစ်ဆေးခံနေရ

NEJ / ၂ စက်တင်ဘာ ၂၀၀၉

ရန်ကုန်တိုင်း ရဲတပ် ဖွဲ့မှူး ရဲမှူးကြီး ၀င်းနိုင်အား အဂတိ လိုက်စားမှု၊ အာဏာ အလွဲသုံးစား လုပ်မှုများဖြင့် နေပြည်တော် တာဝန်ရှိ သူတို့က ခေါ်ယူ စစ်ဆေးနေ သည်မှာ ရက်သတ္တ နှစ်ပတ်မျှ ရှိပြီဖြစ်ကြောင်း နေပြည်တော် အသိုင်းအ၀ိုင်း နှင့် နီးစပ်သူ တဦးက ပြောသည်။


၎င်းနှင့်ဆက်စပ်ပတ်သက်နေသည့် ခရိုင်အဆင့်၊ မြို့နယ်အဆင့် ရဲအရာရှိများကိုလည်း အထူးစုံစမ်းစစ်ဆေးရေး (BSI) နှင့် သတင်းတပ်ဖွဲ့ (SB) တို့က ခေါ်ယူစစ်ဆေးနေဆဲဖြစ်သည်။

အမှုတွဲဆက်စပ် ရဲအရာရှိများကို ရန်ကုန်မြို့၊ ဆိပ်ကမ်းလမ်း အမှတ် (၆၇-၆၉)၊ အထူးစုံစမ်းစစ်ဆေးရေးရုံးချုပ်၌ စစ်ဆေးနေ သည်ဟု လည်း ကောင်း၊ ကမ်းနားလမ်း ခြောက်ထပ်ရုံး သတင်းတပ်ဖွဲ့ရုံးချုပ်၌ စစ်ဆေးနေသည်ဟုလည်းကောင်း သတင်းများ ထွက်ပေါ်နေသည်။

သြဂုတ်လ နောက်ဆုံး ပတ်အတွင်း ခြောက်ထပ်ရုံး၌ ရဲအရာရှိ ကားများ အ၀င်အထွက်များ နေသောကြောင့် ခြောက်ထပ်ရုံး၊ သတင်း တပ်ဖွဲ့ ရုံးချုပ်၌ ၎င်းအမှုတွဲအား စစ်ဆေး နေသည်မှာ ဖြစ်နိုင်ခြေ ရှိကြောင်း ခြောက်ထပ်ရုံးမှ အရာထမ်း တဦးက ပြောသည်။

ရန်ကုန်မြို့ ပန်းဆိုး တန်းလမ်း နိုင်ငံကူး လက်မှတ်ထုတ်ပေး ရေးရုံး၌လည်း ယခုလပိုင်း များအတွင်း ဌာနတွင်း အရေးယူ မှုများ ဆက် တိုက် ဖြစ်ပေါ်နေသည်။

ပြီးခဲ့သည့်ဇွန်လအတွင်း၌ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ ရုံးတာဝန်ရှိသူ ၀န်ထမ်း (၂၀) ကျော်အပြစ်ပေးအရေးယူခံရပြီး ယခင်လ အတွင်း၌ ရုံးဝန်ထမ်း (၄၀) ခန့် နယ်ပြောင်းရွှေ့အပြစ်ပေးအရေးယူခံရကြောင်း အဆိုပါရုံးမှ ပြည်နယ်တခုသို့ အပြောင်းခံရသူ သတင်း တပ်ဖွဲ့အရာရှိတဦးက ပြောသည်။

၎င်းက “ခုချိန်ထိကို နယ်ပြောင်းကိစ္စတွေ မပြီးသေးဘူး။ Passport ရုံး တရုံးလုံး ပြောင်းပစ်ဖို့အစီအစဉ် ရှိပုံရတယ်” ဟု ပြောသည်။

နိုင်ငံကူး လက်မှတ် ထုတ်ပေးရေး အဖွဲ့ ရုံးတာဝန် ရှိသူများ ဤသို့ အရေးယူ ခံရခြင်းသည် နေပြည်တော်၊ မြေအောက်ဥမင် လိုဏ်ခေါင်း သတင်း ပေါက်ကြား ခြင်းနှင့် တိုက်ရိုက် ဆက်စပ်နေသည်ဟု ၀န်ထမ်းများ က ယူဆကြသည်။

မြေအောက်ဥမင်တူးဖော်ရေး သတင်းပေါက်ကြားမှုတွင် သံသယရှိသူများဟု ယူဆခံရသည့် တပ်မတော်အရာရှိအချို့သည် အခြား နိုင်ငံ များသို့ ထွက်ပြေး တိမ်းရှောင် ခဲ့ကြကြောင်း၊ အဆိုပါ အရာရှိ များကို နိုင်ငံကူး လက်မှတ် ထုတ်ပေး ခဲ့ခြင်းကြောင့် ဆက်စပ် သတင်း တပ်ဖွဲ့ ၀င်များ ယခုကဲ့သို့ အရေးယူ ခံရခြင်း ဖြစ်ကြောင်း အဆိုပါ သတင်း တပ်ဖွဲ့ အရာရှိတဦးက ပြောသည်။

ယခုလက်ရှိ နေပြည်တော်မှ ခေါ်ယူစစ်ဆေးနေသော ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းနိုင်သည် ရှမ်းပြည်နယ်မြောက်ပိုင်း ပြည် နယ် ရဲမှူးကြီးအဆင့်မှ တဆင့်တိုး ရာထူးဖြင့် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့သို့ ရောက်ရှိလာသည်မှာ (၂) နှစ် ၀န်းကျင်ခန့်ရှိပြီဖြစ်သည်။

No comments: