Tuesday, September 7, 2010

ဒူးထောက်ကြမှာလား

ဟိန်းနိုင်
နအဖ ရဲ့ ရှင်းရှင်းလေးညစ်ပါတ်ထားတဲ့ ရွေးကောက်ပွဲ ဥပဒေဟာ ဒေါ်စု နဲ့ အတူ စစ်အာဏာရှင် စနစ်ဆန့် ကျင်သူ မှန်သမျှကို ဖယ်ထုတ်ပစ်ထားတယ်။

ဒီလိုဥပဒေအောက်ကို နောက်မဆုတ်တမ်းဝင်အရွေးခံကြမယ့် နိုင်ငံရေးပါတီတွေဟာ တိုင်းပြည်ကြီးကို လက် နက်အားကိုး နဲ့ အနိုင်ကျင့်ခံနေရတဲ့ ဘ၀ကနေလွတ်မြောက်ရေးခံယူချက်ရှိသူတွေနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီ ဟုတ်မဟုတ်သမိုင်းက အဖြေတိတိကျကျပေးလိမ့်မယ်။

နအဖက အတိတ်သမိုင်းကို သုံးသပ်ပြီး ပြတ်ပြတ်သားသားညစ်ပါတ်အနိုင်ကျင့်တယ်လို့မြင်တယ်။

၉၀ ရွေးကောက်ပွဲဟာ ဒေါ်စုလို တိုင်းချစ် ပြည်ချစ်ပုဂ္ဂိုလ်တွေနဲ့ဖွဲ့စည်းထားတဲ့ (ဒီချုပ်) ပါတီမျိုးတွေ အနိုင် ရခဲ့တာကို လက်တွေ့ရင်ဆိုင်ခဲ့ရတဲ့ နအဖဟာ ၂၀၁၀ ရွေးကောက်ပွဲဥပဒေထုတ်ပြီး တိုင်းပြည်ကို အစစ်အမှန်ချစ်တဲ့ နိုင်ငံရေးသမား တွေကို ပြည်သူလူထုက မဲပေးပြီးရွေးကောက်တင်မြောက်လို့မရအောင် လုပ်လိုက်တာပဲ။ အဲဒီတော့ ရင်ကော့မ၀င်ရ ခေါင်းငုံပြီးဝင်ခဲ့ အနိုင်မယူနိုင်သူကို ပြိုင်ခွင့်ပေးမယ်ဆိုတဲ့ ဥပဒေအောက်မှာ ခင်ဗျားတို့ဒူးထောက် ကြမှာလား။

No comments: