နော်နိုရင်း
ဧရာဝတီတိုင်း ဟင်္သာတမြို့ လက်ဖက်ရည်ဆိုင်မှာ စားပွဲထိုးလုပ်ရင်းနှိပ်စက်ညှဉ်းပန်းခံခဲ့ရတဲ့ မိဘမဲ့ကလေးငယ် မောင်ထိပ်ကွက် (ခေါ်) စိုးထက်အောင်ဟာ သူ့အပေါ် စာနာသူတွေရဲ့ ကူညီထောက်ပံ့မှုကြောင့် ဆေးကုသနိုင်သလို ကျောင်းပြန်တက်နေပါတယ်။
မောင်ထိပ်ကွက် ထိတ်လန့်ဖွယ်နှိပ်စက်ခံရမှုနဲ့ ပတ်သက်ပြီးပြည်တွင်းပြည်ပ သတင်းတွေမှာ ဖော်ပြအပြီး သူ့ကို စာနာသူတွေရဲ့ ထောက်ပံ့ငွေတွေနဲ့ မူလထွက်ထားရတဲ့ ဒုတိယတန်းကနေ ကျောင်းပြန်တက်နေတာဖြစ်ပါတယ်။
မောင်ထိပ်ကွက်ဟာ ဟင်္သာတမြို့နယ် ကနောင်စုရပ်ကွက် ပိတောက်လမ်းသွယ်က အဘွားရဲ့ညီမ တော်စပ်သူအိမ်မှာ နေထိုင်ပြီး သူ့အတွက်ပေးတဲ့ အလှူငွေတွေကို လက်ခံပေးထားတဲ့ ဟင်္သာတမြို့ ဘုန်းကြီးကျောင်းကနေဆင့် အကူညီတွေ ရရှိနေတယ်လို့ ဆိုပါတယ်။
မောင်ထိပ်ကွက်ကို ကူညီပေးနေသူတဦးက “လောလောဆယ် စင်ကာပူမှာ ရောက်နေတဲ့ ဟင်္သာတမှာ အမျိုးရှိတဲ့သူတွေက လှမ်းအကူအညီပေးတဲ့ ၂ သိန်းနဲ့ လိုအပ်ရင် ကျောင်းမှာ သွားယူဆိုပြီး ပြောထားတယ်။ စားပွဲထိုးကနေ ကျောင်းသားဖြစ်သွားတဲ့ သူ့ဘဝအသစ်ပေါ့။ တနေ့လုံး မနိုင်ဝန်ထမ်းနေရတဲ့ သူတယောက်က ကျောင်းတက်ရတယ်ဆိုတော့ ပျော်နေတာပေါ့။ သူဘဝ မမျှော်မှန်းခဲ့တာ ရသလိုပေါ့။ ဒီကျောင်းသားဘဝ သူက မရတော့ဘူးထင်တာ။ လန်းဆန်းနေတာ” လို့ ပြောပါတယ်။
အသက် ၉ နှစ်အရွယ် မိဘမဲ့ကလေးငယ် မောင်ထိပ်ကွက်ဟာဟင်္သာတမြို့ you and me လက်ဖက်ရည်ဆိုင်မှာ စားပွဲထိုးအဖြစ်
အလုပ်လုပ်ကိုင်နေရင်း ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းက ဆိုင်ရှင်သမက် ကိုစနိုးရဲ့ရက်ရက်စက်စက် နှိပ်စက်မှုကို ခံခဲ့ရပါတယ်။
သူ့ကို ကိုစနိုးက ကြိုးတုပ်ရိုက်နှက်ပြီး မီးပူနဲ့ ကိုယ်လုံးတွေကို ကပ်လို့အပြင်းအထန် ဒဏ်ရာရခဲ့ပါတယ်။
ကိုစနိုးကို ဒီကျူးလွန်မှုနဲ့ ဟင်္သာတမြို့နယ်တရားရုံးမှာ စစ်ဆေးပြီးတဲ့နောက် အပြင်းအထန်နာကျင်စေမှု၊ ချုပ်နှောင်မှု နှစ်ခုနဲ့ စွဲဆိုခဲ့ပြီး ပြစ်မှုထင်ရှားတဲ့အတွက်ထောင်ခုနှစ်နှစ် ချမှတ်ခဲ့ပါတယ်။
ဒီကလေးအတွက် နစ်နာကြေးရရှိရေးကိုလည်း စာနာနားလည်သူတွေက ကြိုးပမ်းဆောင်ရွက်နေကြပါတယ်။
No comments:
Post a Comment