Tuesday, September 7, 2010

ဝ နယ် နအဖ အဆောက်အဦးမြေနေရာ ဟိုတယ်အစားထိုးတည်ဆောက်ဖွယ်ရှိ

သျှမ်းသံတော်ဆင့်

စက်တင်္ဘာ ၃ ရက် ၀ နယ်မြေမှ နအဖ တပ် နှင့် နတလ ၀န်ထမ်းများ တပ်ရုပ် ထွက်ခွါပြီး နောက်ပိုင်း ၎င်းတို့ အဆောက်အဦး မြေနေရာ၌ ဟော်တယ်နှင့် တိုက်ခန်းများ အစားထိုး တည်ဆောက် သွားဖွယ်ရှိကြောင်း အမည် မဖေါ်လိုသည့် ၀ တပ်မှူး တဦးက ပြောပါသည်။

“ကျနော်တို့ နယ်မြေထဲမှာ နအဖ တပ်တွေ၊ ၀န်ထမ်းတွေ လုံးဝ မရှိတော့ဘူး၊ သူတို့ရုံးတွေ နေအိမ် ဟောင်းတွေ ကို ထုဖျက် ဖယ်ရှားပြီး၊ အဲဒီ မြေနေရာ တွေမှာ ဟော်တယ်တွေ တိုက်ခန်း တွေအစားထိုး တည်ဆောက် သွားမယ်” - ဟု ပန်ဆန်းရှိ အမည်မဖေါ် လိုသည့် တပ်မှူး တဦးက ပြောပါသည်။

စက်တင်္ဘာ ၃ ရက်နေ့၌ ၀ ပြည်နယ် ပန်ဆန်း (၀ဌာနချုပ်)၊ ၀ိန်းကောဝ်၊ မိုင်းမော၊ နမ့်တစ်၊ မိုင်းပေါက် ဒေသ အတွင်း ရောက်ရှိ တာဝန် ထမ်းဆောင်ကြသော နအဖ တပ် ၊ နတလ ၀န်ထမ်းများ အသီးသီး ထွက်ခွါ သွားပြီး နောက် ၀ အာဏာ ပိုင်များ ယခုကဲ့သို့ပြောဆို လာခြင်း ဖြစ်သည်။

“ဗမာ ၀န်ထမ်းတွေ အားလုံး ထွက်သွား ပြီလို့သိရတယ်။ ဒါပေမယ့် ပန်ဆန်းမြို့စွန် တောင်ကုန်း နအဖ တပ်စခန်း က ညဘက်ဆို မီးလင်း နေတုန်း။ လူထုတော့ အရင် (ဧပြီလ) ကလို ကျီးလန့် စာစား မဖြစ် တော့ဘူး၊ ဗမာ တပ်မရှိ လဲ ပုံမှန် သွားလာ လုပ်ကိုင် နေတာ တွေ့ရတယ်” - ဟု ဒေသခံ သျှမ်းတရုတ် အမျိုးသား တဦးက ပြောပြ ပါသည်။

ဝနယ်အတွင်းရှိ (ရာဂဏာန်းရှိ) ဟော်တယ်များ၊ သည်းခိုခန်းများ၌လည်း ၀ အာဏာပိုင်များက ယခုလဆန်း ပိုင်းမှစ၍ မကြာခဏ ရှောင်တခင် ၀င်ရောက်စစ်ဆေးကြောင်း၊ နေထိုင်ခွင့်ဧည့်ကဒ်/ ဧည့်စာရင်းမရှိသူ ဗမာ အမျိုးသား ၁၀ ဂဏန်း ထိန်းသိမ်းထားကြောင်း၊ လြုံခံရေးအတွက် ၀ နယ်ခြားမျဉ်းတလျှောက် အင်အားထပ်ဖြည့် ထားကြောင်း - ၀ နယ်ရောက် အသက် ၄၀ ကျော် တန့်ယန်းသူ တဦးကပြောပါသည်။

“နအဖတပ် ဗျူဟာ ၂-၃ ခု/တပ်ရင်း ၅-၆ ရင်း က အပစ်ရပ် SSA တပ်မဟာ (၁) နယ်မြေ မိုင်းရယ် - မိုင်းရှူး ဘက် နဲ့ ၀ နယ်မြေဘက်သို့ဦးတည်တဲ့ မိုင်းကောဝ် - နမ့်လောင်း - တာ့ပိန်းဖိ (သံလွင်ကူးတို့ဆိပ်) - သံလွင် အရှေ့ခြမ်း တာ့ဝမ့်ဆုမ့်အသွားလမ်းဘက် လှုပ်ရှားနေသလို ဒေသခံလားဟူပြည်သူ့စစ်တွေကိုလဲ လမ်းကြောင်း တလျှောက် လြုံခံရေးယူထားခိုင်းတယ်” - ဟု လားရှိုးရောက် မိုင်းရှူးဒေသခံတဦးက ပြောပါသည်။

ထိုင်းနယ်စပ် အခြေစိုက် အမှတ် ၁၇၁ စစ်ဒေသ တောင်ပိုင်း ၀ တပ်ဖွဲ့အားလည်း မိုင်းဆတ် စကခ ၁၄ က စက် တင်္ဘာ ၁ ရက် နောက်ဆုံးထား၍ မြောက်ပိုင်း ၀ နယ်သို့ တပ်ရုပ်ပြန်ရမည်ဟု သတိပေးထားခဲ့၏။

တောင်ပိုင်း ၀ တပ်ဖွဲ့ မှာမူ နယ်မြေအတွက် အသက်သွေးချွေးမြောက်များစွာ ပေးဆပ်ထားသည့်အပြင် လက်ရှိ တွင်လည်း စီးပွားရေးအတွက် ထိုင်းဘတ်ငွေ သန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံထားသောကြောင့် တပ်ရုပ်ပြန်ရန် မဖြစ်နိုင်ကြောင်း အကြောင်း ပြန်ပြီးဖြစ်သည်ဟု တောင်ပိုင်း ၀ တပ်မှူးတဦးကဆို၏။

“၀ တပ်ဖွဲ့တွေကို နအဖ သတိပေးခြိမ်းခြောက်ပြီးနောက်ပိုင်း စစ်ဖြစ်လာမှာစိုးလို့ ထိုင်းစစ်တပ်က ထိုင်းဘက် ခြမ်း ရွာသားတွေကို စစ်ဘေးဒုက္ခသည် ဆိုင်ရာအစမ်းလေ့ကျင့်မှုတွေ လုပ်ပေးနေတယ်၊ ရွာရွေ့ပြောင်းရရင် စနစ် တကျဖြစ်အောင်၊ နယ်စပ်နဲ့ကပ်ရက်ရွာတွေက ဒုက္ခသည်တွေကို စနစ်တကျ အကူအညီပေးနိုင်အောင် အစမ်း လေ့ကျင့်ပေးတာ”- ဟု ချင်းမိုင်ခရိုင် ၀ိန်းဟဲင်မြို့နယ် ပိန်းလုံကျေးရွာအုပ်စုမှ ရွာသားတဦးက ပြောပြပါသည်။

၂၀၀၁ ၊ ၂၀၀၂ ခုနှစ်အတွင်း သျှမ်းပြည်တပ်မတော်အား ၀ နှင့် နအဖ ပူးပေါင်း၍ ထိုးစစ်ဆင်တိုက်ခိုက်စဉ်တုန်း ကလည်း ထိုကဲ့သို့လေ့ကျင့်မှုမျိုး ထိုင်းစစ်တပ်ြုပလုပ်ဖူးသည်ဟု အဆိုပါရွာသားကပြောပြပါသည်။

အပစ်ရပ်တပ်ဖွဲ့အပေါ် နအဖ ဖိအားပေးခြိမ်းခြောက်ခြင်းနှင့်ပတ်သက်၍ တရုတ်နယ်စပ်အခြေစိုက် အဆင့်မြင့် ကုန်သည်တဦးက -“ရွေးကောက်ပွဲ မတိုင်ခင်အထိ တရုတ်နယ်စပ် အပစ်ရပ်တွေကို နအဖ ကထိုးစစ်ဆင်တိုက် ခိုက် မှာမဟုတ်ဘူး၊ ကိုးကန့်လို အခြေအနေပေးရင်တော့ သျှမ်းတပ် (တပ်မဟာ ၁ ) ဗိုလ်ချုပ်ပန်ဖှ အဖွဲ့ကိုတော့ ချရင်ချမယ်”- ဟု ယူနန်နယ် မိုင်းလျဲမ်းကောင်တီ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တရုတ်လြုံခံရေးတပ်ဖွဲ့မှူးတဦး၏သုံးသပ် ချက်ကို ကိုးကားပြီး ပြန်လည်ပြောပြခြင်းဖြစ်သည်။

No comments: