Saturday, July 23, 2011

ဖလမ်းမြို့ပေါ်တွင် တလလျှင် တောအရက် ပုလင်း ၂၀၀၀၀ ခန့် အရောင်းသွက်

KHONUMTHUNG NEWS

ချင်းပြည်နယ်၊ ဖလမ်းမြို့ပေါ်တွင် တလအတွင်း တောအရက် ပုလင်းပေါင်း ၂၀၀၀၀ ခန့် ရောင်းထွက်ကြောင်း သိရသည်။
အရက်ချက်လုပ်သူများသည် အရက်လုပ်ခွင့်လိုင်စင်ပိုင်ရှင်ထံ အခွန်ဆောင်ပြီးအရက်ချက်ကို အကောင်း စား၊ အလတ်စား အညံ့စား ဆိုပြီး သုံးမျိုးဖြင့် ချက်လုပ်ကြ ကြောင်း ဖလမ်းမြို့ပေါ်တွင် တရားဝင်တော အရက်ဆိုင် နှစ်ဆိုင်ရှိကြောင်း သိရသည်။

” အကောင်းစားကို တလုံး ၁၅၀၀ ကျပ်၊ အလတ်စား ၁၀၀၀ ကျပ်၊ အညံ့စားက တလုံး ၈၀၀ နဲ့ ပြန်ရောင်းရတယ် ” ဟု အရက်ဆိုင်ပိုင်ရှင်တဦးက ပြောသည်။

ကျပ်ငွေ တသောင်းငါးထောင်တန် ဆန်အညံ့စား တအိတ်တွင် အရက်အကောင်းစား အလုံး ၂၀ ထွက်ရှိနိုင်ပြီး ၄င်းအရက်ကို အလတ်စား၊ အညံ့စား ဆိုပြီး ရေရောကာ ပြန်ရောင်းကြကြောင်း၊ ဆန်တအိတ်မှာ အနည်းဆုံး တဆကျော်ကျော် အမြတ်ထွက်ကြောင်း ဆက်ပြောသည်။

” တောအရက်တွေကို အဓိက လူငယ်ပိုင်းက သောက်သုံးကြတယ်၊ နယ်ကလည်း လာဝယ်ကြတယ်၊ ကလေး မြို့ကနေ တက်လာတဲ့ တချို့ ကား သမားများတွေက ဖောက်သယ် ယူပြီး ဟားခါးမြို့ကို ပြန်သယ်ကြ တယ်” ဟု ပြောသည်။

ချင်းပြည်နယ်ရှိ ဘာသာရေး၊ လူငယ်၊ အမျိုးသမီး အသင်းအဖွဲ့များသည် မိမိဒေသအတွင်း အရက်သေစာကို တိုက် ဖျက်နေကြသည်။

No comments: