Sunday, January 9, 2011

ချင်းပြည်နယ်၊ ယူအက်စ်ဒီပီပါတီက ပြည်နယ်ဝန်ကြီးရာထား

admin

ချင်းပြည်နယ်၊ ယူအက်စဒီပီပါတီသည် ပေါ်လာမည့် ပြည်နယ်အစိုးရ ၀န်ကြီးအတွက် ကိုယ်စားလှယ် ၉ ဦး စာ ရင်းကို သက်ဆိုင်ရာပါတီဗဟို ဌာနချုပ် သို့ ပေးပို့ထားကြောင်း သိရသည်။

” ယူအက်ဒ်ဒီပီ ကိုယ်စားလှယ်မှ ၅ ဦး နှင့် ကိုယ်စားလှယ်မဟုတ်သူ ၄ ဦးကို ယူအက်စ်ဒီပီ ပါတီဗဟိုဌာနချုပ်ကို ပေးပို့ကြတယ် ၊ နာမည်ကိုတော့
မကြာခင်သိကြမှာပါ” ဟု နီးစပ်သူ တဦး က ပြောသည်။

၇ နိုဝင်ဘာ ရွေးကောက်ပွဲတွင် ချင်းပြည်နယ်မှ ယူအက်စဒီပီ ပြည်နယ်ကိုယ်စားလှယ် ၇ ဦး အရွေးခံရကြောင်း ကိုယ်တိုင် အရွေးမခံရ သူများ အနေဖြင့် ၀န်ကြီးအဖွဲ့တွင် ပါဝင်ကြလိမ့်မည်ဟုယူဆထားပြီးသားလည်း ဖြစ် ကြောင်း ပြောကြသည်။

” ကိုယ်စားလှယ်မဟုတ်သူ ၄ ဦးဆိုတာက ရွေးကောက်ပွဲမှာ အရွေးမခံရတဲ့ ပုဂ္ဂိုလ်တွေလည်းဖြစ်နိုင်တယ်” ဟု ထန်တလန်မြို့နယ်မှယူအက်စ်ဒီပီ ပါတီဝင်တဦးက ပြောသည်။

ချင်းပါတီများသည်လည်း ပြည်နယ်ဝန်ကြိးအဖွဲ့တွင် ပါဝင်ကြလိမ့်မည်ဟု ယုံကြည်နေကြကြောင်း၊ ရွေးကောက် ပွဲတွင် ချင်းပါတီသုံးပါတီအသီးသီးမှ
ပြည်နယ်ကိုယ်စားလှယ်ဦးရေ ၁၁ ဦး ရရှိထားကြောင်း သိရသည်။

ဖွဲ့စည်းပုံအရ နိုင်ငံသမ္မတသည် ပြည်နယ်လွတ်တော်သဘောတူညီချက်ဖြင့် ပြည်နယ်ဝန်ကြီးဌာနများကို သတ် မှတ်ခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ၀န်ကြီးဦးရေသတ်မှတ်ခြင်း၊ လိုအပ်သလို အတိုးအလျှော့လုပ်ခြင်းများ ပြုနိုင်သည်။

” ၀န်ကြိးဌာနတွေ၊ ဦးရေတွေကတော့ လွှတ်တော်မှာပဲ အကြေအလည်ဆွေးနွေးကြတာပေါ့” ဟု အီးအဲန်ဒီပီ ပါတီခေါင်းဆောင် တဦးက ပြောသည်။

No comments: