သျှမ်းသံတော်ဆင့်
သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့ဗျူဟာမှူးစီး လာသည့်ကားအား SSPP/SSA ဟုယူဆရသော လက်နက်ကိုင် တစု ချောင်းမြောင်း ပစ်ခတ်ပြီး နောက်ပိုင်း ယခု ရက်ပိုင်း အတွင်း တန့်ယန်းမြို့ အတွင်း နေဝင်မီးငြိမ်း အမိန့်ထုတ် ကာ လုံခြုံရေး အထူး တင်းကျပ် ထားကြောင်း တန့်ယန်း မှလာ သောသတင်း အရသိရသည်။
တရုတ်နိုင်ငံ မိုင်းလျဲမ်း၌ တရုတ်အာဏာပိုင်များနှင့်နယ်စပ်လုံခြုံရေးကိစ္စ သွားရောက်တွေ့ဆုံ၍ ပြန်လာရာမှ တိုက်ခိုက် ခြင်းခံရကြောင်း ၊ တန့်ယန်းဒေသခံ အမျိုးသားတဦးကပြောသည်။
“ ၂၆ ရက်နေ့ မိုင်းလျဲမ်းမှာ တရုတ်အာဏာပိုင်တွေနဲ့ တွေ့တယ်။ ၂၇ ရက်နေ့မှာ ပန်ဆန်းမှာ ပြန်လာအိပ် တယ်။ ၂၈ ရက်မနက် တန့်ယန်းအပြန် ညောင်ပင်ကုန်းစခန်းနဲ့ လွယ်အဲန် ပြည်သူ့စစ်စခန်းအ်ကြားမှာ အပစ်ခံရတာ။ ဗျူဟာမှူးစီး လာတဲ့ SUV အပြာရောင် ကားကို ဘဲ မဲပစ်တာ။ လမ်းမှာ တခြားကားပြောင်း မစီးထားရင်တော့ တော်တော်ထိမှာဘဲ။ ဒါပေမယ့် ခုချိန်ထိ ဗျူဟာမှူးသေလား၊ ထိခိုက် ဒဏ်ရာ ရလား။ ဘယ်နှစ်ယောက်ထိလဲ- မသိရသေးဘူး” ဟု အဆိုပါ အမျိုးသားက ပြောသည်။
ထိခိုက်ဒဏ်ရာမှုမရှိသော်လည်း ဗျူဟာမှူးစီးလာသည့်ကားမှာပျက်စီးသွားကြောင်းအခြားဒေသခံတဦးက လည်း ပြောသည်။
ပန်ဆန်းမှသံလွင်မြစ်ကူး တာ့ကောင်းအက်တံတားဖြတ်သန်းကာ လွယ်လန်းမာ့ကင့်တောင်အကျော် လုတ်ခါး - နမ့်မိုဆွမ် ရွာ အနီး ညောင်ပင်ကုန်းနှင့် လွယ်အဲန်ပြည်သူ့စစ်တပ်စခန်းအကြားချောင်းပစ်ခတ်ခံရခြင်းဖြစ် သည်ဟု သိရသည်။
“အပစ်ခံရတဲ့နေရာမှာ မြန်မာစစ်တပ်က သွား စစ် ဆေးတုံး ကားရောလူရော မနက် ၈ နာရီ က နေ ညနေ ၄ နာရီအထိ အသွားအလာ လုံးဝ ပိတ်ထားတယ်။ မြို့တွင်း ကင်းတွေလှည့်တယ်။ ၂၈၊၂၉၊ ၃၀ ရက်ည တွေမှာ တန့်ယန်းလုံခြုံရေးတွေ တင်းကြပ်ထားတယ်။ ပြည်သူ့စစ်တွေရော၊ မြန်မာစစ်သား တွေရောရပ်ကွက်တိုင်း လမ်းတိုင်းမှာ တွေ့ရတယ်။ နေဝင်မီးငြိမ်းအမိန့်လဲ ထုတ်ထားတယ်။ ဗျူဟာ မှူးကို မထိရင်တော့အဲလောက် မတင်းကျပ်လောက်ဘူး ထင်တာဘဲ” ဟုလည်း တန့်ယန်းမြို့ခံ ရပ် ကွက်အကြီးအကဲ တဦးကလည်းပြော သည်။
မြို့အဝင်အထွက်ဂိတ်များတွင်လည်း တင်းကျပ်စစ်ဆေးရာ ယနေ့တိုင် တန့်ယန်းမြို့နှင့် တယ်လီဖုန်း အဆက်အသွယ် မရသေးကြောင်း ကုန်သည်တဦးကလည်း ပြောသည်။
အဆိုပါ တန့်ယန်းဗျူဟာမှူး ချောင်းပစ်ခံရသည့်အထဲတွင် လားရှိုးစစ်တိုင်းရုံးမှ ဂျီဝမ်း ဗိုလ်မှူးကြီး ထွန်းထွန်းညီ လည်း ပါဝင်ဘွယ် ရှိသည်ဟု အတည် မပြုနိုင် သေးသော သတင်းအရ သိရသည်။
ဂျွန်လ ၂၃ ရက်နေ့ကလည်း တန့်ယန်းမြို့အတွင်း ဗုံး ၈ နေရာထက်မနဲ ပေါက်ကွဲရာ ယနေ့တိုင် လက်သည် မသိရသေး ကြောင်းလည်း တန့်ယန်းဒေသခံများပြောပြချက်အရသိရသည်။
No comments:
Post a Comment