Wednesday, September 22, 2010

ဒီကေဘီအေက မြဝတီရဲစခန်းကိုဝိုင်း

မဇ္ဈိမသတင်းဌာန

မြဝတီမြို့တွင် ရဲနှင့် စစ်တပ်ကတဖက် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော်က တဖက် ယနေ့ညနေ ၅ နာရီခွဲခန့်က ထိပ်တိုက်ရင်ဆိုင်ကာ ပစ်ခတ်လုနီးပါးအထိ ဖြစ်ပွားခဲ့သည်ဟု မျက်မြင်သက်သေများက ပြောသည်။

ထိုင်းနယ်စပ် မြဝတီမြို့ အမှတ် ၄ ရပ်ကွက်ရှိ ရဲစခန်းကို ဒီကေဘီအေ တပ်ရင်း ၉ဝ၇ မှ ဗိုလ်ကျော်သက် ဦးဆောင်သော အင်အား ၂ဝ ခန့်ရောက်ရှိပြီး သိမ်းယူထားသော လိုင်စင်မဲ့ကားများ ပြန်ထုတ်ပေးရေး ဖိအားပေးနေစဉ်တွင် စစ်အစိုးရတပ်များ ရောက်ရှိလာကာ ဒီကေဘီအေများကို ပြန်လည် ဝိုင်းထားလိုက်ကြသည်။ ထို့နောက် ဒီကေဘီအေများ ပြန်သွားတော့သည်ဟု ဒေသခံတဦးက ပြောသည်။

” လိုင်စင်မဲ့ကားတွေကို စစ်ဗျူဟာက ဖမ်းတော့ ဒီကေဘီအေတွေရဲ့ ကားလည်းပါသွားတယ်။ ကားတွေကို မြဝတီစခန်းမှာထားတယ်။ ဒီကေဘီအေတွေက မကျေနပ်လို့ ကားပြန်မပေးရင် ပြသနာရှာမယ်ဆိုပြီး ရဲစခန်းကို ဝိုင်းကြတာ၊ အတော်ကြာတော့ စစ်တပ်ရောက်လာတယ်” ဟု ထိုင်း-မြန်မာနယ်စပ် အခြေစိုက် ကရင်သတင်းစဉ်မှ အယ်ဒီတာ နန်းဖော့ဂေက မဇ္ဈိမကို ပြောသည်။

သိမ်းဆည်းထားသော လိုင်စင်မဲ့ကားများတွင် ပုဂ္ဂလိပိုင်ကားများ၊ ဒီကေဘီအေကဲ့သို့သော ငြိမ်းအဖွဲ့ ကားများလည်း ပါဝင်ပြီး ရဲစခန်းဝင်းအတွင်း အစီး ၄ဝ ကျော်ရှိနေသည်ဟု မျက်မြင်တဦးက ပြောသည်။

No comments: