Saturday, July 23, 2011

မြန်မာတပ်အချင်းချင်း ပစ်ခတ်မှုတွင် ၃ ဦးသေ၊ ၇ ဦးဒဏ်ရာရ

KNG

ဇူလိုင် ၂၀ ရက်က ကချင်ပြည် အနောက်ဘက် မြစ်ကြီးနား-ဖားကန့်သွားလမ်းတွင် မြန်မာစစ်ကြောင်းချင်း မှားယွင်းပစ်ခတ်မှုကြောင့် ၃ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိသည်ဟု ဒေသခံများပြောသည်။

ည ၆ နာရီခွဲတွင် လီဒိုလမ်းမ ဒွမ်ဘန် နယ်မြေခံ ခလရ ၂၉၈ မြန်မာစစ်သားများနှင့် ၎င်းတပ်ရင်းမှ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) စစ်ဝတ်စုံ ၀တ်ဆင်ထားသူများ နမ်တင် (Namting) တောင်ကုန်းတွင် ဆုံတွေ့ကာ အချင်းချင်းပစ်ခတ်ကြခြင်းဖြစ်သည်။

ဒဏ်ရာ မ ပြင်းထန်သည့် ဒုတပ်ကြပ် ၁ ဦး နှင့် တပ်သား ၂ ဦးမှာ ကားမိုင်းဆေးရုံတွင် ဆေးဝါးကုသခံယူနေပြီး ကျန်မြန်မာစစ်သားများကို မိုးကောင်းဆေးရုံသို့ ပို့လိုက်ကြောင်း မျက်မြင်သက်သေများပြောပြပါသည်။

ယခု အဖြစ်အပျက်မှန်ကန်ကြောင်း ဖားကန့် KIA တပ်ရင်း ၆ မှ အရာရှိများ ကချင်သတင်းဌာနသို့ အတည်ပြုပြောကြားသည်။

No comments: