Sunday, July 31, 2011

စစ်တပ် ရိက္ခာတင် လှေတစီး ရေထဲမြုပ်၊ လှေထိုးသား တဦးသေဆုံး

ခိုင်သော်က

ရခိုင်ပြည်နယ် ကုလားတန်မြစ်ဖျား ပလက်ဝမြို့နယ်အတွင်း တာဝန်ကျနေသော ရှေ့တန်းစစ်ကြောင်းတခုမှ ရိက္ခာ တင်ယူရန် ရှော့ဆွဲလာသော လှေတစီးသည် မိုးသည်းထန်းစွာ ရွာချမှု့ကြောင်း ရေစီးဆန်ပြီး မျော့ပါ၍ ကျောက်ဆောင်းကို ၀င်တိုက်သဖြင့် လှေထိုးသားတဦး သေဆုံးပြီး လှေမှာလည်း ရိက္ခာ အပြည့်နဲ့ ရေထဲ မြုပ်ပါ သွားသည်ဟု သိရသည်။

အဆိုပါ ရှေ့တန်း စစ်ကြောင်းမှာ နပခ စစ်ဌာနချုပ် လက်အောက်ခံ ကျောက်ဖြူမြို့ အခြေစိုက် ခလရ ၃၄ တပ်ရင်က ရှေ့တန်းမှူး ဗိုလ်ကြီး မျိုးနိုင်ဝင်း ဦးစီးသည့် စစ်ကြောင်း ဖြစ်သည်ဟုလည်း သိရသည်။

တာဝန်ကျ ရှေ့တန်း နယ်မြေဖြစ်သော ကုလားတန်မြစ်ဖျား ပလက်ဝ မြို့နယ် လပ၀ ကျေးရွာနေ ဦး စိန်ထွန်း အောင်၏ လှေကို ရွာသား ၂ ဦးနဲ့ အတူ ရိက္ခာတင်ယူရန်အတွက် ဇူလိုင်လ ၁၇ ရက်နေ့က ရှော့ ဆွဲယူသွားပြီး ပလက်ဝမြို့မှ ဆန်၊ ဆား ၊ ငရုပ် ၊ သကြား ၊ နိုစည် ၊စားဆီ နဲ့ ကျမ်မာရေး ဆေးပစ္စည်းများကို အပြည့်တင်ပြီး လုံခြုံရေး ရဲဘော် ၃ ဦး လှေထိုးသား ၂ ဦးဖြင့် ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၆ နာရီကျော်ခန့် တွင် ကုလားတန် မြစ်ဖျား စစ်ကြောင်း အခြေပြုနေရာသို့ ရေဆန်တက်လာရာ ညနေ ၄ နာရီကျော်ခန့်တွင် မိုးသည်းထန်စွာ အဆက်မပြတ် ရွာချမှု့ကြောင့် ရေစီးဆန်၍ လှေမျောပါပြီး ကျောက်ဆောင်ကို ၀င်တိုက် သဖြင့် သေဆုံခဲ့ကြောင်း ၄င်းဒေသမှ ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

သေဆုံးသော လှေထိုးသားမှာ ပလက်ဝမြို့နယ် လပ၀ ကျေးရွာမှ အဘ ဦးလှဘော်(ကွယ်လွန်)၏ သားကြီး လှထွန်းဦး၊ အသက် ၄၈ နှစ်ဖြစ်ကြောင်း သူ့မှာ ဇနီး ချမ်းမေ နဲ့ သမီးကြီး မလှမေ၊ ၁၅ အရွယ်တဦးနဲ့ ၁၁ နှစ် သားတဦး၊ ၈ နှစ်သမီးငယ်တဦး ကျန်ရှိလိုက်သည်ဟု ၎င်းဒေသခံတဦးကပြောပြသည်။

လုံခြုံရေး လိုက်ပါ လာသော ရဲဘော် ၃ ဦးမှာလည်း လက်နက်များ ရေထဲကျ ၍ ဆုံးရှုံးခဲ့ကြောင်း စုံစမ်း သိရသည်။

No comments: